မြန်မာကို EBA  အစီအစဉ် ရုပ်သိမ်းပါက အထည်ချုပ်လုပ်သား တစ်သိန်း ထိခိုက်လိမ့်မည်ဟု ဥရောပ ကော်မရှင်ပြောက


20 July, 2022

မြန်မာကို EBA  အစီအစဉ် ရုပ်သိမ်းပါက အထည်ချုပ်လုပ်သား တစ်သိန်း ထိခိုက်လိမ့်မည်ဟု ဥရောပ ကော်မရှင်ပြောကြား 

EBA အစီအစဉ်အရ မြန်မာနိုင်ငံအတွက် ကုန်သွယ်မှု ဦးစားပေး အစီအစဉ်ကို ရုပ်သိမ်းလိုက်ခြင်းသည် အထည်ချုပ် လုပ်သား ထောင်ပေါင်းများစွာကို ထိခိုက်မှု ရှိစေမည်ဟု ဥရောပ ကော်မရှင်က ပြောကြားသည်။

အထည်ချုပ်လုပ်ငန်းသည်  "နိုင်ငံခြားသုံးငွေ အသက်သွေးကြောရင်းမြစ်” ဖြစ်သည်ဟု အထည်ချုပ်လုပ်ငန်းကဏ္ဍမှ အလုပ်သမားသမဂ္ဂများက ဥရောပ ကော်မရှင်ကို ပြောကြားခဲ့ပါသည်။ EBA  သဘောတူညီချက်ကို ဆိုင်းငံ့လိုက်ခြင်းသည်   မရှိမဖြစ်လိုအပ်နေသော နိုင်ငံခြားသုံးငွေများ ဝင်လာရာလမ်းကို ဖြတ်တောက်ပစ်မည်ဟု ၎င်းတို့က ယခုသီတင်းပတ်တွင် ပြောကြားခဲ့သည်။ "အီးယူက တာဝန်သိစွာနဲ့ အခုပဲ အရေးယူဖို့ မျှော်လင့်ပါတယ်” ဟု ပြောကြားခဲ့သည်။ 

IndustriAll Global Union for European Union (EU) မှ မြန်မာနိုင်ငံနှင့် Everything But Arms (EBA)သဘောတူညီချက်ကို ဆိုင်းငံ့ထားရန် ယခုသီတင်းပတ်အတွင်း တောင်းဆိုချက်အပေါ် တုံ့ပြန်သည့်အနေဖြင့် အီးယူ ပြောရေးဆိုရေးတာဝန်ခံ Peter Stano  က “လက်ရှိအခြေအနေမှာEverything But Arms  ကုန်သွယ်မှု ဦးစားပေး အစီအစဉ်တွေကို ရုပ်သိမ်းတာက မဆိုင်တဲ့သူတွေကို ထိခိုက်စေပြီး စစ်ဘက်ဆိုင်ရာ အကျိုးစီးပွားကို ထိခိုက်ဖို့ ခဲယဉ်းပါတယ်” လို့ ပြောကြားခဲ့ပါတယ်။


မြန်မာနိုင်ငံနှင့် EBA အစီအစဉ်ကို ဖယ်ရှားရန် သို့မဟုတ် ဆိုင်းငံ့ထားရန် ဥရောပကော်မရှင်ကို တောင်းဆိုနေသော်လည်း ဥရောပ အထည်ချုပ်လုပ်ငန်းအနေဖြ့င့် အလုပ်အကိုင်ပေါင်း ရာနှင့်ချီ ပံ့ပိုးပေးနေပြီး  EU မှ ဦးစားပေး ကုန်သွယ်မှု သဘောတူညီချက်ကို ရုတ်သိမ်းပါက အသက်မွေးဝမ်းကျောင်းမှု ဆုံးရှုံးမည့် အမျိုးသမီးငယ်များအတွက် အလုပ်အကိုင်များဖြစ်ကြောင်း Stano က ပြောကြားခဲ့သည်။ 
 
