အင်ဒိုနီးရှားနိုင်ငံ၏ မြို့တော်သစ်တွင် ရင်းနှီးမြှုပ်နှံရန် မြန်မာနိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများအ


28 July, 2023

အင်ဒိုနီးရှားနိုင်ငံ၏ မြို့တော်သစ်တွင် ရင်းနှီးမြှုပ်နှံရန် မြန်မာနိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများအား ဖိတ်ခေါ်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL



အင်ဒိုနီးရှားနိုင်ငံ၏ မြို့တော်သစ်တွင် ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်လာမှုအပေါ် အသိပေးကြေညာခြင်း

 

အင်ဒိုနီးရှားနိုင်ငံအစိုးရသည် ၂၀၂၄ ခုနှစ်တွင် ၎င်းတို့၏ လက်ရှိမြို့တော် ဂျကာတာမှ မြို့တော်အသစ်ဖြစ်သော အရှေ့ကာလီမန်တန်ရှိ နူဆန်တာရာ (Nusantara) မြို့တော်သို့ တရားဝင် ပြောင်းရွှေ့ရန် စီစဉ်လျက်ရှိပါသည်။

အဆိုပါ မြို့တော်သစ် နူဆန်တာရာ (Nusantara)တွင် မြန်မာနိုင်ငံမှ စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းရှင်များ သို့မဟုတ် ရင်းနှီးမြှုပ်နှံသူများအား လာရောက် ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ် လျက်ရှိပါသည်။

သို့ဖြစ်ရာ နူဆန်တာရာရှိ ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများနှင့်ပတ်သက်၍ မြန်မာနိုင်ငံမှ စိတ်ပါဝင်စားသည့် ရင်းနှီးမြှုပ်နှံသူ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အဆိုပါ စီမံကိန်း တာဝန်ရှိသူ ၏ ဖုန်းအမှတ် +၆၂-၂၁ -၂၇၀၉၉၁၀၀၊ အီးမေးလ်လိပ်စာ [email protected] နှင့် secretariat@ ikn.go.id တို့သို့ တိုက်ရိုက်ဆက်သွယ်ဆောင်ရွက်နိုင်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန
 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Investment/Divestment Read 349 times