အာရှငွေကြေး ရန်ပုံငွေအဖွဲ့ ဖွဲ့စည်းရေး တရုတ် ဆွေးနွေးရန် အသင့်ရှိ


05 April, 2023

အာရှငွေကြေး ရန်ပုံငွေအဖွဲ့ ဖွဲ့စည်းရေး တရုတ် ဆွေးနွေးရန် အသင့်ရှိ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U


အာရှငွေကြေး ရန်ပုံငွေအဖွဲ့ ဖွဲ့စည်းရေးနဲ့ ပတ်သက်ပြီး မလေးရှားနိုင်ငံနဲ့ ဆွေးနွေးဖို့ တရုတ်နိုင်ငံက အသင့်ရှိကြောင်း မလေးရှား ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က ပြောပါတယ်။
အမေရိကန်ဒေါ်လာအပေါ် တည်မှီနေကြရခြင်းကို လျှော့ချကြဖိူ့ အဆိုပြုထားတာ တစ်ဆယ်နှစ်ကျော်ကြာခဲ့ပြီ ဖြစ်ပြီး ယခု ပြန်လည်ရှင်သန်လာတာ ဖြစ်ပါတယ်။

ပြီးခဲ့သည့် သီတင်းပတ်က ဟိုင်နန်တွင် ပြုလုပ်ခဲ့တဲ့  Boao ဖိုရမ်တွင် ရန်ပုံငွေထူထောင်ရန် အဆိုပြုခဲ့ကြောင်း၊ အမေရိကန် ဒေါ်လာနှင့် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့အပေါ် မှီခိုအားထားမှုကို လျှော့ချရန် လိုအပ်ကြောင်း အန်ဝါက အလေးပေးပြောကြားခဲ့ပါတယ်။

"ကျွန်တော် တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံတဲ့အခါ သူက ချက်ချင်းပြောတယ်၊ အာရှငွေကြေးရန်ပုံငွေအဖွဲ့ အန်ဝါ ရဲ့ အဆိုပြုချက်နဲ့ ပတ်သက်လို့ ပြောရရင် ဆွေးနွေးမှုတွေကို ကြိုဆိုပါတယ်တဲ့" လို့ အန်ဝါက မလေးရှား ပါလီမန်မှာ ပြောကြားပါတယ်။ 
အန်ဝါသည် ပြီးခဲ့တဲ့ သီတင်းပတ်က တရုတ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ် သွားရောက်ခဲ့ပါတယ်။

ဘဏ္ဍာရေးဝန်ကြီး တာဝန်ကိုလည်း ယူထားတဲ့ ဝန်ကြီးချုပ်အန်ဝါက မလေးရှားဗဟိုဘဏ်က ရင်းဂစ်နှင့် ယွမ်ငွေကို အသုံးပြုကြဖို့ ကုန်သွယ်မှုဆိုင်ရာ ကိစ္စရပ်များ နှစ်နိုင်ငံ ညှိနှိုင်းဆွေးနွေးနိုင်စေရန် လုပ်ဆောင်နေပြီဖြစ်ကြောင်းလည်း ပြောကြားပါတယ်။

ကန်ဒေါ်လာ မာလာတဲ့အခါ နိုင်ငံသုံးငွေများ အားပျော့သွားကြရတဲ့ ဒဏ်ကို အနည်းဆုံးဖြစ်အောင် လုပ်ဆောင်ကြဖို့ နည်းလမ်းများ ရှာဖွေနေကြပါတယ်။
ပြည်ပမှ စားသောက်ကုန်များ အသားတင် တငါသွင်းနေရတဲ့ မလေးရှား အပါအဝင် အာရှနိုင်ငံတွေအဖို့ ‌ကန်ဒေါ်လာ မာလာတာဟာ ခေါင်းခဲစရာတစ်ခု ဖြစ်နေပါတယ်။

၂၀၂၂ စက်တင်ဘာလမှာ မလေးရှား ရင်းဂစ်နှင့်တကွ အခြား အရှေ့တောင်အာရှ ငွေကြေးများ ကန်ဒေါ်လာနှင့် ငွေလဲနှုန်းမှာ စံချိန်သစ်တင် နိမ့်ကျခဲ့ပါတယ်။

၁၉၉၀ ပြည့်လွန်နှစ်များအတွင်း ဘဏ္ဍာရေးဝန်ကြီးအဖြစ် ပထမဆုံးအကြိမ် သူ စတင်တာဝန်ထမ်းဆောင်စဉ် အာရှငွေကြေးရန်ပုံငွေအဖွဲ့Asian Monetary Fund ကို  စတင်ဖွဲ့စည်းရန် ကြိုးပမ်းခဲ့ဖူးကြောင်း အန်ဝါက ဧပြီ ၄ ရက်တွင် ပြောကြားခဲ့သည်။

Source Bangkokpost 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Banking & Loan Read 283 times