နူဆန်တာရာ မြို့တော်သစ်ကို စီးပွားရေး အချက်အချာ ဖြစ်ရန် ရည်မှန်းထား


10 August, 2023

နူဆန်တာရာ မြို့တော်သစ်ကို စီးပွားရေး အချက်အချာ ဖြစ်ရန် ရည်မှန်းထား

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

 

အင်ဒိုနီးရှားနိုင်ငံအစိုးရသည် ၂၀၂၄ ခုနှစ်တွင် ၎င်းတို့၏ လက်ရှိမြို့တော် ဂျကာတာမှ မြို့တော်အသစ်ဖြစ်သော အရှေ့ကာလီမန်တန်ရှိ နူဆန်တာရာ (Nusantara) မြို့တော်အသစ်သို့ တရားဝင် ပြောင်းရွှေ့မည် ဖြစ်သည်။ 

ဂျကာတာမှ လေယာဉ်ဖြင့် ၂ နာရီကျော် ခရီးနှင်ပြီးလျှင် Balikpapan လေဆိပ်သို့ ဆိုက်ရောက်မည်။ ၎င်းလေဆိပ်မှ ကားဖြင့် ၂ နာရီခရီး နှင်ပြီးလျှင် မြို့တော်အသစ် နူဆန်တာရာသို့ ဆိုက်ရောက်မည်။ ဘော်နီယိုကျွန်းပေါ်မှ ကြီးမားလှသည့် မိုးသစ်တောအလယ်တွင် တည်ရှိသည်။

 


 
 နောက်နှစ် ဩဂုတ်လတွင် အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုသည် မြို့တော်သစ် နူဆန်တာရာသို့ အစိုးရ၏ လုပ်ငန်းဆောင်တာအချို့ကို ပြောင်းရွှေ့လုပ်ကိုင်‌စေမည်ဖြစ်သည်။
သူ့ သမ္မတသက်တမ်းသည် ၂၀၂၄ အောက်တိုဘာလတွင် ကုန်ဆုံးမည်။ 
၂၀၂၄ ဩဂုတ်လ ၁၇ ရက် လွတ်လပ်ရေးနေ့ကို မြို့တော်အသစ်၏ သမ္မတနန်းတော် အပြင်ဘက်တွင် ကျင်းပရန် အစီအစဉ် ရေးဆွဲထားသည်။

ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ  Japan International Cooperation Agency (JICA) က မြို့တော်တည်ဆောက်ရေးဆိုင်ရာ အကြံဉာဏ်များ ပေးအပ်သည်။

နေရာပြောင်းရွှေ့ရန် တစ်နှစ်သာ လိုတော့သည့်အချိန်မှာ မကြာသေးမီက အစိုးရ အကြီးတန်း အရာရှိတစ်ဦးက ပြောင်းရွှေ့နေရာချထားရေး အတွက် ကြီးမားသော ရည်မှန်းချက်ကို ထုတ်ဖော်ပြောကြားခဲ့သည်။
မြို့တော်အသစ် နူဆန်တာရာသည်  နယူးဒေလီ၊ နေပြည်တော်တို့ကဲ့သို့ အုပ်ချုပ်ရေးမြို့တော်အဖြစ် ရပ်တည်မည် မဟုတ်ဘဲ စီးပွားရေး အချက်အချာအဖြစ် ရပ်တည်မည်။
ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နှင့် ကျန်းမာရေးစောင့်ရှောက်မှု အပါအဝင် လုပ်ငန်းအမျိုးမျိုးမှ စီးပွားရေးလုပ်ငန်းများ၏ အမြုတေတို့ကို မြိူ့တော်အသစ်တွင် အခြေစိုက်အောင် ဆွဲဆောင်မည်။ 

“မြို့တော်ကို ပြောင်းရွှေ့ချင်ရုံတင် မဟုတ်ပါဘူး။ အစိုးရရဲ့ လုပ်ငန်းဆောင်တာတွေအတွက် နေရာတစ်ခု ဖြစ်နေတာမျိုးကို  မလိုချင်ပါဘူး။“ကျွန်တော်တို့က စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဗဟိုချက်အသစ်ကို ဖန်တီးချင်ပါတယ်” ဟု Danis H. Sumadilaga က ပြောကြားသည်။

Sumadilaga သည် အင်ဒိုနီးရှားနိုင်ငံ ပြည်သူ့လုပ်ငန်းနှင့် အိုးအိမ်ဝန်ကြီးဌာနတွင် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်မှုကို ကြီးကြပ်ကွပ်ကဲသည့် အလုပ်အဖွဲ့ကို ဦးစီးသည့်သူ ဖြစ်သည်။

ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေးနှင့် စိုက်ပျိုးရေးစသည့် နယ်ပယ်များမှ လုပ်ငန်းများ နူဆန်တာရာတွင် အခြေစိုက်အောင် အစိုးရက စီးပွားရေးလုပ်ငန်းများကို ဆွဲဆောင်ရန် ကြိုးစားနေကြောင်း Sumadilaga က ပြောကြားခဲ့သည်။

