ဂျပန်နိုင်ငံ Honeys ထံမှ  ယန်း ၁.၅ ဘီလီယံ ရင်းနှီးမြှုပ်နှံမှုအသစ် အထည်ချုပ်လုပ်ငန်းကဏ္ဍ  ရရှိ


02 August, 2022

ဂျပန်နိုင်ငံ Honeys ထံမှ  ယန်း ၁.၅ ဘီလီယံ ရင်းနှီးမြှုပ်နှံမှုအသစ် အထည်ချုပ်လုပ်ငန်းကဏ္ဍ  ရရှိ

မြန်မာ့အထည်ချုပ်လုပ်ငန်းကဏ္ဍသည် ဂျပန်နိုင်ငံ၏ Honeys ထံမှ  ယန်း ၁.၅ ဘီလီယံ  ရင်းနှီးမြှုပ်နှံမှုအသစ်ကို ရရှိသည်။

 အမြန်ထုတ်လုပ်ဖက်ရှင် Fast-fashion လုပ်ငန်း Honeys သည် လက်လီအရောင်းဆိုင်ခွဲများ ဖွင့်လှစ်လုပ်ကိုင်လျက်ရှိပြီး ၎င်း၏ ရောင်းကုန် အဝတ်အစားများ၏ ထက်ဝက်ကျော်ကို မြန်မာနိုင်ငံမှ ရယူရန် ရည်မှန်းထားသည်။
 
 ဂျပန်နိုင်ငံတွင် မေလကုန်တွင် စတိုးဆိုင်ပေါင်း ၈၇၁ ဆိုင် ဖွင့်လှစ်ထားသည့် Honeys အတွက် စျေးနှုန်းချိုသာမှုသည် အဓိက အချက်တစ်ခုဖြစ်သည်။

ဂျပန်အ၀တ်အထည်ထုတ်လုပ်သူ Honeys Holdings သည် မြန်မာနိုင်ငံတွင် တတိယမြောက်စက်ရုံကို ယခုလတွင် စတင်ဆောက်လုပ် ပါသည်။
၎င်းရောင်းချမည့် အဝတ်အထည်များ၏ ထက်ဝက်ကျော်ကို ထုတ်လုပ်မှု အချက်အချာတစ်ခုဖြစ်ပြီးကုန်ကျစရိတ်သက်သာသော မြန်မာနိုင်ငံတွင် ထုတ်လုပ်ရန် ရည်မှန်းထားသည်။

ရန်ကုန်မြီု့တွင် တည်ရှိသော မင်္ဂလာဒုံစက်မှုဥယျာဉ်တွင် တည်ရှိပြီးဖြစ်သော ၎င်း၏ စက်ရုံ ဘေးတွင် ဧရိယာ ၁,၆၀၀ စတုရန်းမီတာရှိ စက်ရုံသစ်ကို တည်ဆောက်မည်ဖြစ်သည်။

Honeys သည် ၂၀၂၄ ခုနှစ် မေလအထိ ဘဏ္ဍာနှစ် ၂ နှစ်အတွင်း စီမံကိန်းမှာ  ယန်း ၁.၅ ဘီလီယံ (ကန်ဒေါ်လာ ၁၁.၃ သန်း) ခန့် ရင်းနှီးမြှုပ်နှံရန် စီစဉ်ထားသည်။

အမျိုးသမီးဝတ် အမြန်ထုတ်လုပ် ဖက်ရှင်ဆိုင်ခွဲများလုပ်ငန်း Honeys သည် ၎င်း၏ ပစ္စည်းများတွင် အကြမ်းဖျင်းအားဖြင့် အရှေ့တောင်အာရှမှာ ၉၀% ကို ထုတ်လုပ်လျက်ရှိရာ၌ မြန်မာနိုင်ငံတစ်ခုတည်းမှာ  ၄၄%  ကို ထုတ်လုပ်သည်။

မြန်မာနိုင်ငံရှိ စက်ရုံများတွင် အခြားနေရာများထက် စျေးသက်သာစွာ ထုတ်လုပ်နိုင်သည်ဟု သမ္မတ Eisuke Ejiri က ပြောသည်။  "ဒါက ငါတို့ရဲ့ အကြီးမားဆုံး အားအင်ပဲ" ဟု သူက မှတ်ချက်ပြုသည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် စစ်တပ်က အာဏာသိမ်းစဉ်ကတည်းက ၎င်း၏ မြန်မာပြည်ရှိ လုပ်ငန်းကုိ ဆက်လက်လည်ပတ်‌နေကြောင်း Honeys မှ ပြောကြားခဲ့သည်။

"ကျွန်‌တော်တို့ ကုမ္ပဏီက စစ်တပ်နှင့် ဆက်နွှယ်မှု မရှိပါဘူး။ လူ့အသိုင်းအဝိုင်းမှာ  အလုပ်အကိုင်‌ေတွကို ဆက်လက်ထိန်းသိမ်းပေးထားပြီး အလုပ်အကိုင်တွေ ထပ်တိုးပေးနေပါတယ်" ဟု Honeys ဥက္ကဋ္ဌ Yoshihisa Ejiri က ပြောကြားခဲ့သည်။

