၂၀၂၂ ခုနှစ် မေလ ၁၈ ရက် ဗုဒ္ဓဟူးနေ့ ရွှေဈေးငွေဈေး


18 May, 2022

၂၀၂၂ ခုနှစ် မေလ ၁၈ ရက်  
ဗုဒ္ဓဟူးနေ့ ရွှေဈေးငွေဈေး


ရန်ကုန်မြို့မှာ ဖြစ်ပေါ်ခဲ့သော အမေရိကန်ဒေါ်လာငွေလဲနှုန်းသည် 
အမေရိကန်တစ်ဒေါ်လာလျှင် - - -
အရွက်ဈေး  ကျပ် 2025~2040  ဝန်းကျင်ဖြစ်သည်။ 
ဗဟိုဘဏ် ရည်ညွှန်းဈေး  ကျပ်  1850 (± 3)ဖြစ်ပါသည်။ 
    
အခြားငွေကြေး ငွေလဲနှုန်းများမှာ 
ယူရို ဒေါ်လာ  2150 ကျပ်
စင်ကာပူ ဒေါ်လာ  1485 ကျပ်
မလေးရှား ရင်းဂစ်  465  ကျပ်
ထိုင်း ဘတ်  60.5 ကျပ်
ဂျပန် ယန်း   16.8 ကျပ်
တရုတ် ယွမ်  318 ကျပ်
တို့ ဖြစ်သည်။

 

ဖတ်ရှုလေ့လာရန် အပြာရောင်ခေါင်းစဉ်ကို ထိပါ
A bank ထိုင်း – မြန်မာ နယ်စပ်ကုန်သွယ်ရေး ငွေလွှဲဝန်ဆောင်မှု အခကြေးနှုန်းထားများ 



 ရွှေကို လေပတ်ကားရောင်းဝယ်သူများ၊ လမ်းဘေးတွင် ရွှေရောင်းချသူများကို ဖမ်းဆီးအရေးယူ

 

ရွှေကို လေပတ်ကားရောင်းဝယ်သူများ၊ လမ်းဘေးတွင် ရွှေရောင်းချသူများကို ဖမ်းဆီးအရေးယူခြင်းဖြစ်ပြီး ရွှေလုပ်ငန်းရှင်များအား ဖမ်းဆီးခြင်းမဟုတ်ကြောင်း ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦး က ပြောကြားသည်။

“ရွှေလုပ်ငန်းရှင်တွေ မဟုတ်ဘူး။ လမ်းပေါ်က လေပတ်ကားသမားတွေပါ။ လေပတ်ကားသမားတွေက လမ်းပေါ်မှာ လုပ်နေကြတာ။ ဌာနဆိုင်ရာကလည်း သူ့အလုပ်သူလုပ်တာပေါ့။ ရုံးမှာလည်း ဖြစ်တာမဟုတ်ဘူး။ ရွှေသမားတင်မဟုတ်ဘူး။ ဒေါ်လာသမားတွေလည်း ပါတယ်။ ကျောက်သမားတွေလည်း ပါတယ်” ဟု ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူက ပြောကြားသည်။

မေ ၁၆ ရက်တွင် ၎င်းတို့အား သက်ဆိုင်ရာတာဝန်ရှိသူများက ဖမ်းဆီးစစ်ဆေးနေခြင်းဖြစ်ပြီး အရေအတွက်ကိုမူ အတိအကျ မသိရသေးပေ။