လက်ရှိမြို့တော် ဂျကာတာကိုလည်း ဖွံ့ဖြိုးတိုးတက်ရေး ဆက်လက်လုပ်ဆောင်သွားမည်။


၂၀၁၉ ခုနှစ်တွင် သမ္မတအဖြစ် ပြန်လည်ရွေးချယ်ခံရပြီးနောက် ဝီဒူဒူသည် မြို့တော်ကို ပြောင်းရွှေ့ရန် အစီအစဉ်ရှိကြောင်း ကြေညာခဲ့သည်။
ဂျကာတာသည် ပတ်ဝန်းကျင် ညစ်ညမ်းမှု ရှိနေပြီးနှင့် လူနေထိုင်မှု ပြည့်ကျပ်နေသည်။ တိုင်းပြည်၏ အရှေ့ခြမ်းမှာ စီးပွားရေး ကြီးထွားရန် ဆောင်ရွက်ပေးရမည်ဟု သူက ဆိုသည်။


လူဦးရေ ၁၀ သန်းကျော် နေထိုင်သော ဂျကာတာ လေထုသည် ဆွစ်ဇာလန် လေထုအရည်အသွေးန ည်းပညာကုမ္ပဏီ IQAir ၏ အချက်အလက်များတွင် ကျန်းမာရေးနှင့်မညီညွတ်သော လေထုညစ်ညမ်းမှုအဆင့်ကို နေ့စဉ်နီးပါး မှတ်တမ်းတင်ထားသည်။ဝီဒူဒူက နူဆန်တာရာတွင် ဘဏ္ဍာရေး အချက်အချာအဖြစ် fintech center တစ်ခု ထူထောင်မည်ဟု ပြောကြားခဲ့သည်။ ရင်းနှီးမြှုပ်နှံမှုများအတွက် အစိုးရက မက်လုံးများ ပေးမည်ဟု သူက ဆိုသည်။
 

ပြောင်းရွှေ့နေရာချထားခြင်းကို အဆင့် ၅ ဆင့်ဖြင့် ၂၀၄၅ ခုနှစ်အထိ လုပ်ကိုင်မည်။ 
ပထမအဆင့်သည် အစိုးရ၏ အဓိကကျသည့်နေရာတွင် ပြောင်းရွှေ့နေရာချထားခြင်း ဆောင်ရွက်မည်။ အကျယ်အဝန်း ၆၆.၇၁ စတုရန်း ကီလိုမီတာရှိပြီး ဆောက်လုပ်ရေး ၃၆% ပြီးစီးပြီဟု Sumadilaga က ပြောကြားသည်။
စီမံကိန်းသည် အချိန်ဇယား လျာထားချက်နှင့်အညီ ပြီးစီးကြောင်း ၎င်းက ပြောကြားသည်။


အင်ဒိုနီးရှားအစိုးရ၏ ခန့်မှန်းချက်အရ နူဆန်တာရာလူဦးရေသည် လာမည့်နှစ်တွင် ၆၀,၀၀၀ ရှိလာမည်။ ၂၀၄၀ တွင် ၂ သန်းအထိ ဖြစ်လာမည်။ ၂၀၆၀ တွင် ၄ သန်းကျော်သွားမည်။ 
မြိူ့တော်မြေဧရိယာသည် ၂,၅၆၁ စတုရန်း ကီလိုမီတာ ကျယ်ဝန်းသည်။

အစီအစဉ်ကို လက်တွေ့ဖြစ်လာရန် အင်ဒိုနီးရှားက နိုင်ငံရပ်ခြား အစိုးရများ၊ ကုမ္ပဏီများကို နူဆန်တရာတွင် ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ထားသည်။ 

မြန်မာနိုင်ငံမှ  စီးပွားရေးလုပ်ငန်းရှင်များ၊ ရင်းနှီးမြှုပ်နှံသူများအား လာရောက် ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ် ထားကြောင်း Myanmar Industries Guide တွင် ဖော်ပြခဲ့ပါသည်။ 


အင်ဒိုနီးရှားနိုင်ငံ၏ မြို့တော်သစ်တွင် ရင်းနှီးမြှုပ်နှံရန် မြန်မာနိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများအား ဖိတ်ခေါ်
https://www.industrialdirectory.com.mm/article/nusantara.html


ဆောက်လုပ်ရေး ကုန်ကျစရိတ် ရူပီယာ ၄၄၆ ထရီလီယံ(ကန်ဒေါ်လာ ၃၀.၈ ဘီလီယံ) ရှိမည်ဟု ခန့်မှန်းထားသည်။ ၈၀% ကို ပုဂ္ဂလိကကဏ္ဍနှင့် ချမ်းသာသည့်နိုင်ငံများမှ အစိုးရများထံမှ ရင်းနှီးမြှုပ်နှံမှုများဖြင့် ဖြည့်တင်းမည်။

Source Asia Nikkei 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Investment/Divestment Read 283 times