MSME ချေးငွေများ  လျှောက်ထားနိုင်ကြောင်း အသိပေးကြေညာခြင်း


29 August, 2023

MSME ချေးငွေများ  လျှောက်ထားနိုင်ကြောင်း အသိပေးကြေညာခြင်း

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

၁။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ရှိ အသေးစား၊ အငယ်စားနှင့်အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီသည် ပြည်တွင်း MSME တို့၏ ကဏ္ဍအလိုက် ထုတ်လုပ်မှုလုပ်ငန်းများတိုးတက်စေရန်နှင့် တန်းဖိုးမြှင့် သွင်းကုန် အစားထိုး ထုတ်လုပ်ရေးလုပ်ငန်း တို့အတွက် တစ်ဖက်တစ်လမ်းမှ အားပေးကူညီလျက်ရှိပါသည်။ MSME လုပ်ငန်းများ၌ Value Added Production ထုတ်ကုန်များ၊ သွင်းကုန်အစားထိုး ထုတ်ကုန်များ ထုတ်လုပ်လျက်ရှိသည့် လုပ်ငန်းများချေးငွေ ရရှိနိုင်ရေးအတွက် ဆောင်ရွက်သွား မည်ဖြစ်ပါသည်။

၂။ အဆိုပါ ချေးငွေလျှောက်ထားရန် အတွက် ပြည်တွင်းလိုအပ်ချက်များ ဖြည့်ဆည်းပေးသည့် လုပ်ငန်းများ၊ သွင်းကုန်အစားထိုးနိုင်သည့် လုပ်ငန်းများနှင့် ပြည်ပသို့ တင်ပို့ရောင်းချနိုင်မည့် လုပ်ငန်းများကို ချေးယူခွင့် ပြုသွားမည်ဖြစ်ပါသည်။

 (က) ချေးငွေအား ပြန်လည်ပေးဆပ်နိုင်မည့် ခိုင်လုံသော အခြေအနေရှိသော လုပ်ငန်း ဖြစ်ရမည်။

 (ခ) ချေးငွေအား လုပ်ငန်း ဆက်လက် လည်ပတ်ရန်ကိစ္စအတွက်သာ အသုံးပြုမည့် လုပ်ငန်း ဖြစ်ရ မည်။

 (ဂ) ကုမ္ပဏီဖြစ်ပါက ကုမ္ပဏီမှတ်ပုံတင်ရုံးကမှတ်ပုံတင်စာရင်းမှ ဆိုင်းငံ့ထားခြင်းခံရသည့် သို့မဟုတ် မှတ်ပုံတင် စာရင်းမှပယ်ဖျက်ခြင်းခံထားရသည့် ကုမ္ပဏီ မဖြစ်စေရ။ ကုမ္ပဏီ မဟုတ်သော စီးပွားရေးလုပ်ငန်းဖြစ်ပါက သက်ဆိုင်ရာ အစိုးရဌာန/အဖွဲ့အစည်းက မှတ်ပုံတင်စာရင်းမှဆိုင်းငံ့ထားခြင်းခံရသည့် သို့မဟုတ် မှတ်ပုံတင် စာရင်းမှ ပယ်ဖျက်ခြင်းခံထားရသည့် စီးပွားရေးလုပ်ငန်း မဖြစ်စေရ။

 (ဃ) ဝင်ငွေခွန်/ကုန်သွယ်လုပ်ငန်းခွန်/အထူးကုန်စည်ခွန် ပေးဆောင်ထားသည့် ကုမ္ပဏီ သို့မဟုတ် လုပ်ငန်း ဖြစ်ရမည်။

 (င) ကုမ္ပဏီဖြစ်ပါက ကုမ္ပဏီ၏ ဒါရိုက်တာအဖွဲ့၊ ကုမ္ပဏီမဟုတ်ပါက ချေးငွေရယူသည့် လုပ်ငန်းပိုင် ရှင်မှ ချေးငွေအား ပြန်လည်ပေးဆပ်ရန် အာမခံချက်ပေးနိုင်ရမည်။

 (စ) ၂၀၂၁ ခုနှစ် မတ်လ ၃၁ ရက်နေ့မတိုင်မီက သက်ဆိုင်ရာဌာနမှ ခွင့်ပြုချက်/ လုပ်ငန်း လိုင်စင် ရထားပြီးဖြစ်သည့် လုပ်ငန်းဖြစ်ရမည်။

