တစ်ဟုန်ထိုး တက်နေတဲ့ ကုန်စျေးနှုန်းများကို ထိန်းချုပ်မှု‌အောက် ရောက်ရှိနေဖို့ အလွန်အရေးကြီးကြောင်း  


10 July, 2022

တစ်ဟုန်ထိုး တက်နေတဲ့ ကုန်စျေးနှုန်းများကို ထိန်းချုပ်မှု‌အောက် ရောက်ရှိနေဖို့ အလွန်အရေးကြီးကြောင်း  IMF အကြီးအကဲ ပြောကြား


IMF မန်နေဂျင်း ဒါရိုက်တာ Kristalina Georgieva က တစ်ဟုန်ထိုး တက်နေတဲ့ ကုန်စျေးနှုန်းများကို ထိန်းချုပ်မှု‌အောက် ရောက် ရှိနေဖို့ အလွန်အရေးကြီးကြောင်း ပြောကြားပါတယ်။

 International Monetary Fund (IMF) အပြည်ပြည်ဆိုင်ရာ ငွေ‌ကြေးရန်ပုံငွေအဖွဲ့ အကြီးအကဲ  Kristalina Georgieva က ကမ္ဘာ့စီးပွားရေး အလားအလာ "သိသိသာသာ မှောင်မိုက်" နေသည်မှာ ဧပြီလကတည်းက ဖြစ်ကြောင်း၊ မြင့်မားသော ဆိုးကျိုးများကြောင့် လာမည့်နှစ်တွင် ကမ္ဘာလုံးဆိုင်ရာ ဆုတ်ယုတ်မှုဖြစ်နိုင်‌ခြေကို ပစ်ပယ်၍ မရကြောင်း သူက ပြောကြားပါတယ်။ 

IMF မန်နေးဂျင်း ဒါရိုက်တာ Kristalina Georgieva က Reuters  သတင်းဌာနသို့ ပြောကြားခဲ့ရာမှာ IMF က ၂၀၂၂ ကမ္ဘာ့စီးပွားရေး ကြီးထွားနှုန်း ကြိုတင်ခန့်မှန်းချက်ကို ၃.၆% လို့ ခန့်မှန်းထားခဲ့တာကို လာမယ့်သီတင်းပတ်များအတွင်း လျှော့ချပြီး ပြင်ဆင်ခန့်မှန်းဖို့ရှိကြောင်း ပြောကြားပါတယ်။ IMF စီးပွားရေး ပညာရှင်များက ပြင်ဆင်ခန့်မှန်းချက် ကိန်းဂဏန်းကို နောက်ဆုံးအဆင့် လုပ်ကိုင်နေကြပြီ ဖြစ်ကြောင်းလည်း ပြောကြားပါတယ်။

IMF က ၂၀၂၂ နှင့် ၂၀၂၃ အတွက် ကြိုတင်ခန့်မှန်းချက်ကို ဇူလိုင်လကုန်ပိုင်းမှာ ထုတ်ပြန်ဖို့ လျာထားပါတယ်။
ပြီးခဲ့တဲ့ ဧပြီလတုန်းက ကြီးထွားနှုန်း ရာခိုင်နှုန်းကို ကိန်းပြည့်ဂဏန်းဖြင့် လျှော့ချခဲ့ပါတယ်။
၂၀၂၁ မှာ ကမ္ဘာ့စီးပွားရေး ၆.၁% တိုးတက်ခဲ့ပါတယ်။
“ဧပြီလမှာ နောက်ဆုံးပြင်ဆင် သတ်မှတ်ပေးပြီးတဲ့နောက်ပိုင်း  အလားအလာက သိသိသာသာ မည်းမှောင်သွားတယ်” လို့ သူက ရိုက်တာသတင်းဌာနနှင့် အင်တာဗျူးမှာ ပြောကြားပါတယ်။ နေရာအနှံ့ ‌ကုန်ဈေးနှုန်း မြင့်တက်၊ ငွေကြေးဖောင်းပွနေခြင်း၊ ဗဟိုဘဏ်များ ဘဏ်တိုးနှုန်း မြင့်တက်နေခြင်း၊ တရုတ်ပြည်စီးပွားရေး ကြီးထွားနှုန်း နှေးကွေးနေခြင်း၊ ယူကရိန်းမှာ ရုရှားကျူးကျော်စစ်ကြောင့် ပိတ်ဆို့အရေးယူမှုများ မြင့်တက်နေခြင်းတို့ကြောင့် အလားအလာက သိသိသာသာ မည်းမှောင်သွားရပါတယ်လို့ သူက ရှင်းပြပါတယ်။
"ကျွန်မတို့ ဂပယ်အထကြမ်းနေတဲ့ ရေပြင်ထဲမှာ ရောက်နေတယ်" လို့ သူက ပြောပါတယ်။

