ချန်ဂီလေဆိပ် အကောက်ခွန် မကြေညာသဖြင့် တစ်ပတ်တာအတွင်း ခရီးသည် ၁၁၅ ဦး အရေးယူခံရ


31 May, 2023

ချန်ဂီလေဆိပ် အကောက်ခွန် မကြေညာသဖြင့် တစ်ပတ်တာအတွင်း ခရီးသည် ၁၁၅ ဦး အရေးယူခံရ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

အခွန်ဆောင်ရမည့် ကုန်ပစ္စည်းများကို ကြေညာရန် ပျက်ကွက်မှုကြောင့် ချန်ဂီလေဆိပ်တွင် ခရီးသည် စုစုပေါင်း ၁၁၅ ဦးကို အရေးယူခဲ့ကြောင်း စင်ကာပူ အကောက်ခွန်နှင့် လူဝင်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဂိတ် အာဏာပိုင်အဖွဲ့ (ICA) က တနင်္လာနေ့ (မေလ ၂၉ ရက်)တွင် ပြောကြားခဲ့သည်။

“Happy Birthday” အလှစက္ကူ ဖြင့် ပတ်ထားသော ဆေးလိပ်များ


၎င်းခရီးသွားများတွင် အချို့သည် စီးကရက်နှင့် ဆေးရွက်ကြီးထွက်ကုန်များအတွက် သွင်းကုန်ခွန်  နှင့် ကုန်စည်များနှင့် ဝန်ဆောင်မှုများ အခွန် Goods and Services Tax (GST) ကို ပေးဆောင်ရန်အတွက် ကြေညာရန် ပျက်ကွက်ခဲ့ကြသည်။
အချို့ခရီးသည်များသည် အခွန်ကင်းလွတ်ခွင့်ပြုချက် duty-free allowance ထက် ပမာဏ ကျော်လွန်နေသည့် အရက်များ သယ်ဆောင်လာသဖြင့် အရေးယူခံရသည်။
.
အချို့ခရီးသည်များသည်  GST သွင်းကုန်ခွန် သက်သာခွင့်ခွင့်ပြုချက်ထက် ကျော်လွန်နေသော အဖိုးတန် ကုန်ပစ္စည်းများကို ကြေညာရန် ပျက်ကွက်ခဲ့သဖြင့် အရေးယူခံရသည်။

မေလ ၁၅ ရက်နေ့မှ မေလ ၂၁ ရက်နေ့အထိ ပူးပေါင်းဆောင်ရွက်သည့် စီမံချက်တွင် ချန်ဂီလေဆိပ်ရှိ ဆိုက်ရောက်ခန်းမများ အားလုံးတွင် ခရီးသွားများ၏ ခရီးဆောင်အိတ်များ စစ်ဆေးမှုကို တိုးမြှင့်ဆောင်ရွက်ခဲ့ပါသည်။

အရေးယူခံရသော စင်ကာပူနိုင်ငံသား အမျိုးသား တစ်ဦးသည် တန်ဖိုးကြီး အိတ် ၅ လုံးကို ကြေညာဖို့ ပျက်ကွက်ခဲ့သည်။ သူနှင့် သူ့မိန်းကလေးမိတ်ဆွေတို့ ပြည်ပတွင် ဝယ်ယူခဲ့သည့် အမျိုးသမီးကိုင် အိတ်အသစ်များ ဖြစ်သည်။


 

တန်ဖိုးစုစုပေါင်းမှာ S$13,825 ဖြစ်ပြီး GST S$1,106 ပေးဆောင်ရမည် ဖြစ်သည်။

 

 

စုစုပေါင်းတန်ဖိုး S$5,637 ရှိပြီး GST S$450.96 ပေးဆောင်ရမည့် တန်ဖိုးကြီး လက်ပတ်နာရီနှင့် အိတ်ကို ကြေညာဖို့ ပျက်ကွက်ခဲ့သည်။

Source CNA
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Taxation Read 380 times