တရုတ်နိုင်ငံမှ တင်သွင်းသည့် သံမဏိအပေါ်   ထိုင်း စုံစမ်းစစ်ဆေးမှု စတင်


20 September, 2023

တရုတ်နိုင်ငံမှ တင်သွင်းသည့် သံမဏိအပေါ်   ထိုင်း စုံစမ်းစစ်ဆေးမှု စတင်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 


 တရုတ်နိုင်ငံမှ ထိုင်းနိုင်ငံသို့  rolled steel သံမဏိထည်များ တင်ပို့ရာတွင် အမှန်တကယ် ကုန်ကျစရိတ်ထက် သက်သာနေသော ဈေးနှုန်းများဖြင့် ဈေးချပြီး တင်ပို့ခြင်းများအပေါ် တားဆီးရေး အစီအမံများကို ရှောင်လွှဲမှု ရှိမရှိ ထိုင်းနိုင်ငံမှ စုံစမ်းစစ်ဆေးမှု စတင်ခဲ့ကြောင်း ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ စက်တင်ဘာလ ၁၅ ရက်နေ့စွဲဖြင့် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ စုံစမ်းစစ်ဆေးမှုတွင် တရုတ်နိုင်ငံမှ ထုတ်လုပ်သူ ၁၇ ဦးမှ ထိုင်းသို့ တင်ပို့သည့် hot-rolled steel sheet coil များနှင့် non-coil များ  ပါဝင်သည်။
"ဈေးချတင်ပို့မှု တားဆီးရေးအတွက် ဈေးချတင်ပို့မှု တန်ပြန်ခွန်ကို  အခွန်ရှောင်မှု ရှိကြောင်း လုံလောက်သော သက်သေ အထောက်အထားများ ရှိနေသဖြင့် စုံစမ်းစစ်ဆေးမှု ပြုလုပ်ရန် အမိန့်ချမှတ်ပါသည်" ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

ထိုင်းသံမဏိထုတ်လုပ်သူ လေးဦးသည် ထိုင်းနိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုဌာနထံ တိုင်ကြားခဲ့ပြီးနောက် ယခုကဲ့သို့ ကြေညာချက်ထွက်ပေါ်လာခြင်းဖြစ်သည်။
Source Reuters 


အိန္ဒိယက တရုတ်သံမဏိအချို့အပေါ်  ဈေးချတင်ပို့မှုတန်ပြန်ခွန် ၅ နှစ် ချမှတ်

https://www.industrialdirectory.com.mm/article/india-anti-dumping-duty-chinese-steel.html
အကြောင်းစုံလင် ဖတ်ရှုရန် လင့်ကို ထိပါ


 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

Export, Import Laws and Regulations Read 271 times