မကြာသေးမီက စီးပွားရေးအချက်အလက်များအရ တရုတ်နှင့် ရုရှားတို့အပါအဝင် ကြီးမားသောစီးပွားရေးအချို့တို့မှာ  ဒုတိယသုံးလပတ်တွင် ကျုံ့သွားခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ်တွင် ဆိုးကျိုးများ  ပိုလို့‌ေတာင် မြင့်မားလာမှာကို သတိပြုမိကြောင်း သူမက ပြောကြားခဲ့သည်။

အမေရိကန် ဗဟိုဘဏ်ဖြစ်တဲ့ ပြည်ထောင်စု အရန်ရန်ပုံငွေ ဥက္ကဋ္ဌ Jerome Powell က ယခင်လတုန်းက ပြောကြားခဲ့ရာမှာ အမေရိကန်ဗဟိုဘဏ်အနေဖြင့် စီးပွားပျက်ကပ်ကိုထိန်းကွပ် ပြုပြင်ရန် မကြိုးစားသော်လည်း စျေးနှုန်းများကို ထိန်းချုပ်မှုအောက်မှာ ရှိနေစေဖို့ အပြည့်အဝ သံန္နိဋ္ဌာန် ချထားကြောင်း၊ ထိုအချက်ကို လုပ်ဆောင်တာကြောင့် စီးပွားရေး အကျဘက် ဦးလှည့်သွားမယ်ဆိုရင်တောင် လုပ်ဆောင်မှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

Georgieva က ကာလရှည်ကြာစွာ ဘဏ္ဍာရေး အခြေအနေများကို တင်းကျပ်ထားတာဟာ ကမ္ဘာ့စီးပွားရေး အလားအလာကို ရှုပ်ထွေးစေမှာဖြစ်ကြောင်း၊ သို့သော် တဟုန်ထိုးတက်နေတဲ့ စျေးနှုန်းများကို ထိန်းချုပ်မှု‌ေအာက် ရှိနေဖို့မှာ သေရေးရှင်ရေးတမျှ အရေးကြီးကြောင်း ပြောကြားပါတယ်။

ကမ္ဘာ့အလားအလာက လွန်ခဲ့တဲ့ ၂ နှစ်ထက် အုတ်အရော ပိုဖြစ်နေပြီး  စွမ်းအင်တင်သွင်းနေရတဲ့ နိုင်ငံများက ရုန်းကန်နေကြရချိန်မှာ အမေရိကန်အပါအဝင် စွမ်းအင် ပြည်ပတင်ပို့တဲ့ နိုင်ငံများက ပိုခိုင်နေကြောင်း သူက ပြောကြားပါတယ်။

ဈေးနှုန်း တည်ငြိမ်သည့်အခြေအနေ ပြန်လည်ရောက်ရှိဖို့က အရေးတကြီး အပူတပြင်း လိုအပ်နေတဲ့အတွက် ဈေးနှုန်းထိန်းချုပ်ဖို့ လုပ်ဆောင်ထားတာကြောင့် စီးပွားရေး ကြီးထွားမှုနှေးကွေးတာဟာ 'ပေးဆပ်ဖို့ လိုအပ်တဲ့ တန်ရာတန်ကြေး" ဖြစ်ကောင်းဖြစ်နေနိုင်ကြောင်း သူက ပြောကြားပါတယ်။
 
နိုင်ငံများ ကျင့်သုံးနေကြတဲ့ ဘဏ္ဍာရေးနှင့် ငျွေကြးမူဝါဒများက တစ်ကျောင်းတစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်း ဆိုသလို ကွဲပြားခြားနားနေတာကြောင့် ဆိုးကျိုးများ ပိုမိုကြီးထွားလာနေတာနဲ့ပတ်သက်လို့ Georgieva က ဗဟိုဘဏ်များရဲ့ ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်ရန် ကြိုးပမ်းအားထုတ်မှုအတွက် ဘဏ္ဍာရေးဆိုင်ရာ ပံ့ပိုးကူညီမှုကို ပျက်ပြားစေနိုင်ခြေ မှန်သမျှ ရှောင်လွှဲဖို့  နိုင်ငံများက မိမိတို့ရဲ့ အရေးယူလုပ်ဆောင်ချက်များကို ဂရုတစိုက်ဖြင့် ချိန်ညှိပေးကြရမှာဖြစ်ကြောင်း သူက ပြောကြားပါတယ်။ 
ဗဟိုဘဏ်များအကြား၊ ဘဏ္ဍာရေးဝန်ကြီးများအကြား  ခိုင်မာသော ညှိနှိုင်းဆောင်ရွက်မှုရေချိန် တက်ညီလက်ညီ ရှိနေအောင် ဖန်တီးဖို့ လိုအပ်ကြောင်း သူက ပြောကြားပါတယ်။

#MyanmarIndustriesGuide 
Telegram Channel
https://t.me/Guid4U

ဆက်စပ်ဖတ်ရှုရန်

IMF က စီးပွားကြီးထွားနှုန်းလျှော့ချခန့်မှန်:

Industry Reviews Read 8230 times