MSME ချေးငွေ


02 September, 2023

MSME ချေးငွေ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


• MSME များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှ မ,တည် ရန်ပုံငွေကျပ် ဘီလီယံ ၁၇၀ ကို ထည့်ဝင်ပေးထားပြီး မြန်မာ့ စီးပွားရေးဘဏ် နေပြည်တော်တွင် စာရင်းဖွင့်လှစ်အပ်နှံဆောင် ရွက်ထားပြီး ဖြစ်သည်။
• မ,တည် ရန်ပုံငွေမှ ကျပ်ဘီလီယံ ၁၅၀ ကို MSME လုပ်ငန်းရှင်များသို့ ထုတ်ချေးပေးသွားမည်
•  ကျန်ငွေ ကျပ်ဘီလီယံ ၂၀ ကို MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များတွင် အသုံးပြုသွားမည်
•  MSME ချေးငွေ လျှောက်ထားသည့် လုပ်ငန်းရှင် များအား ဦးစားပေးအလိုက် ချေးငွေများကို ထုတ်ချေးပေးသွားမည်
•  လက်ရှိတွင် နိုင်ငံပိုင်ဘဏ်များ၊ ပုဂ္ဂလိကပိုင် ဘဏ်များမှ MSME ချေးငွေရယူထားခြင်း မရှိသည့် လုပ်ငန်းရှင်များကို ဦးစားပေး ထုတ်ချေးပေးသွားမည်
•  ထို့ပြင် ဘဏ်များမှ ချေးငွေရယူထားပြီး အကျေအလည် ပြန်လည်ပေးဆပ်ပြီးဖြစ်သည့် လုပ်ငန်းရှင်များကိုလည်း ထပ်မံထုတ်ချေးသွား မည်
•  
•  MSME ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေမှ ချေးငွေရယူလိုသည့် MSME လုပ်ငန်းရှင်များအနေဖြင့် ဒေသဆိုင်ရာ အေဂျင်စီများမှတစ်ဆင့် ချေးငွေများကို စတင်လျှောက်ထားနိုင်မည်
• မြန်မာ့စီးပွားရေးဘဏ်မှ ဦးစွာ ထုတ်ချေးပေးသွားမည် 
• နောင်တွင် ပုဂ္ဂလိကဘဏ်များမှ ထုတ်ချေး ပေးနိုင်ရေး ဆက်လက်စီစဉ် ဆောင်ရွက်သွားမည်
• ဒေသဆိုင်ရာ MSME အေဂျင်စီများအနေဖြင့် MSME လုပ်ငန်းရှင်များက သတ်မှတ်ပုံစံ Loan Application Form ဖြင့် ချေးငွေများကို လျှောက်ထားလာလျှင် သတ်မှတ်ထားသည့် Check List များနှင့် ပဏာမ တိုက်ဆိုင်စစ်ဆေးပြီး ကိုက်ညီမှုရှိပါက အမှုတွဲများကို မြန်မာ့စီးပွားရေးဘဏ်သို့ လွှဲပြောင်းပေးရမည်
• MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်တစ်ရပ်ဖြစ်သည့် ရင်းနှီးမ,တည် ငွေများကို ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းများနှင့် ကိုက်ညီပြီး အမှန်တကယ် လုပ်ငန်းဆောင်ရွက်သည့် လုပ်ငန်းရှင်များကို ထုတ်ချေးပေးသွားမည်
• လုပ်ငန်းရှင်များကလည်းသတ်မှတ်ချေးငွေကာလ စေ့ရောက်သည့်အချိန်တွင် ပြန်လည်ပေးဆပ်ရမည်


ယခင်တင်ပြချက်
MSME ချေးငွေများ လျှောက်ထားနိုင်ကြောင်း အသိပေးကြေညာခြင်း.
https://www.industrialdirectory.com.mm/article/msme-loan.html


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Banking & Loan Read 465 times