ကြိုတင်ကောက်ခံသည့် ဝင်ငွေခွန် ၂% ကင်းလွတ်ခွင့်နှင့် စပ်လျဉ်း၍ ကြေညာချက် ထုတ်ပြန်


30 December, 2020

ကြိုတင်ကောက်ခံသည့် ဝင်ငွေခွန် ၂% ကင်းလွတ်ခွင့်နှင့် စပ်လျဉ်း၍ ကြေညာချက် ထုတ်ပြန် ထားပါသည်။


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ 

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန

ကြေညာချက်အမှတ် (၆/၂၀၂၀) နေပြည်တော်၊ 

၁၃၈၂ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁ ရက်

(၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၃၀ ရက်) 

 

၁။  Coronavirus Disease 2019 (COVID-19)ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ လုပ်ငန်းများကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန် Coronavirus Disease 2019 (CovID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီမှ ညွှန်ကြားချက်နှင့်အညီ နိုင်ငံတော်မှ ဖြေလျှော့ပေးထားသည့် အခွန်အခများကို စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနမှ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလကုန်အထိ ကာလတိုးမြှင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။

 ၂။ CMP လုပ်ငန်းများ၊ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းများနှင့် အသေးစားအလတ်စား စီးပွားရေးလုပ်ငန်းများ၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်နှင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း သုံးလတစ်ကြိမ် ပေးဆောင်ရမည့် ဝင်ငွေခွန်နှင့် လစဉ်ပေးဆောင်ရမည့် ကုန်သွယ်လုပ်ငန်းခွန် တို့နှင့်စပ်လျဉ်း၍

(က) ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း 

၂၀၂၀ ပြည့်နှစ်၊ မတ်လ (၃၁) ရက်နေ့တွင်ကုန်ဆုံးမည့် ဒုတိယသုံးလပတ်အတွက်လည်းကောင်း၊ 

၂၀၂၀ ပြည့်နှစ်၊ ဇွန်လ (၃၀) ရက်နေ့တွင် ကုန်ဆုံးမည့် တတိယသုံးလပတ်အတွက်လည်းကောင်း၊ 

၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ (၃၀) ရက်နေ့တွင် ကုန်ဆုံးမည့် စတုတ္ထသုံးလပတ် အတွက်လည်းကောင်း၊ 

၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ (၃၁) ရက်နေ့တွင် ကုန်ဆုံးမည့် ပထမသုံးလပတ်အတွက် လည်းကောင်း 

သုံးလတစ်ကြိမ် ပေးဆောင်ရမည့် ဝင်ငွေခွန်များကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၃၁) ရက်နေ့အထိ ပေးဆောင်နိုင်ပါသည်။ ။ 

(ခ) ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း မတ်လ (၃၁) ရက်နေ့တွင် ကုန်ဆုံးမည့်လအတွက်မှစတင်၍ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ဒီဇင်ဘာလ (၃၁) ရက်နေ့ တွင် ကုန်ဆုံးမည့်လအတွက်အထိ လစဉ်ပေးဆောင်ရမည့် ကုန်သွယ်လုပ်ငန်းခွန်များကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၃၁) ရက်နေ့အထိ ပေးဆောင်နိုင်ပါသည်။ 

၃။ ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ပို့ကုန်လုပ်ငန်းများမှ ကြိုတင်ကောက်ခံသည့် ဝင်ငွေခွန် ၂% ကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၃၁) ရက်နေ့အထိ ကင်းလွတ်ခွင့်ပေးသွားမည်ဖြစ်ပါ သည်။

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန

 

Taxation Read 654 times