အနောက်နိုင်ငံမှ လုပ်ငန်များနှင့် နိုင်ငံစုံလုပ်ငန်းများသည် လူ့အခွင့်အရေး ချိုးဖောက်မှုများတွင် ပါဝင်ပတ်သက်သည်ဟု သံသယရှိသော စီးပွားရေးလုပ်ငန်းများနှင့် ဆက်နွှယ်မှုကို လမ်းခွဲဖို့  ပြန်လည်စဉ်းစားနေကြသည်။
နိုင်ငံတကာ အသိအမှတ်ပြု ကုမ္ပဏီ SGS Group မှ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း Honeys က ပြောသည်။

SGS  စစ်‌ဆေးရေးအဖွဲ့ဝင်များသည် ကလေးလုပ်သားများ၊ အဓမ္မလုပ်အားပေးခိုင်းစေခြင်းနှင့် ခွဲခြားဆက်ဆံခြင်းကဲ့သို့သော ချိုးဖောက်မှုများအပြင် အလုပ်သမားများ၏ ကျန်းမာရေးနှင့် ဘေးကင်းရေးကုိ စောင့်ရှောက်ခြင်းနှင့် လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့် ရရှိခြင်းတို့ကိုလည်း စစ်ဆေးသည်။

ဥက္ကဋ္ဌ Eisuke Ejiri က "ကျွန်တော်တို့မှာ ပြဿနာအ‌ထွေအထူး မရှိဘူးလို့ ပြောပါတယ်" ဟု ပြောကြားသည်။

အဆိုပါ စက်ရုံသစ်တွင် လုပ်သား ၁,၅၀၀ ခန့် အလုပ်ခန့်ထားမည်ဖြစ်ပြီး တစ်လလျှင် အဝတ်အထည် ခုရေ ၁၀၀,၀၀၀ ထုတ်လုပ်မည်။
အဓိကအားဖြင့် ကုတ်အင်္ကျီများနှင့် အပြင်ဝတ်များ ထုတ်လုပ်မည်။ ထုတ်ကုန်အားလုံးကို ဂျပန်နိုင်ငံသို့ တင်ပို့မည်။ 
အထည်ချုပ်ရန် လိုအပ်သော အထည်အလိပ်နှင့် ကြယ်သီး အစရှိသည်တို့ကို တရုတ်ပြည်မှ ဝယ်ယူမည်။

 
 ၎င်း၏ စတိုးဆိုင်အများစုသည် ကိုရိုနာဗိုင်းရပ်နှင့်ပတ်သက်သော ကန့်သတ်ချက်များကြောင့် ခြေလျင်သွားလာမှုများကို ကန့်သတ်တားဆီးထားသည့် ကုန်တိုက်များတွင် တည်ရှိသည်ဖြစ်ရာ  Honeys သည် ကိုရိုနာဗိုင်းရပ်ကူးစက်မှု ကပ်ဘေးကာလတွင် အထိနာခဲ့သည်။
 သို့သော် မတ်လတွင် အဆိုပါကန့်သတ်ချက်များကို ရုတ်သိမ်းပြီးနောက် ဖောက်သည်များ ပြန်လည်ရောက်ရှိလာခဲ့ကြောင်း Eisuke Ejiri က ပြောကြားခဲ့သည်။
ကုမ္ပဏီသည် မေလကုန်တွင် ရောင်းအား ၅ ရာခိုင်နှုန်း တိုးခဲ့သည်။

Honeys သည် COVID လွန်ခေတ်ကို မျှော်မြင်ထားသည့် ၂၀၂၅ ခုနှစ် မေလအထိ လုပ်ငန်းစီမံချက်ကို ထုတ်ပြန်ခဲ့သည်။

ကုမ္ပဏီသည် မေလတွင် အဆုံးသတ်မည့် ယခု ဘဏ္ဍာရေးနှစ်အတွက် ယန်းငွေ ၅၅ ဘီလီယံဖိုး ရောင်းချရန် လျာထားသည်။ 
 ယခုနှစ် မေလ ပြီးစီးသည့် ယခင် ဘဏ္ဍာရေးနှစ်ထက် ၁၅ ရာခိုင်နှုန်းခန့် တိုးမြှင့်ထားသည်။
လုပ်ငန်းလည်ပတ်မှု အမြတ်ကို ၂၀% ကြီးထွားရန် မျှော်မှန်းထားသည်။ ပမာဏ ယန်း ၆ ဘီလီယံ ရရန် ရည်ရွယ်သည်။
ထိုရည်မှန်းချက်များ အောင်မြင်ရရှိရန်အတွက် မြန်မာနိုင်ငံတွင် ပိုမိုကြီးမားသော ထုတ်လုပ်မှု ပြုရန်Honeys က ဆုံးဖြတ်ခဲ့ပါသည်။

#MyanmarLogisticsGuide 
Telegram Channel https://t.me/Guid4U
Source: Asia.nikkei
ဆက်စပ်ဖတ်ရှုရန်

မြန်မာကို EBA  အစီအစဉ် ရုပ်သိမ်းပါက အထည်ချုပ်လုပ်သား တစ်သိန်း ထိခိုက်လိမ့်မည်ဟု ဥရောပ ကော်မရှင်ပြောကြား 

 

MIG

 

 

Investment/Divestment Labour Affairs Read 11523 times