ထိုင်းမှာ နေထိုင်သူများ နိုင်ငံရပ်ခြားဝင်ငွေအတွက် ဝင်ငွေခွန် စည်းကြပ်မည်


19 September, 2023

ထိုင်းမှာ နေထိုင်သူများ နိုင်ငံရပ်ခြားဝင်ငွေအတွက် ဝင်ငွေခွန် စည်းကြပ်မည်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

 

ထိုင်းနိုင်ငံတွင် တစ်နှစ်လျှင် ရက်ပေါင်း ၁၈၀ အထိ နေထိုင်ပြီး နိုင်ငံရပ်ခြားတွင် အလုပ် သို့မဟုတ် ပိုင်ဆိုင်မှုများမှ ၀င်ငွေရရှိသူသည် ဝင်ငွေခွန် ဥပဒေအရ တစ်ကိုယ်ရေ ဝင်ငွေခွန် personal income tax ပေးဆောင်ရမည်ဟု အခွန်ဦးစီးဌာနမှ မူဝါဒ ချမှတ်သည်။

ဥပဒေပညာရှင်များ၏ အဆိုအရ မူဝါဒတွင် ချိန်ရွယ်သည့် ပစ်မှတ် သုံးခုရှိသည်။ 

• နိုင်ငံခြားစတော့ဈေးကွက်များတွင် ပြည်ပမှ ပွဲစားများမှတဆင့် ရောင်းဝယ်ဖောက်ကားသည့် နေထိုင်သူများ
• ခရစ္ပတိုငွေကြေး ရောင်းဝယ်သည့် ကုန်သည်များ
•  နိုင်ငံရပ်ခြားဝင်ငွေကို ပြည်ပမှ ဘဏ်စာရင်းတွင် အနည်းဆုံး ပြက္ခဒိန်နှစ် ၁ နှစ်ကျော် ကြာအောင် ထားရှိပြီးပါက ထိုင်းနိုင်ငံသို့ အခွန်သုညဖြင့် ရယူနိုင်သည့် ဟာကွက်ကို အသုံးချသည့် ထိုင်းနိုင်ငံသားများ

"အခွန်ရဲ့ အခြေခံမူကတော့ နိုင်ငံခြားကရတဲ့ ဝင်ငွေအပေါ်မှာ အခွန် မဖြစ်မနေ ပေးဆောင်ရမယ်။ ဘယ်လိုနည်းနဲ့ ရသလဲ၊ ဘယ်အခွန်နှစ်မှာ ရတယ် ဆိုတာတွေက် အကြောင်းမဟုတ်ဘူး" ဟု ဘဏ္ဍာရေး ဝန်ကြီးဌာနမှ ပြောကြားသည်။

ယခင်နည်းဥပဒေများအရ ထိုင်းနိုင်ငံတွင် နေထိုင်သူသည် နိုင်ငံခြားဝင်ငွေ ရရှိသည့်နှစ်တွင် ထိုင်းနိုင်ငံသို့ ငွေပြန်ပို့မှသာ အခွန်စည်းကြပ်သည်။
သို့ဖြစ်ရာ နိုင်ငံခြားဝင်ငွေ ရရှိသည့်နှစ်တွင် ထိုင်းသို့  ငွေကို မယူဘဲ နောက်နှစ်များမှ ရယူလျှင် အခွန်ပေးဆောင်ဖို့ မလိုတော့ချေ။ 
 
စည်းမျဉ်းအသစ်သည် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်တွင် စတင် သက်ရောက်မည်ဖြစ်ပြီး နိုင်ငံရပ်ခြားဝင်ငွေအတွက် ဝင်ငွေခွန်ကို ၂၀၂၅ တွင် စတင်စည်းကြပ်မည်။ 


Source bangkokpost 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Taxation Read 509 times