ယင်းသို့ ဖြစ်ပွားအပြီးတွင် ရွှေဆိုင်များ၊ ရွှေတုံးရွှေခဲရောင်းဝယ်သူများ၊ အွန်လိုင်းမှ အရောင်းအဝယ်ပြုလုပ်သူများ လိုင်စင်ပြုလုပ်ရန်နှင့် သတင်းပေးပို့ခြင်းမရှိဘဲ နယ်စပ်ဖြတ်ကျော် ရွှေအရောင်းအဝယ်များ မပြုလုပ်ရန် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) က မေ ၁၇ ရက် နံနက်တွင် ထုတ်ပြန်သည်။ မေ ၁၇ ရက်က ယင်းသို့ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး လိုက်နာမှုမရှိပါက ဥပဒေအရ အရေးယူမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရွှေအရောင်းအဝယ်ပြုလုပ်ရာတွင် ရွှေအရောင်းအဝယ်လိုင်စင်မရှိသည့် ရွှေဆိုင်များ ရွှေအရောင်းအဝယ် လိုင်စင်ပြုလုပ်ရန်၊ မီးလင်းရွှေအတုံးအခဲ အရောင်းအဝယ်ပြုလုပ်သူများ လိုင်စင်ပြုလုပ်ရန်၊ ရွှေအရောင်းအဝယ် လိုင်စင်ပြုလုပ်ထားခြင်းမရှိဘဲ အွန်လိုင်းပေါ်မှ အရောင်းအဝယ်ပြုလုပ်သူများအား အရေးယူရန်၊ မီးလင်းရွှေအတုံးအခဲအရောင်းအဝယ် ပြုလုပ်သူများအနေဖြင့် စာရင်းများ တိကျမှန်ကန်စွာပြုလုပ်ရန်၊ ရွှေအရောင်းအဝယ်စာရင်းဇယားများကို တိကျမှန်ကန်စွာဖြည့်စွက်ရန်၊ ရွှေမှောင်ခိုစျေးကွက် ပပျောက်စေရန်နှင့် ရွှေစျေးနှုန်းတည်ငြိမ်စေရေးအတွက် ရွှေအရောင်းအဝယ်ကိစ္စများကို အသင်းရုံးခန်းအတွင်းမှအပ မည်သည့်နေရာတွင်မဆို အရောင်းအဝယ်ပြုလုပ်ခြင်းများ လုံးဝမပြုလုပ်ကြရန်နှင့် စာရင်းပေး သတင်းပေးအကြောင်းကြားခြင်းမရှိဘဲ နယ်စပ်ဖြတ်ကျော်အရောင်းအဝယ်မပြုလုပ်ရန်နှင့် လိုက်နာမှုမရှိပါက လူပုဂ္ဂိုလ်များနှင့် ရွှေဆိုင်များကို ဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

news-eleven.com


YGEA က ရွှေကုန်သည်များ သိရှိရန် အချက် (၇) ချက်ထုတ်ပြန်
 လေ့လာဖတ်ရှုရန် အပြာရောင်လင့်ကို ထိပါ


 

ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်းများအသင်း (YGEA) က မေလ(၁၈)ရက် မနက်ပိုင်း  ၁၀:၁၀ နာရီတွင် ထုတ်ပြန်သည့် အကယ်ဒမီ မီးလင်းရွှေ အဖွင့်ဈေးမှာ 2,030,000 ဖြစ်ပြီး မွန်းလွဲပိုင်း ၂း၃၀ နာရီတွင် ထုတ်ပြန်သည့် အပိတ်ဈေးမှာလည်း  2,030,000  ဖြစ်ပါသည်။ 

ရန်ကုန်မြို့တွင် ဖြစ်ပေါ်သော အကယ်ဒမီ မီးလင်းအခေါက်ရွှေစျေးနှုန်းမှာ 


မနက်         2,037,000
နေ့လယ်    2.039,000
ညနေ        2.039,000

ဝန်းကျင်ဖြစ်ပါသည်။ 
  
၁၅ ပဲရည် ရွှေစျေးနှုန်းမှာ   1,919,000ဝ န်းကျင်ဖြစ်ပါသည်။ 


ကမ္ဘာ့ရွှေစျေး တစ်အောင်စ အမေရိကန်ဒေါ်လာ 1816 ဝန်းကျင်ရှိပါသည်။


ကမ္ဘာ့ရွှေစျေး အချိန်နှင့် တပြေးညီ ကြည့်ရှုရန် ထိပါ  

.    WORLD GOLD PRICE .

 


 

Banking & Loan Read 8868 times