ဒေါ်လာ ၁၀၈ သန်း ရေပေါ်ဆိုလာဓာတ်အားစက်ရုံ အင်ဒိုနီးရှားသမ္မတ ဖွင့်လှစ်


12 November, 2023

ဒေါ်လာ ၁၀၈ သန်း ရေပေါ်ဆိုလာဓာတ်အားစက်ရုံ အင်ဒိုနီးရှားသမ္မတ ဖွင့်လှစ်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒူဒူသည် အနောက်ဂျာဗားပြည်နယ်ရှိ ရေလှောင်ကန်တစ်ခုတွင် ၁၉၂ မဂ္ဂါဝပ်အထိ ထုတ်လုပ်နိုင်သည့် ရေပေါ် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံကို နိုဝင်ဘာလ ၈ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

 

အင်ဒိုနီးရှားနိုင်ငံသည် ကျောက်မီးသွေး သုံးစွဲပြီး ဓာတ်အားထုတ်လုပ်ခြင်းအစား  ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ရင်းမြစ်များ သုံးစွဲခြင်း ပိုမိုများပြားလာစေရန် လုပ်ဆောင်လျက် ရှိသည်။


ရူပီယာ ၁.၇ ထရီလီယံ (ကန်ဒေါ်လာ ၁၀၈.၇၀ သန်း) စီမံကိန်းကို PLN Nusantara Power မှ အကောင်အထည်ဖော်ခဲ့သည်။

 PLN Nusantara Power သည် အင်ဒိုနီးရှားမှ နိုင်ငံပိုင် ဓာတ်အား ကုမ္ပဏီ Perusahaan Listrik Negara (PLN) နှင့် ယူအေအီးမှ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ကုမ္ပဏီ Masdar တို့ ပူးပေါင်းထူထောင်ထားသည့် ဖက်စပ်လုပ်ငန်း ဖြစ်သည်။

 


လက်ရှိတွင် ရေလှောင်ကန် ရေပြင်ဧရိယာ၏ ၄% ကိုသာ အသုံးပြုထားသဖြင့် ဆိုလာပြားများ ထပ်တိုးပြီး ထားရှိရန် နေရာ ကျန်ရှိသည်။ ပြဋ္ဌာန်းထားသည့် စည်းကမ်းအရ ရေပြင်ဧရိယာ၏ ၂၀% အထိ အသုံးပြုနိုင်သည်။
၁,၀၀၀ မဂ္ဂါဝပ်အထိ နိုင်ပြီး ဒုတိယအဆင့်အနေဖြင့်  ၅၀၀ မဂ္ဂါဝပ်အထိ ထုတ်လုပ်နိုင်အောင် တိုးချဲ့မည့် အစီအစဉ်ရှိသည်ဟု Masdar ကုမ္ပဏီက ပြောကြားသည်။ 


ယခုအခါ ဒုတိယအဆင့်ကို အကောင်အထည်ဖော်ရန် ဆွေးနွေးနေဆဲ ဖြစ်သည်။

၂၀၂၂ ခုနှစ်တွင် အင်ဒိုနီးရှားနိုင်ငံ ဓာတ်အား ထုတ်လုပ်မှု စုစုပေါင်း၏ ၁၂.၃% သည် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ဖြစ်ပြီး ၂၀၂၅ ခုနှစ်တွင် ၂၃% အထိ ဖြစ်လာရန် ရည်မှန်းထားသည်။
Source Reuters 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Energy News Read 238 times