အိုပက်မှ နုတ်ထွက်ရန် အင်ဂိုလာ ဆုံးဖြတ်


22 December, 2023

အိုပက်မှ နုတ်ထွက်ရန် အင်ဂိုလာ ဆုံးဖြတ်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

အင်ဂိုလာနိုင်ငံက ရေနံတင်ပို့သည့်နိုင်ငံများအဖွဲ့ (အိုပက်) Organization of the Petroleum Exporting Countries (OPEC) မှ နုတ်ထွက်မည်ဟု ပြောကြားသည်။
ရေနံစိမ်း ဈေးနှုန်းများ အကျဘက်တွင် ဆက်ရှိနေသဖြင့် အိုပက်၏ ရေနံစိမ်းဈေးနှုန်း မကျအောင် ထိန်းထားဖို့ ရေနံစိမ်း လျှော့ထုတ်သည့် ကြိုးပမ်းမှုသည် အရာမထင် ဖြစ်နေသည်။ ရေနံစိမ်းဈေးနှုန်းက ဆက်လက်ကျဆင်းလာနေသည်။ 
အင်ဂိုလာနိုင်ငံက အိုပက်မှ နုတ်ထွက်ရန် ဆုံးဖြတ်ကြောင်း ပြောကြားပြီးနောက် Brent နှင့် U.S. West Texas Intermediate ကြိုပွိုင့်အရောင်း နှစ်မျိုးစလုံး တစည် ၁ ကန်ဒေါ်လာ ဈေးထပ်ကျသွားသည်။

 အင်ဂိုလာ ရေနံဝန်ကြီး Diamantino Azevedo က အိုပက်တွင် အဖွဲ့ဝင်အဖြစ် ပါဝင်မှုသည်  နိုင်ငံ၏ အကျိုးစီးပွားကို အကျိုးပြုခြင်း မရှိကြောင်း ပြောကြားခဲ့သည်။

မကြာသေးမီလများအတွင်း ဆော်ဒီဦးဆောင်သော အိုပက်နှင့် ရုရှားဦးဆောင်သော မဟာမိတ်အဖွဲ့တို့ ပါဝင်သည့် OPEC+ သည် ထုတ်လုပ်မှုကို ထိထိရောက်ရောက် လျှော့ချခြင်းဖြင့်  ရေနံစျေးနှုန်းများ မြှင့်တင်ရန် ဆောင်ရွက်ခဲ့ကြသည်။

 သို့သော် OPEC+ မှ လျှော့ထုတ်သဖြင့် လျော့သွားသည့် ပမာဏကို အမေရိကန်က တိုးမြှင့်ထုတ်လုပ်ခြင်းဖြင့် ဖြည့်တင်းပေးထားနိုင်ခဲ့သည်။

အမေရိကန်မှ. Energy Information Administration (EIA) က အမေရိကန်နိုင်ငံ ရေနံစိမ်းထွက်ရှိမှုသည် ယခင်က တစ်နေ့လျှင် စည်ပေါင်း ၁၃.၂ သန်းအထိ မြင့်တက်ခဲ့ပြီး ယခင်အပတ်က တစ်ရက်လျှင် စည် ၁၃.၃ သန်း (bpd) စံချိန်တင်  ထပ်မံမြင့်တက်သည်ဟု ပြောကြားသည်။

အင်ဂိုလာနိုင်ငံသည် နို၀င်ဘာလက အစည်းအဝေးတစ်ခုတွင် OPEC ၏ ထုတ်လုပ်မှုခွဲတမ်းအရ ၂၀၂၄ ခုနှစ်အတွက် အင်ဂိုလာနိုင်ငံ၏ ရေနံစိမ်း ထုတ်လုပ်မှု ပမာဏ လျှော့ချရန် ဆုံးဖြတ်ချက်ကို အန်ဂိုလာက ကန့်ကွက်ခဲ့သည်။

အိုပက်သည် တရက် စည်ပေါင်း ၂၈ သန်း ထုတ်လုပ်သည်။
အင်ဂိုလာသည် တရက်လျှင် စည်ပေါင်း ၁.၁ သန်း ထုတ်လုပ်သည်။
သို့ဖြစ်ရာ အင်ဂိုလာသည် အဖွဲ့၏ အနည်းဆုံးပမာဏ ထုတ်လုပ်သည့် နိုင်ငံများတွင် ပါဝင်သည်။
အင်ဂိုလာ နုတ်ထွက်ခြင်းကြောင့် ဖြစ်ပေါ်မည့် သက်ရောက်မှု အနည်းအကျဉ်းသာ ရှိမည်။

Source Reuters 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Energy News Read 281 times