စင်ကာပူမှ ဘောလုံးကွင်း ၄၅ ကွင်းကျော် ကျယ်ဝန်းသည့်  ရေပေါ်ဆိုလာပြား ဓာတ်အားစက်ရုံ


18 November, 2023

စင်ကာပူမှ ဘောလုံးကွင်း ၄၅ ကွင်းကျော် ကျယ်ဝန်းသည့်  ရေပေါ်ဆိုလာပြား ဓာတ်အားစက်ရုံ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

စင်ကာပူရှိ ဧရာမ ရေပေါ်ဆိုလာပြား ဓာတ်အားစက်ရုံသည် ယခုအခါ သက်တမ်း ၂ နှစ် ရှိပြီ ဖြစ်သည်။

Sembcorp မှ အကောင်အထည်ဖော်ပြီး ဓာတ်အား ထုတ်လုပ်လျက် ရှိသည်။
၄ ခန်းပါ တိုက်ခန်း စုစုပေါင်း ၁၆,၀၀၀ အတွက် လုံလောက်သော ဓာတ်အား ထုတ်လုပ်ပေးနိုင်သည်။
လေထုညစ်ညမ်းမှု တနှစ်လျှင် တန် ၃၅,၀၀၀ သက်သာစေသည်။ ၎င်းပမာဏသည် လမ်းများပေါ်မှ အင်ဂျင်သုံးသည့်ကား အစီး ၇,၀၀၀ မှ ထုတ်လွှတ်သည့် လေထုညစ်ညမ်းမှု ပမာဏနှင့် ညီမျှသည်။

စင်ကာပူ၏ ပထမဆုံး ရေပေါ်ဆိုလာပြား ဓာတ်အားစက်ရုံတွင် ဆိုလာပြား ခုရေ ၁၂၂,၀၀၀ သုံးစွဲထားသည်။ အကျယ်အဝန်း ၁၁၁ ဧကကျော် ရှိသည်။  

၎င်းရေပေါ်ဆိုလာ ဓာတ်အားစက်ရုံမှ ဆိုလာပြားများသည် သက်တမ်း ၂၅ နှစ်ခံသည်။ 

စင်ကာပူမှ ရေသန့်စင်ရေးစက်ရုံ ၅ ခုကို ဓာတ်အား ထောက်ပံ့ပေးလျက်ရှိသည်။

ရေပေါ်ဆိုလာပြားများကို ဥရောပ၊ အာရှနှင့် မြောက်အမေရိကတို့တွင်လည်း အကောင်အထည်ဖော် သုံးစွဲလျက် ရှိသည်။
စင်ကာပူနှင့် အိမ်နီးနားချင်းနိုင်ငံဖြစ်သော အင်ဒိုနီးရှားတွင် ရေပေါ်ဆိုလာ ဓာတ်အားထုတ်လုပ်ရေး စတင်ခဲ့ကြောင်း Industries Guide တွင် ဖော်ပြခဲ့ပါသည်။


ဒေါ်လာ ၁၀၈ သန်း ရေပေါ်ဆိုလာဓာတ်အားစက်ရုံ အင်ဒိုနီးရှားသမ္မတ ဖွင့်လှစ်

https://www.industrialdirectory.com.mm/article/indonesia-floating-solar-plant.html

အကြောင်းစုံလင် ဖတ်ရှုရန် လင့်ကို ထိပါ



ဆိုလာပြားများကို မလှုပ်မယှက် အသေခင်းထားခြင်း နည်းလမ်းအပြင် နေရောင်ခြည်ကို အများဆုံး ရယူနိုင်ရန် ဆိုလာပြားကို အလိုက်သင့် စောင်းပေးသော အလှုပ်ခင်းခြင်း နည်းလမ်းကိုလည်း သုံးစွဲကြသည်။

 

မြေပေါ်ခင်းသည့် ဆိုလာပြားများသည် အေးအောင် ပြုပေးဖို့ ခဲယဉ်းသည်။ ရေပေါ်ဆိုလာပြား၏ အားသာချက်မှာ ရေက အေးအောင် ပြုပေးသဖြင့် မြေပေါ်၊ ခေါင်မိုးပေါ် ခင်းသည်ထက် ရေပေါ်ခင်းသည်က စွမ်းဆောင်ရည် ၁၅% ပိူမိုမြင့်မားသည်။ ထိူ့ပြင် အနီးအနားမှာ အရိပ်ကျမည့် အဆောက်အဦ မရှိသည့် ကောင်းချက်ကိုလည်း ရရှိနိုင်သည်။

Source finance yahoo
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Energy News Read 245 times