အခွန်ထမ်းပြည်သူသို့ အသိပေးကြေညာချက်


28 August, 2020

အခွန်ထမ်းပြည်သူသို့ အသိပေးကြေညာချက်ကို စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီးဌာနမှ သြဂုတ်လ ၂၇ ရက်နေ့တွင်ထုတ်ပြန်ကြေညာခဲ့ပါသည်။

ပြည်တွင်းအခွန်များဦးစီးဌာနသည် COVID-19 ကာလအတွင်း ရင်းနှီးမြှုပ်နှံမှုများတိုးမြှင့် ဆောင်ရွက်လိုသူများအတွက် လွယ်ကူမြန်ဆန်သော ဝန်ဆောင်မှုများရရှိနိုင်စေရန် ရည်ရွယ်ချက်ဖြင့် စီမံချက်အဖွဲ့ရုံးတစ်ရုံးအား ၁၇-၈-၂၀၂၀ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးအခွန်ဦးစီးဌာနမှူးရုံး၌ စတင်ဖွင့်လှစ်၍ ဆောင်ရွက်ပေးလျက်ရှိပါသည် ။

အဆိုပါ စီမံချက်အဖွဲ့ ဖွဲ့စည်းဆောင်ရွက်ခြင်းနှင့်စပ်လျဉ်း၍ အခွန်ထမ်းပြည်သူများအနေဖြင့် စိုးရိမ်ပူပန်မှုများရှိနေကြောင်း သိရှိရသည့်အတွက် ယင်းစီမံချက်ရုံးသည် အစုရှယ်ယာရှင်ဟောင်းများ ၏ ယခင်ထည့်ဝင်ခဲ့သည့် အစုရှယ်ယာများကို စိစစ်ရန်ဆောင်ရွက်သည့်စီမံချက်ရုံး မဟုတ်ကြောင်း ရှင်းလင်းအသိပေးအပ်ကြောင်း သိရှိရသည်။

ကုန်သည်စက်မှုအသင်းချုပ်

Taxation Read 694 times