 (ဆ) လွန်ခဲ့သည့် ၂ နှစ်တာကာလအတွင်း နှစ်စဉ်ဝင်ငွေရရှိနေသော လုပ်ငန်းဖြစ်ရမည်။

 ( ဇ ) ဘဏ်တစ်ခုခုမှ ချေးငွေရယူထားပြီးနောက် ပြန်လည်ပေးဆပ်ရန် ပျက်ကွက်လျှက်ရှိသည့် လုပ်ငန်းများ၊ ချေးငွေပြန်လည်ပေးဆပ်ရန် ပျက်ကွက်မှုကြောင့် ဘဏ်တစ်ခုခုက တရားစွဲ ဆိုခြင်း ခံထားရသည့် ကုမ္ပဏီ သို့မဟုတ် လုပ်ငန်းများ မဖြစ်စေရ။ 

၃။ ချေးငွေများ ပြန်လည်ပေးဆပ်နိုင်ခြင်းမရှိပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူ ဆောင်ရွက် မည်ဖြစ် သည်။ 

၄။ ချေးငွေများကို သတ်မှတ်ထားသည့် ချေးငွေအတွက် အဆိုပြုလျှောက်လွှာပုံစံများဖြင့် လျှောက်ထားရမည် ဖြစ်ပြီး အဆိုပြုလျှောက်လွှာနှင့်အတူ ပူးတွဲပေးပို့ရန်ဖော်ပြထားသည့် စာရွက်စာတမ်း အချက်အလက် များ ပြည့်စုံစွာ ဖော်ပြရမည်ဖြစ်ပါသည်။ သတ်မှတ်ချက်များနှင့် ပြည့်စုံ ကိုက်ညီခြင်းမရှိသည့် လျှောက်လွှာများကို လက်ခံ ဆောင်ရွက် ပေးမည်မဟုတ်ပါ။

၅။ လျှောက်လွှာများကို ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့မှ  စက်တင်ဘာလ ၃၀  ရက်နေ့အတွင်း အစိုးရရုံးဖွင့်ရက်များတွင် ရုံးချိန် အတွင်း အောက်ပါနေရာများ၌ လက်ခံသွား မည်ဖြစ်ပါသည် 

(က) ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၊ ရန်ကုန်မြို့
●  မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်သူများအသင်း
● မြန်မာနိုင်ငံ ပလပ်စတစ်လုပ်ငန်းရှင်များအသင်း
● မြန်မာနိုင်ငံ စားသောက်ကုန်ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း
● မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များအသင်း
● မြန်မာနိုင်ငံ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းရှင်များ အသင်း
● မြန်မာ အမျိုးသမီးစီးပွားရေးစွမ်းဆောင်ရှင်များအသင်း
● မြန်မာနိုင်ငံ လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း                              
● မြန်မာနိုင်ငံ ဆီကုန်သည်နှင့်ဆီလုပ်ငန်း ရှင်များအသင်း
● မြန်မာနိုင်ငံ အလှကုန်အသင်း
● မြန်မာစီးပွားရေးလုပ်ငန်းရှင်အမျိုးသမီးများကွန်ယက်

(ခ) တိုင်းဒေသကြီးနှင့် ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်အသင်း ရုံးများ။
• မန္တလေးတိုင်း ကုန်သည်စက်မှုအသင်းချုပ်
• ရှမ်းပြည်နယ်  ကုန်သည်စက်မှုအသင်းချုပ်
• မွန်ပြည်နယ် ကုန်သည်စက်မှုအသင်းချုပ်
• ဧရာဝတီတိုင်း ကုန်သည်စက်မှုအသင်းချုပ် 

၆။ လျှောက်လွှာလက်ခံရန် နောက်ဆုံးသတ်မှတ်ရက်ဖြစ်သည့် ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁  ရက်နေ့ မှ စက်တင်ဘာလ ၃၀ ရက်နေ့ ထက်ကျော်လွန် တင်ပြလာသည့် လျှောက်လွှာများအား လက်ခံဆောင်ရွက်ခြင်း ပြုမည်မဟုတ်ပါ။

၇။ ချေးငွေလျှောက်ထားခြင်းနှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုသည့် အချက်များရှိပါက အောက်ဖော်ပြပါရုံး၊ ဌာန နှင့်ဖုန်းနံပါတ်များသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်- 