“ဒါက အထည်ချုပ်လုပ်ငန်းမှာ ဖြစ်ပွားမယ့်ကိစ္စ အတိအကျပါပဲ။ စစ်တပ်အာဏာသိမ်းမှုနှင့် ကပ်ရောဂါကြောင့် အထည်ချုပ်လုပ်သား ၂၂၀,၀၀၀ အလုပ်လက်မဲ့ဖြစ်ခဲ့ရတယ်။ လုပ်သားအင်အားစုရဲ့ ၉၅% ဟာအမျိုးသမီးများဖြစ်ကြပြီး များသောအားဖြင့် သူတို့ရဲ့ မိသားစုအဖို့ တစ်ခုတည်းသော ၀င်ငွေအရင်းအမြစ်ဖြစ်နေပါတယ်။ တာဝန်သိစီးပွားရေးလုပ်ငန်းများ အနေဖြင့် စျေးနှုန်းကိုသာ အာရုံစိုက်သော အခြားဝယ်လက်များနှင့် နှိုင်းယှဉ်ပါက  အလွန်အမင်းဆင်းရဲမွဲတေမှုကို ရှောင်ရှားရန်  ပိုမိုကောင်းမွန်သော လူနေမှုလုပ်ခ၊ အလုပ်သမားအခွင့်အရေးနှင့် လုပ်ငန်းခွင်အခြေအနေများကို ပေးဆောင်ရန် သိသာထင်ရှားသော သက်ရောက်မှုရှိပါတယ်။ ဒါကြောင့် အီးယူစီးပွားရေးဟာ မြန်မာနိုင်ငံမှာ ဆက်လက်လည်ပတ်နေဖို့ အရေးကြီးတယ်လို့ ကျွန်တော်တို့ ယူဆပါတယ်” ဟု Stano က ပြောကြားခဲ့သည်။ 

မြန်မာနိုင်ငံရှိ EBA ဦးစားပေးမှုမှ အကျိုးအမြတ်ရရှိသည့် ကုမ္ပဏီများတွင် လူပေါင်း ၄၅၀,၀၀၀~၅၀၀,၀၀  ခန့် တိုက်ရိုက်အလုပ်ခန့်ထားကြောင်း ကော်မရှင်က ခန့်မှန်းထားပါသည်။

"အာဏာသိမ်းမှု ရလဒ်ကြောင့် အလုပ်သမားများရဲ့  ရပိုင်ခွင့်များ ပိုမိုထိခိုက်လာပြီး အလုပ်သမားသမဂ္ဂများ လှုပ်ရှားလုပ်ကိုင်ရန် နေရာများ ကျဉ်းမြောင်းလာပါတယ်။ အီးယူက လက်ရှိတွင် အလုပ်သမားသမဂ္ဂသမားများနှင့် အလုပ်သမားရေးရာ အငြင်းပွားမှုများနှင့် လိုက်နာမှုပြဿနာများကို ဖြေရှင်းရန်အတွက် ဥရောပအမှတ်တံဆိပ်များနှင့် ထိထိရောက်ရောက် အပြန်အလှန်ဆက်ဆံနိုင်စေမယ့် အစီအစဉ်တစ်ရပ်ကို လုပ်ဆောင်နေပါတယ်။  အဲဒီအစီအစဉ်က Covid ကူးစက်ရောဂါနှင့် စစ်တပ်အာဏာသိမ်းမှုအပြီး စက်ရုံများ ပိတ်သိမ်းခြင်းကြောင့် အလုပ်ပြုတ်သွားတဲ့ အလုပ်သမားများအား တိုက်ရိုက်ငွေလွှဲပေးမှုကဲ့သို့သော အထည်ချုပ်ကဏ္ဍတွင် အခြားသော EU မှ ဆက်လက်ကြိုးပမ်းမှုများကို အားဖြည့်ပေးမှာဖြစ်ပါတယ်” ဟု ၎င်းက ရှင်းလင်းပြောကြားပါသည်။ 

#MyanmarIndustriesGuide
Telegram Channel
https://t.me/Guid4U
Source: just-style.com

MIG

Labour Affairs Read 1261 times