ကုန်သွယ်မှုမှာ ဒေါ်လာ မသုံးလိုကြသော်လည်း ဒေါ်လာမင်းမူနေဆဲ


26 April, 2023

ကုန်သွယ်မှုမှာ ဒေါ်လာ မသုံးလိုကြသော်လည်း ဒေါ်လာမင်းမူနေဆဲ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

ဘရာဇီးမှအစ အရှေ့တောင်အာရှနိုင်ငံများအထိ နိုင်ငံအများအပြားသည် အမေရိကန် ဒေါ်လာမှ လွဲ၍ အခြားငွေကြေးများဖြင့် ကုန်သွယ်မှုပြုလုပ်ရန် စီစဉ်ဆောင်ရွက်နေကြသည်။ 

ဗဟိုဘဏ်များ၏ နိုင်ငံခြားငွေအရန်ငွေ အမေရိကန်ဒေါ်လာ ပါဝင်သည့် အချိုးအစားသည် ၁၉၉၉ ခုနှစ်တွင် ၇၀ ရာခိုင်နှုန်းကျော် ရှိခဲ့ရာမှ လျော့ကျသွားသော်လည်း ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုတွင် ကန်ဒေါ်လာသည် လွှမ်းမိုးနေဆဲဖြစ်ကြောင်း IMF ဒေတာများအရ သိရသည်။
ပထဝီဝင်နိုင်ငံရေးဆိုင်ရာ ဘေးအန္တရာယ်များနှင့် စီးပွားရေး အလှုပ်အရွေ့များသည် အမေရိကန်‌ေဒါ်လာမှ ဝေးကွာ‌ေစမည့် လမ်းကြောင်းကို အရှိန်မြှင့်တင်‌ေပးခဲ့သည်။  


အမေရိကန်ဒေါ်လာသည် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုတွင် ဆယ်စုနှစ်များကြာအောင် မင်းမူနေခဲ့သည်။
ကမ္ဘာ့အကြီးဆုံး စီးပွားရေး ဖြစ်သော အမေရိကန်ကြောင့်သာမဟုတ်ဘဲ နိုင်ငံကြီးငယ် အားလုံး လိုအပ်သော အဓိက ကုန်စည်ဖြစ်သည့် ရေနံကို ‌ကန်ဒေါ်လာဖြင့် ရောင်းဝယ်ကြခြင်းကြောင့်လည်း ကန်ဒေါ်လာ ဆက်လက်မင်းမူနေ‌သည်။
ရေနံသာမက အခြားကုန်ပစ္စည်းအများစုကို စျေးနှုန်းသတ်မှတ်ရာတွင်လည်း ကန်ဒေါ်လာဖြင့် ဈေးနှုန်းသတ်မှတ်ပြီး ရောင်းဝယ်ကြသည်။  


အမေရိကန်ပြည်ထောင်စု ဗဟိုဘဏ် Federal Reserve သည် အမေရိကန် ပြည်တွင်းငွေကြေးဖောင်းပွမှုကို တိုက်ဖျက်ရန် အတိုးနှုန်းကို ပြင်းထန်သော  မြှင့်တင်ခြင်းများ ဆက်တိုက်ပြုနေစဉ် ကမ္ဘာတစ်ဝှမ်းရှိ ဗဟိုဘဏ်အများအပြားသည် တိုင်းပြည်မှ အရင်းအနှီးများ ပြည်ပသို့ ထွက်ရှိမှုကို တားဆီးရန်အတွက် အတိုးနှုန်းကို မြှင့်တင်ခဲ့ကြသည်။ ၎င်းတို့၏ နိုင်ငံသုံး ငွေကြေးများ သိသိသာသာ တန်ဖိုး ကျဆင်းခဲ့သည်။ ထိုအချက်ရ အမေရိကန်ဒေါ်လာဖြင့် အရောင်းအဝယ် ပြုရာတွင် မတည်မငြိမ် ဖြစ်နေစေသည်။ ပြင်ပမှ သက်ရောက်သည့် အားများ အောက်တွင်ရှိနေစေသည်။ သို့ဖြစ်ရာ အမေရိကန်ဒေါ်လာအစား အခြားအလျဉ်းသင့်ရာ ငွေကြေးဖြင့် ရောင်းဝယ်ကြရန် စီစဉ်ဆောင်ရွက်ကြသည်။
နိုင်ငံခြားငွေ အရန် ရန်ပုံငွေတွင်လည်း အခြားငွေကြေးများ ပိုမို ထည့်သွင်း ထားရှိလာကြသည်။ 


