အိုပက်မှ အင်ဂိုလာ နုတ်ထွက်ပြီးနောက် နိုင်ဂျီးရီးယားနှင့် ကွန်ဂိုတို့က အိုပက်အတွက် ကတိကဝတ်ကို ထပ်မံအတ


25 December, 2023

အိုပက်မှ အင်ဂိုလာ နုတ်ထွက်ပြီးနောက် နိုင်ဂျီးရီးယားနှင့် ကွန်ဂိုတို့က အိုပက်အတွက် ကတိကဝတ်ကို ထပ်မံအတည်ပြုပြောကြား

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

ရေနံစိမ်း ဈေးနှုန်းများ မကျစေရန် ထုတ်လုပ်မှုလျှော့ချခြင်းဖြင့် ထိန်းကျောင်းဖို့  ကြိုးပမ်းလျက်ရှိသည့် အိုပက် (ရေနံတင်ပို့သည့်နိုင်ငံများအဖွဲ့) OPEC (Organization of the Petroleum Exporting Countries) မှ အင်ဂိုလာ နုတ်ထွက်ရန် ဆုံးဖြတ်ချက်ချပြီးနောက် နိုင်ဂျီးရီးယားနှင့် ကွန်ဂိုတို့သည် ဆော်ဒီအာ‌ေရဗျ ဦးဆောင်သော အိုပက်အပေါ် ၎င်းတို့၏ ကတိကဝတ်များကို ဆက်လက်စောင့်ထိန်းသွားမည် ဖြစ်ကြောင်း ထပ်လောင်းအတည်ပြု ပြောကြားကြသည်။ 

အိုပက်မှ အင်ဂိုလာ နုတ်ထွက်ရန် ဆုံးဖြတ်သည့်အကြောင်း Industrial Guide တွင် ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။


အိုပက်မှ နုတ်ထွက်ရန် အင်ဂိုလာ ဆုံးဖြတ်
https://www.industrialdirectory.com.mm/article/angola-decides-to-exit-opec.html

အကြောင်းစုံလင် ဖတ်ရှုရန် လင့်ကို ထိပါ



အာဖရိက၏ အကြီးမားဆုံး ရေနံထုတ်လုပ်သူများဖြစ်သည့် နိုင်ဂျီးရီးယားနှင့် အင်ဂိုလာတို့သည် ၂၀၂၄ ခုနှစ်အတွက် ထုတ်လုပ်မှု လျှော့ချရန်  ချမှတ်ထားသော နိုင်ငံများတွင် ပါဝင်သည်။


 OPEC အတွက် ကတိကဝတ်များ မယိမ်းယိုင်ဘဲ ရှိနေကြောင်း နိုင်ဂျီးရီးယား ရေနံဝန်ကြီး Heineken Lokpobiri က ကြေညာချက် ထုတ်ပြန်ခဲ့သည်။

အလားတူပင် ကွန်ဂို ဟိုက်ဒရိုကာဗွန်ဝန်ကြီး Bruno Jean-Richard Itoua က ကြေညာချက် ထုတ်ပြန်ခဲ့သည်။
  

နိုင်ဂျီးရီးယားသည် တစ်ရက်လျှင် စည်ပေါင်း ၁.၅ သန်း ထုတ်လုပ်ရန် ၂၀၂၄ ခုနှစ်အတွက် ခွဲတမ်း သတ်မှတ်ထားသည်။  သို့သော် နိုင်ဂျီးရီးယားသည်  အနည်းဆုံး တစ်ရက်လျှင် စည်ပေါင်း ၁.၈ သန်း ထုတ်လုပ်ဖို့ ရည်မှန်းထားသည်။ 

ကွန်ဂိုသည် ၂၀၁၈ ခုနှစ်တွင် အိုပက်၏ တင်းပြည့်အဖွဲ့ဝင်နိုင်ငံဖြစ်လာခဲ့သည်။ တရက်လျှင် စည်ပေါင်း ၂၇၇,၀၀၀ ထုတ်လုပ်ရန် ၂၀၂၄ ခုနှစ်အတွက် ခွဲတမ်း သတ်မှတ်ထားပါသည်။ 


 Source businessinsider 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Energy News Read 214 times