ဘတ်ငွေ ၁၀.၄၆ ဘီလီယံကို အိမ်သုံးမီတာခများ ထောက်ပံ့ရန် သုံးစွဲခွင့် အတည်ပြု


17 May, 2023

ဘတ်ငွေ ၁၀.၄၆ ဘီလီယံကို အိမ်သုံးမီတာခများ ထောက်ပံ့ရန် သုံးစွဲခွင့် အတည်ပြု

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ၏ အိမ်စောင့်အစိုးရအဖွဲ့အား တနင်္လာနေ့တွင် ရွေးကောက်ပွဲကော်မရှင်က ၎င်း၏ အရေးပေါ်ရန်ပုံငွေမှ ဘတ်ငွေ ၁၀.၄၆ ဘီလီယံကို အိမ်သုံးမီတာခများ ထောက်ပံ့ရန် သုံးစွဲခွင့် အတည်ပြုပေးခဲ့ပါသည်။
မြင့်မားသော ဓာတ်အားအခွန်အကောက်များကြောင့် ထိခိုက်ခံစားရသူများအား ထောက်ပံ့ကူညီပေးရန် အတွက် ဖြစ်ပါသည်။
.
 အထွေထွေရွေးကောက်ပွဲအပြီး တစ်ရက်အကြာတွင် အတည်ပြုချက် ပေးလိုက်ခြင်း ဖြစ်သည်။
 .
ဖွဲ့စည်းပုံ အခြေခံဥပဒေအရ၊ အောက်လွှတ်တော် ဖျက်သိမ်းပြီးနောက် အစိုးရအဖွဲ့မှ အရေးပေါ်အခြေအနေများအတွက် ဘတ်ဂျက်ခွဲဝေသုံးစွဲမှုအား ရွေးကောက်ပွဲကော်မရှင်က ဦးစွာ ထောက်ခံအတည်ပြု‌ပေးရပါသည်။
 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Taxation Read 385 times