တရုတ်နိုင်ငံ ရေနံသွင်းကုန်ခွဲတမ်း တန်ချိန် သန်း ၁၁၀ ကျော် ချပေး


22 January, 2023

တရုတ်နိုင်ငံ ရေနံသွင်းကုန်ခွဲတမ်း တန်ချိန် သန်း ၁၁၀ ကျော် ချပေး

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

ရေနံစိမ်း သန့်စင်စက်ရုံများအတွက် နောက်ထပ် တစ်သုတ် တင်သွင်းမှု ခွဲတမ်းကို တရုတ်အစိုးရက ကြေညာခဲ့ပြီး ပုဂ္ဂလိက သန့်စင်သည့် စက်ရုံ ၄၄ ခုကို ရေနံစိမ်း မက်ထရစ်တန် ၁၁၁.၈၂ သန်း တင်သွင်းရန် ခွင့်ပြုခဲ့သည်။ ယခုအကြိမ်သည် ၂၀၂၃ အတွက် ဒုတိယအကြိမ် ခွဲတမ်းချပေးခြင်း ဖြစ်သည်။
၂၀၂၂ အောက်တိုဘာလတွင် တရုတ်အစုိးရသည် ရေနံစိမ်း သန့်စင်စက်ရုံ ၂၁ ခုအတွက် မက်ထရစ်တန်ချိန် ၂၀ သန်းကို ၂၀၂၃ ခုနှစ်တွင် တင်သွင်းရန် ခွဲတမ်းချပေးခဲ့သည်။ 
သို့ဖြစ်ရာ ၂၀၂၃ အတွက် ရေနံသွင်းကုန်ခွဲတမ်း  ချပေးထားသည်မှာ တန်ချိန် ၁၃၂ သန်း ရှိနေပြီဖြစ်သည်။ 

ယခုအသုတ်တွင် သွင်းကုန်ခွဲတမ်း အများဆုံး ရရှိသည့် လုပ်ငန်းမှာ တရုတ်နိုင်ငံတွင် အကြီးမားဆုံး ပုဂ္ဂလိကရေနံချက်လုပ်ငန်း Zhejiang Petrochemical Corp (ZPC) ဖြစ်ပြီး တန်ချိန် သန်း ၂၀ ခွဲတမ်းရရှိသည်။ 
 Hengli Petrochemical က တန်ချိန် ၁၄ သန်း ခွဲတမ်း ရရှိသည်။
လုပ်ငန်းအသစ်ဖြစ်ပြီး တစ်ရက် စည် ၃၂၀,၀၀၀ ချက်နိုင်သည့် Shenghong Petrochemical က တန်ချိန် ၈ သန်း ခွဲတမ်း ရရှိသည်။

တရုတ်နိုင်ငံတွင် ပုဂ္ဂလိကရေနံချက်စက်ရုံလုပ်ငန်းများကို သွင်းကုန်ခွဲတမ်းဖြင့် အစိုးရက ချုပ်ကိုင်ထားသည်။ နှစ်စဉ်နှစ်တိုင်း သွင်းကုန်ခွဲတမ်းကို အသုတ်လိုက် တစ်သုတ်ပြီးတစ်သုတ် အစိုးရက ချပေးသည်။ 
ပုဂ္ဂလိကရေနံချက်စက်ရုံများအတွက် ဓာတ်ဆီ၊ ဒီဇယ်ဆီ၊ လေယာဉ်ဆီတို့အတွက် ပို့ကုန်ခွဲတမ်းကိုလည်း တရုတ်အစိုးရက ချပေးသည်။


ဆက်စပ်ဖတ်ရှုရန်
တရုတ်နိုင်ငံ ဒီဇင်ဘာလ ဒီဇယ်နှင့် ဓာတ်ဆီ တင်ပို့မှု မြင့်တက်

https://www.industrialdirectory.com.mm/article/china-export-fuel-dec-2022.html


Source Oilprice.com
 

Energy News Read 266 times