IMF က စီးပွားကြီးထွားနှုန်းလျှော့ချခန့်မှန်းသဖြင့် ရေနံစိမ်း ဈေးကျ


20 April, 2022

IMF က စီးပွားကြီးထွားနှုန်းလျှော့ချခန့်မှန်းသဖြင့် ရေနံစိမ်း ဈေးကျ


နိုင်ငံတကာငွေကြေး ရန်ပုံငွေ  International Monetary Fund(IMF) က ၂၀၂၂ အတွက် ကမ္ဘာ့စီးပွားရေး အခြေအနေကို ခန့်မှန်းချက် ထုတ်ပြန်ခဲ့ရာ၌  ကြီးထွားနှုန်း ၃.၆% ဟု ပြင်ဆင်ခန့်မှန်းထားပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ခန့်မှန်းချက်ထက် ယခု ဧပြီလ ခန့်မှန်းချက်က .၀၈% လျှော့ချပြီး ခန့်မှန်းထားပါတယ်။ ထိုသို့ လျှော့ချခန့်မှန်း လိုက်တဲ့အကျိုးဆက်အဖြစ် အင်္ဂါနေ့ (ဧပြီ ၁၉) မှာ ရေနံစိမ်းဈေးနှုန်း ၅% ကျဆင်းသွားပါတယ်။ 
IMF မှ ထုတ်ပြန်တဲ့ "WORLD ECONOMIC OUTLOOK(WEO) 2022 APRIL War Sets Back the Global Recovery" မှာ စွမ်းအင်ဈေးနှုန်းများ မြင့်တက်ခြင်း၊ ကြွေးမြီများပြားခြင်း၊ ပစ္စည်းပေးသွင်း ကွင်းဆက် ကမောက်ကမဖြစ်ခြင်း၊ ယူကရိန်းစစ်ပွဲ‌ေကြာင့် ဖြစ်ပေါ်တဲ့ ကုန်ဈေးနှုန်း မြင့်တက်ခြင်း၊ ကိုဗစ်ကပ်ဘေး စသည့်အချက်များကြောင့် ကမ္ဘာ့စီးပွားရေး ကြီးထွားနှုန်းကို လျှော့ချခန့်မှန်း လိုက်တာ ဖြစ်‌ပါတယ်။

 

 


“စစ်ပွဲ၏ စီးပွားရေးဆိုင်ရာ အကျိုးသက်ရောက်မှုများသည် ငလျင်ဗဟိုချက်မှ ထွက်လာသည့် ငလျင်လှိုင်းများကဲ့သို့ ဝေးဝေးလံလံနှင့် ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့နေသည်” လို့ IMF ရဲ့ chief economist ဖြစ်သူ Pierre-Olivier Gourinchas က အဆိုပါ အစီရင်ခံစာမှာ ရေးသားထားပါတယ်။
ကြီးထွားနှုန်း နှေးကွေးလျော့ကျရင် ရေနံသုံးစွဲမှု ပမာဏလည်း သိသိသာသာ လျော့ကျသွားမှာဖြစ်လို့ အဆိုပါ အစီရင်ခံ ထုတ်ပြန်လိုက်ပြီးချိန်မှာ ရေနံစိမ်းဈေးနှုန်း ကျဆင်းသွားခဲ့ပါတယ်။
အဆိုပါ ၂၀၂၂ ဧပြီလ  World Economic Outlook (WEO) မှာ IMF က ထွန်းသစ်စ အာရှ ကြီးထွားနှုန်းကိုလည်း ယခင် ၅.၉% ခန့်မှန်းခဲ့ပြီး ယခု  ၅.၄% လို့ ပြင်ဆင်ခန့်မှန်းထားပါတယ်။

 

 

 

 

 

 

 

Industry Reviews Read 2661 times