(က) ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၊ ရန်ကုန်မြို့
● မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်သူများအသင်း ၀၁-၂၃၁၄၈၃၀, ၂၃၁၄၈၃၁
● မြန်မာနိုင်ငံ ပလပ်စတစ်လုပ်ငန်းရှင်များအသင်း ၀၁-၂၃၁၄၈၃၅, ၀၉-၄၂၈၈၂၁၁၈၂
● မြန်မာနိုင်ငံ စားသောက်ကုန်ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း ၀၉ - ၂၆၃၂၁၃၂၇၀
● မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များအသင်း ၀၉ - ၄၅၄၇၅၅၂၉၇
● မြန်မာနိုင်ငံအသေးစား၊အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းရှင်များအသင်း ၀၉-၇၇၃၇၉၉၈၉၅ ၀၁-၂၃၁၄၃၄၄ -Ext ၄၅၂
● မြန်မာ အမျိုးသမီးစီးပွားရေးစွမ်းဆောင်ရှင်များအသင်း ၀၁ - ၃၈၉၃၈၀ , ၂၅၄၅၆၆ 
● မြန်မာနိုင်ငံ လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း                              ၀၉ - ၇၆၅၀၀၀၆၄၉
● မြန်မာနိုင်ငံ ဆီကုန်သည်နှင့်ဆီလုပ်ငန်း ရှင်များအသင်း ၀၁-၂၃၁၄၂၉၅, ၂၃၁၄၂၉၆
● မြန်မာနိုင်ငံ အလှကုန်အသင်း ၀၉-၇၈၀၀၈၈၃၄၅
● မြန်မာစီးပွားရေးလုပ်ငန်းရှင်အမျိုးသမီးများကွန်ယက် ၀၉-၄၂၁၀၁၂၁၅၄ 


(ခ) တိုင်းဒေသကြီးနှင့် ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်အသင်း ရုံးများ။
• မန္တလေးတိုင်း ကုန်သည်စက်မှုအသင်းချုပ်  ၀၉ - ၆၉၇၀၅၀၂၂၇
• ရှမ်းပြည်နယ်တောင်ပိုင်း ကုန်သည်စက်မှုအသင်းချုပ်  ၀၉ - ၅၁၀၈၅၈၀
• ရှမ်းပြည်နယ်မြောက်ပိုင်း ကုန်သည်စက်မှုအသင်းချုပ် ၀၉ - ၂၅၈၃၂၅၂၇၇
• မွန်ပြည်နယ် ကုန်သည်စက်မှုအသင်းချုပ် ၀၉ -၄၅၁၄၇၄၇၂၀, ၂၆၂၂၉၁၁၇၇
• ဧရာဝတီတိုင်း ကုန်သည်စက်မှုအသင်းချုပ်  ၀၉ - ၂၅၀၂၃၆၆၄၃,၇၈၁၈၃၇၃၀၇

၈။ MSME လုပ်ငန်းများအနေဖြင့် သတ်မှတ်ရက်အတွင်း ချေးငွေလျှောက်ထားနိုင်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။
UMFCCI MSME Development Committee


၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ အသေးစား၊ အငယ်စား နှင့် အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုး တိုးတက်ရေးကော်မတီနှင့် AYA Bank တို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် ပြည်တွင်း MSME တို့၏ ကဏ္ဍအလိုက် ထုတ်လုပ်မှုလုပ်ငန်းများတိုးတက်စေရန်နှင့် တန်းဖိုးမြှင့် သွင်းကုန်အစားထိုး ထုတ်လုပ်ရေးလုပ်ငန်း တို့အတွက် တစ်ဖက်တစ်လမ်းမှ အားပေးကူညီလျက် ရှိရာ MSME လုပ်ငန်းများ၌ Value Added Production ထုတ်ကုန်များ၊ သွင်းကုန်အစားထိုး ထုတ်ကုန်များ ထုတ်လုပ်လျက်ရှိသည့် လုပ်ငန်းများချေးငွေ ရရှိနိုင်ရေးအတွက် ဆောင်ရွက်ပေးသွား မည်ဖြစ်ပါသည်။


၂။ အဆိုပါ ချေးငွေလျှောက်ထားရန်အတွက် ပြည်တွင်းလိုအပ်ချက်များ ဖြည့်ဆည်းပေးသည့် လုပ်ငန်းများ၊ သွင်းကုန်အစားထိုးနိုင်သည့်လုပ်ငန်းများ နှင့် ပြည်ပသို့တင်ပို့ရောင်းချနိုင်မည့်လုပ်ငန်းများကို ချေးယူခွင့်ပြုသွား မည်ဖြစ်ပါသဖြင့် ပူးတွဲဖော်ပြပါ တိုင်းနှင့်ပြည်နယ်အသင်းများ ၊ ညီနောင်အသင်းများမှ ပါဝင်လျှောက်ထားနိုင်ပါ ကြောင်းနှင့် ချေးငွေလျှောက်လွှာ များကို ၃၀-၉-၂၀၂၃ ရက်နေ့ နောက်ဆုံးထားလက်ခံသွားမည် ဖြစ်ပါ၍ သက်ဆိုင်ရာ တိုင်းနှင့်ပြည်နယ်အသင်းများနှင့် ညီနောင်အသင်းများသို့ လာရောက် လျှောက်ထားသည့် ချေးငွေလျှောက်လွှာများကို soft copy နှင့် hard copများ ပူးတွဲ၍ [email protected] နှင့် [email protected] သို့ ဆက်လက်ပေးပို့လျှောက်ထားနိုင်ပါရန် အကြောင်းကြားအပ်ပါသည်။

 

 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Banking & Loan Read 627 times