တရုတ်နိုင်ငံ ဒီဇင်ဘာလ ဒီဇယ်နှင့် ဓာတ်ဆီ တင်ပို့မှု မြင့်တက်


19 January, 2023

တရုတ်နိုင်ငံ ဒီဇင်ဘာလ ဒီဇယ်နှင့် ဓာတ်ဆီ တင်ပို့မှု မြင့်တက်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U


၂၀၂၂ တစ်နှစ်တာအတွင်း တရုတ်နိုင်င‌ံမှ ဒီဇယ်၊ ဓာတ်ဆီ တင်ပို့မှုသည် ၂၀၂၁ ထက် နည်းပါသည်။ ၂၀၂၂ တွင် လေယာဉ်ဆီ တင်ပို့မှု ၂၀၂၁ ထက်၂၇% ပိုများသည်။


ဒီဇင်ဘာလတွင် တရုတ်နိုင်ငံ၏ ဒီဇယ်တင်ပို့မှုသည်  မြင့်တက်ခဲ့သည်။ ၂ လ ဆက်တိုက် မြင့်တက်ခြင်း ဖြစ်သည်။
 ဓာတ်ဆီတင်ပို့မှုလည်း မြင့်တက်ခဲ့ပြီး ၃ လ ဆက်တိုက် မြင့်တက်ခြင်း ဖြစ်သည်။ 
ကိုဗစ်ကူးစက် ပျံ့နှံ့မှုကြောင့်  ပြည်တွင်း စက်သုံးဆီ လိုအပ်ချက် လျော့ကျသည်။ ရေနံချက်လုပ်ငန်းများသည်  ၎င်းတို့၏ နှစ်စဉ် ပို့ကုန်ခွဲတမ်း တိုးပေးထားသည်ကို  အသုံးချပြီး ပြည်ပသို့ ပိုမိုတင်ပို့ခဲ့ကြသည်။

ဒီဇင်ဘာလတွင် တရုတ်နိုင်ငံသည် ဒီဇယ်တန်ချိန် ၂.၇၉ သန်း တင်ပို့ခဲ့သည်။ နိုဝင်ဘာလတွင် တန်ချိန် ၂.၁၀ သန်း တင်ပို့ခဲ့သည်ထက် ပိုများသည်။ ဒီဇင်ဘာလ တင်ပို့သည့် ပမာဏသည် ၂၀၂၁ မတ်လနောက်ပိုင်း အများဆုံးဖြစ်သည်။
တစ်နှစ်တာ ဒီဇယ်တင်ပို့သည့်ပမာဏသည် တန်ချိန် ၁၀.၉၂ သန်း ဖြစ်ပါသည်။ ၂၀၂၁ တွင် တန်ချိန် ၁၇.၂၁ သန်း တင်ပို့ခဲ့ပါသည်။

ဒီဇင်ဘာလတွင် ဓာတ်ဆီတင်ပို့မှုသည် တန်ချိန် ၁.၉၁ သန်းရှိခဲ့သည်။ ၂၀၂၀ အောက်တိုဘာလနောက်ပိုင်း အများဆုံး ဖြစ်သည်။ နိုဝင်ဘာလတွင် တန်ချိန် ၁.၄၉ သန်း တင်ပို့ခဲ့သည်။
၂၀၂၂ ခုနှစ်တွင် စုစုပေါင်း ဓာတ်ဆီ တင်ပို့မှုမှာ တန်ချိန် ၁၂.၅၆ သန်းရှိခဲ့သည်။ ၂၀၂၁ တွင် တန်ချိန် ၁၄.၅၄ သန်း တင်ပို့ခဲ့သည်။

ရေနံချက်လုပ်ငန်းများသည် ရရှိထားသည့် တစ်နှစ်တာ ပို့ကုန်ခွဲတမ်း အပြည့်အဝ သုံးစွဲနိုင်ရန် ပြည်ပတင်ပို့မှုများကို တိုးမြှင့်နေကြသည်။

နိုဝင်ဘာလကုန်တွင် ကိုဗစ်ကန့်သတ်ချက်များရုတ်တရက်ဖြေလျှော့ပေးပြီးနောက် ပြည်တွင်းခရီးသွားလာမှုမှာ အစပိုင်းတွင် မြင့်တက်လာခဲ့သော်လည်း ကိုဗစ်ကူးစက်မှု များပြားလာသဖြင့် ပိုးမကူးစေရန် အိမ်မှာသာ အနေများကြသဖြင့် သွားလာမှုများ ပြန်လျော့ကျသွားပြီး စက်သုံးဆီ ဝယ်လိုအားလည်း လျော့ကျသွားသည်။ 

အစိုးရက ပို့ကုန်ခွဲတမ်းကို ဒီဇယ်၊ ဓာတ်ဆီနှင့် လေယာဉ်ဆီတို့အတွက် စုစုပေါင်း တန်ချိန် ၁၃.၂၅ သန်း ထပ်တိုးပေးသည်။ သို့ဖြစ်ရာ ၂၀၂၂ အတွက် ပို့ကုန်ခွဲတမ်း စုစုပေါင်း တန်ချိန် ၃၇.၂၅ သန်း ဖြစ်သွားပြီး ၂၀၂၁ ပို့ကုန်ခွဲတမ်းနှင့် ပမာဏ အတူတူ ဖြစ်သွားသည်။

အစိုးရက ၂၀၂၃ အတွက် ပထမအသုတ် ပို့ကုန်ခွဲတမ်း တန်ချိန် ၁၉ သန်းဝန်းကျင် သတ်မှတ်‌ကြောင်း ကြေညာခဲ့သည်။
တရုတ်နှစ်သစ်ကူးကာလ တစ်ပတ်တာ အားလပ်ရက်တွင် ခရီးသွားလာမှု များမည်ဟု ခန့်မှန်းထားပြီး အထူးသဖြင့် ဓာတ်ဆီကို ဝယ်လိုအား မြင့်တက်မည်ဟု ခန့်မှန်းထားသည်။

တရုတ်နိုင်ငံသည် သဘာဝဓာတ်ငွေ့ရည် liquefied natural gas (LNG) ကို ၂၀၀၆ ခုနှစ်မှစ၍ နှစ်စဉ်နှစ်တိုင်း တင်သွင်းခဲ့သည်။ ၂၀၂၂ ခုနှစ်တွင် စုစုပေါင်း LNG တင်သွင်းမှု ပမာဏမှာ တန်ချိန် ၅၆ ဒသမ ၈၈ သန်းဖြစ်ပါသည်။ ၂၀၂၁ ထက် ၁၉.၅% လျော့နည်းပါသည်။
 ဒီဇင်ဘာလတွင် တန်ချိန် ၆.၆ သန်း တင်သွင်းခဲ့သည်။ 

အသေးစိတ်ပမာဏကို တန်ချိန် သန်းဖြင့် ဖော်ပြထားပါသည်။

 

Source Reuters 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Energy News Read 204 times