IMF ၏ Currency Composition of Foreign Exchange Reserves (COFER) မှ ထုတ်ပြန်ချက်အရ ယမန်နှစ်တွင် ကမ္ဘာ့ နိုင်ငံခြားငွေ အရန်ငွေတွင် အမေရိကန်ပါဝင်သည့် ရာခိုင်နှုန်းသည် ၅၈.၃၆% သို့ လျော့ကျသည်။
ယူရိုက ဒုတိယနေရာတွင် ရှိနေသော်လည်း ပထမနေရာမှ ကန်ဒေါ်လာနှင့် ရာခိုင်နှုန်း အတော်ကွာခြားသည်။ ၂၀.၅% ရှိသည်။
တတိယနေရာမှ တရုတ်သည် ၂.၇% ရှိသည်။
သို့ဖြစ်ရာ ကမ္ဘာ့ နိုင်ငံခြားငွေ အရန်ငွေတွင် ကန်ဒေါ်လာက အပြတ်အသတ် ပိုများပြီး မင်းမူနေဆဲ ဖြစ်သည်။

 


နှစ်နိုင်ငံ ကုန်သွယ်မှုများတွင် ကန်ဒေါ်လာ အစား ယွမ် သုံးစွဲရန် တရုတ်နိုင်ငံက တက်တက်ကြွကြွဖြင့် စည်းရုံးလုပ်ဆောင်နေသည်။ အလားတူပင် အိန္ဒိယနိုင်ငံကလည်း ရူပီး သုံးစွဲရန် လှုပ်ရှားလုပ်ကိုင်နေသည်။ 
IMF ၏ ၂၀၂၂ ကုန်သွယ်မှုလမ်းညွှန်ချက်ဆိုင်ရာ အချက်အလက်တွက်ချက်မှုတွင် တရုတ်ပြည်မကြီးသည် သွင်းကုန်နှင့် ပို့ကုန်နှစ်ခုလုံးအရ နိုင်ငံပေါင်း ၆၁ နိုင်ငံအတွက် အကြီးဆုံးကုန်သွယ်ဖက်ဖြစ်ခဲ့သည်။

နှိုင်းယှဉ်ကြည့်လျှင် အမေရိကန်သည်  နိုင်ငံပေါင်း ၃၀ တွင် အကြီးဆုံးကုန်သွယ်ဖက်ဖြစ်ခဲ့သည်။

ဈေးကွက်အချက်အလက်များ ကိုင်တွယ်သည့် Fitch Solutions မှ Cedric Chehab က “တရုတ်ရဲ့ စီးပွားရေးက ဆက်တက်လာနိုင်တဲ့အတွက် ကမ္ဘာ့ဘဏ္ဍာရေးအဖွဲ့အစည်းများနဲ့တကွ ကုန်သွယ်မှု စတာတွေမှာ ဩဇာပိုရှိလာစေလိမ့်မယ်” ဟု CNBC မီဒီယာသို့ ပြောကြားသည်။

သို့သော် ကန်ဒေါ်လာ လွှမ်းမိုးမှု လျော့ကျခြင်းသည် 'နှေးကွေးသော တိုက်စား‌ေလျာ့ပါးခြင်း'သာ ဖြစ်လိမ့်မည်ဟု ၎င်းက သုံးသပ်သည်။

ဘရာဇီးသမ္မတ Lula သည် ဧပြီလတွင် ပေကျင်းသို့ နိုင်ငံတော် အလည်အပတ် ခရီးစဉ် သွားရောက်ခဲ့ရာ၌ ကမ္ဘာ့ကုန်သွယ်မှုအတွက် ကန်ဒေါ်လာအပေါ်  တည်မှီအားထားမှု လျှော့ချရန် တောင်းဆိုခဲ့သည်။ 

