အိန္ဒိယက တရုတ်သံမဏိအချို့အပေါ်  ဈေးချတင်ပို့မှုတန်ပြန်ခွန် ၅ နှစ် ချမှတ်


13 September, 2023

အိန္ဒိယက တရုတ်သံမဏိအချို့အပေါ်  ဈေးချတင်ပို့မှုတန်ပြန်ခွန် ၅ နှစ် ချမှတ်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

အိန္ဒိယအစိုးရက တရုတ်သံမဏိအချို့အပေါ် ဈေးအနိမ့်ဖြင့် ဈေးချတင်ပို့မှုတန်ပြန်ခွန် ၅ နှစ် ချမှတ်ကြောင်း စက်တင်ဘာလ ၁၁ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

အိန္ဒိယနိုင်ငံ၏ သံမဏိဆိုင်ရာ အတွင်းဝန် Nagendra Nath Sinha က သံမဏိလုပ်ငန်းသည် တရုတ်ရောင်းချသူများက အောက်ဈေး ဈေးအနိမ့်များဖြင့် အိန္ဒိယနိုင်ငံသို့ စတီးအမျိုးမျိုး တင်ပို့နေသည်အပေါ် ကြောင့်ကြမှုများ တင်ပြလာပြီးနောက် အစိုးရမှ သံမဏိတင်သွင်းမှုအခြေအနေကို စောင့်ကြည့်နေကြောင်း စက်တင်ဘာ ၄ ရက်က ပြောကြားခဲ့သည်။

၂၀၂၃ ဧပြီလမှ ဇူလိုင်လအတွင်းတွင် အိန္ဒိယသည် စတီးအမျိုးမျိုး မက်ထရစ်တန် ၂ သန်း တင်ပို့ခဲ့သည်။ ၂၀၂၀ ပြည့်နှစ်နောက်ပိုင်း အများဆုံး ဖြစ်သည်။ ယမန်နှစ်ကထက် ၂၃% ပိုများသည်ာ

၂၀၂၃ ဧပြီလမှ ဇူလိုင်လအတွင်းတွင် အိန္ဒိယသို့ စတီး အများဆုံး တင်ပို့သည့် နိုင်ငံမှာ တောင်ကိုရီးယား ဖြစ်ပါသည်။
 တရုတ်နိုင်ငံသည် အိန္ဒိယသို့ ဒုတိယအများဆုံး သံမဏိတင်ပို့သူဖြစ်ခဲ့သည်။ မက်ထရစ်တန် ၀.၆ သန်း တင်ပို့ခဲ့သည်။ ယမန်နှစ်ကထက် ၆၂% ပိုများသည်။
တရုတ်နိုင်ငံသည် အိန္ဒိယသို့ သံမဏိများ တင်ပို့ရာတွင် အများစုမှာ cold- rolled coil နှင့် cold- rolled sheet များ ဖြစ်ပါသည်။

Source: Reuters
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Taxation Export, Import Read 235 times