၂၀၂၂ ခုနှစ် မေလ ၁၇ ရက် အင်္ဂါနေ့ ရွှေဈေးငွေဈေး


17 May, 2022

၂၀၂၂ ခုနှစ် မေလ ၁၇ ရက်  
အင်္ဂါနေ့ ရွှေဈေးငွေဈေး


ရန်ကုန်မြို့မှာ ဖြစ်ပေါ်ခဲ့သော အမေရိကန်ဒေါ်လာငွေလဲနှုန်းသည် 
အမေရိကန်တစ်ဒေါ်လာလျှင် - - -
အရွက်ဈေး  ကျပ် 2015~2035  ဝန်းကျင်ဖြစ်သည်။ 
ဗဟိုဘဏ် ရည်ညွှန်းဈေး  ကျပ်  1850 (± 3)ဖြစ်ပါသည်။ 
    
အခြားငွေကြေး ငွေလဲနှုန်းများမှာ 
ယူရို ဒေါ်လာ  2140 ကျပ်
စင်ကာပူ ဒေါ်လာ  1480 ကျပ်
မလေးရှား ရင်းဂစ်  462  ကျပ်
ထိုင်း ဘတ်  60.5 ကျပ်
ဂျပန် ယန်း   17.5 ကျပ်
တရုတ် ယွမ်  320 ကျပ်
တို့ ဖြစ်သည်။


 YGEA က ရွှေကုန်သည်များ သိရှိရန် အချက် (၇) ချက်ထုတ်ပြန်

ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း YGEA က ရွှေကုန်သည်များ သိရှိရန် အချက် (၇) ချက် ထုတ်ပြန်ထားသည်ကို ဖော်ပြအပ်ပါသည်။ 


(၁) ရွှေအရောင်းအဝယ်လိုင်စင်ပြုလုပ်ထားခြင်းမရှိသော ရွှေဆိုင်များ ရွှေအရောင်းအဝယ်လိုင်စင်ပြုလုပ်ကြရန်။

(၂)မီးလင်းရွှေအတုံးအခဲအရောင်းအဝယ်ပြုလုပ်သူများလိုင်စင်ပြုလုပ်ထားကြရန်။

(၃)Socieal Media Application များ (Online)များမှတစ်ဆင့် ရွှေအရောင်းအဝယ် လိုင်စင်ပြုလုပ်ထားခြင်းမရှိသော အရောင်းအဝယ်ပြုလုပ်သူများအား အရေးယူရန်။

(၄)မီးလင်းရွှေအတုံးအခဲအရောင်းအဝယ်ပြုလုပ်နေသောရွှေဆိုင်များသည်  မီးလင်းရွှေအတုံးအခဲစာရင်းများ တိကျမှန်ကန်စွာ စာရင်းပြုစုထားရှိရန်။

(၅)ရွှေအရောင်းအဝယ် စာရင်းဇယားများကို တိကျမှန်ကန်စွာ ဖြည့်စွက်ပေးရန်။

(၆)ရွှေမှောင်ခိုဈေးကွက် ပပျောက်စေရန်နှင့် ရွှေဈေးနှုန်းတည်ငြိမ်စေရေးအတွက် ရွှေအရောင်းအဝယ်ကိစ္စများကို အသင်းရုံးခန်းအတွင်းမှအပ မည်သည့်နေရာတွင်မဆို အရောင်းအဝယ် ပြုလုပ်ခြင်းများလုံးဝမပြုလုပ်ကြရန် ၊ လက်ငင်းအရောင်းအဝယ်သာ ပြုလုပ်ကြရန် နှင့် စာရင်းပေး၊ သတင်းပေးပို့ခြင်း မရှိဘဲ နယ်စပ် ဖြတ်‌ကျော် အရောင်းအဝယ်ပြုလုပ်ခြင်းများကို မပြုလုပ်ကြရန်။

(၇)အထက်ပါ အချက်အလက်များကို လိုက်နာဆောင်ရွက်ခြင်း မရှိသောပုဂ္ဂိုလ်များ နှင့် ဆိုင်များအားတည်ဆဲ ဥပဒေ အရအရေးယူဆောင်ရွက်သွားမည်။


မီးလင်းရွှေအတုံးအခဲ လိုင်စင်အတွက် ထောက်ခံစာ YGEA အသင်းရုံးတွင်  ရယူနိုင်

မီးလင်းရွှေ အတုံး/အခဲ ရောင်းဝယ်ရာတွင် စည်ပင် လိုင်စင်ပြုလုပ်ရမည်ဖြစ်ပြီး အဆိုပါ ရွှေအတုံး/အခဲလိုင်စင်လျှောက်ထားရာတွင် ပါဝင်ရမည့် YGEA ၏ ထောက်ခံစာကို အမှတ် ၄၂/၅၀ ပထမထပ် ရွှေဘုံသာလမ်း (အောက်ဘလောက်) ပန်းပဲတန်းမြို့နယ် ရန်ကုန်မြို့ တွင် တည်ရှိသော  ရန်ကုန်တိုင်းဒေသကြီး
ရွှေလုပ်ငန်းရှင်များ အသင်း (YGEA) အသင်းရုံးတွင်  ရုံးချိန်အတွင်း လာရောက် ရယူနိုင်ကြောင်း အသိပေး ကြေညာထားပါသည်။


ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်းများအသင်း (YGEA) က မေလ(၁၇)ရက် မနက်ပိုင်း  ၁၀:၁၅ နာရီတွင် ထုတ်ပြန်သည့် အကယ်ဒမီ မီးလင်းရွှေ အဖွင့်ဈေးမှာ 2,040,000 ဖြစ်ပြီး မွန်းလွဲပိုင်း ၂:၄၅ နာရီတွင် ထုတ်ပြန်သည့် အပိတ်ဈေးမှာလည်း  2,040,000 ဖြစ်ပါသည်။ 

ရန်ကုန်မြို့တွင် ဖြစ်ပေါ်သော အကယ်ဒမီ မီးလင်းအခေါက်ရွှေစျေးနှုန်းမှာ YEGA  ရည်ညွှန်းဈေးနှုန်းကို ကျပ် ၅,၀၀၀ တိုးထားသည့်  2,045,000   ဝန်းကျင်ဖြစ်ပါသည်။ 
  
၁၅ ပဲရည် ရွှေစျေးနှုန်းမှာ   1,924,500 ဝန်းကျင်ဖြစ်ပါသည်။ 

ကမ္ဘာ့ရွှေစျေး တစ်အောင်စ အမေရိကန်ဒေါ်လာ 1829 ဝန်းကျင်ရှိပါသည်။


ကမ္ဘာ့ရွှေစျေး အချိန်နှင့် တပြေးညီ ကြည့်ရှုရန် ထိပါ  

.    WORLD GOLD PRICE .

Banking & Loan Read 14456 times