S&P Global Market Intelligence ၏ အဆိုအရ ဘရာဇီးနှင့် တရုတ်ကြား ကုန်သွယ်မှုသည် ၂၀၂၂ ခုနှစ်တွင် ကန်ဒေါ်လာ ၁၅၀ ဘီလီယံအထိ ရောက်ရှိခဲ့ပြီး လွန်ခဲ့သည့်တစ်နှစ်ထက် ၁၀% ခုန်တက်သွားခဲ့သည်။

မကြာသေးမီက တရုတ်နိုင်ငံသို့ သွားရောက်လည်ပတ်စဉ်တွင် မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က အမေရိကန်ဒေါ်လာအပေါ် မှီခိုအားထားမှုကို လျှော့ချရန်အတွက် “အာရှငွေကြေးရန်ပုံငွေ” “Asian Monetary Fund” ထူထောင်ရန် အကြံပြုခဲ့သည်ကို Myanmar Industry Guide တွင် ဖော်ပြခဲ့ပါသည်။


Read more
အာရှငွေကြေး ရန်ပုံငွေအဖွဲ့ ဖွဲ့စည်းရေး တရုတ် ဆွေးနွေးရန် အသင့်ရှိ
https://www.industrialdirectory.com.mm/article/asian-monetary-fund-i.html


မတ်လတွင် အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပသော အာဆီယံဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်များ အစည်းအဝေးတွင် မူဝါဒချမှတ်သူများသည် အမေရိကန်ဒေါ်လာ၊ ယန်းနှင့် ယူရိုတို့အပေါ်  မှီခိုအားထားမှုကို ဖြတ်တောက်ရန်ကိစ္စရပ်ကို ဆွေးနွေးခဲ့ကြသည်။  ကန်ဒေါ်လာ၊ ယန်းနှင့် ယူရို တို့ကို အစား ၎င်းတို့၏ နိုင်ငံသုံး ငွေကြေးများဖြင့် အစားထိုး သုံးစွဲရန် ဆွေးနွေးခဲ့ကြသည်။

ဧပြီလအစောပိုင်းတွင် အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာန Ministry of External Affairs(MEA) မှ အိန္ဒိယနှင့် မလေးရှားတို့သည် အိန္ဒိယရူပီးဖြင့် ၎င်းတို့၏ကုန်သွယ်မှုကို စတင်ပေးချေကြောင်း ကြေညာခဲ့သည်။
 
ကမ္ဘာ့စီးပွားရေး အလှုပ်အရွေ့များ ပြောင်းလဲခြင်းသည် ပြည်တွင်းစီးပွားရေးကို နည်းလမ်းများစွာဖြင့် အကျိုးဖြစ်ထွန်းစေသည့် ကန်ဒေါ်လာ သုံးစွဲမှု လျော့ကျစေရေး De-dollarization လမ်းကြောင်းပေါ်တွင် ရောက်ရှိနေကြောင်း လေ့လာသုံးသပ်သူများက ဆိုသည်။
နိုင်ငံသုံးငွေများဖြင့် အရောင်းအဝယ် ပြုကြခြင်းသည် ကန်ဒေါ်လာ အတက်အကျကြောင့် ‌ဝင်ငွေ အတိုးအဆုတ် ဖြစ်ရခြင်း ကင်းစေသည်။  ရောင်းဈေးနှုန်းများသည် ဈေးကွက် ဝယ်လိုအားနှင့် ရောင်းလိုအားအရ ဖြစ်ပေါ်မည်။ ကန်ဒေါ်လာ ငွေလဲနှုန်း အတက်အကျ သက်ရောက်မှု လျော့နည်းမည်။ ပို့ကုန်လုပ်ငန်းများသာမက သွင်းကုန်လုပ်ငန်းများသည်လည်း တည်တည်ငြိမ်ငြိမ် ရှိမည် ဖြစ်သည်။

Source CNBC 
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Banking & Loan Read 319 times