ကင်းလွတ်ခွင့်ပြုသည့် ကုမ္ပဏီ၊ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တို့​၏ ပြည်ပမှ နိုင်ငံခြားသုံးငွေဖြင့် ရရှိသောဝ


18 August, 2022

ကင်းလွတ်ခွင့်ပြုသည့် ကုမ္ပဏီ၊ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တို့​၏ ပြည်ပမှ နိုင်ငံခြားသုံးငွေဖြင့် ရရှိသောဝင်ငွေများကိစ္စ   (၁၅-၈-၂၀၂၂) ရက်စွဲ ထုတ်ပြန်စာအား  (၁၆-၈-၂၀၂၂)ရက်စွဲပါ စာဖြင့် လွှမ်းမိုးပယ်ဖျက်ခြင်း 

 

#ဗဟိုဘဏ် (၁၅-၈-၂၀၂၂) ရက်စွဲပါ စာအား နောက်တစ်နေ့တွင် (၁၆-၈-၂၀၂၂)ရက်စွဲပါ စာဖြင့်  ထုတ်ပြန်ကာ လွှမ်းမိုးပယ်ဖျက်ထားပါသည်။

 

အဓိကပြင်ဆင်ချက်မှာ

 

"နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီ၏ ခွင့်ပြုချက်ရယူရန်မလိုဘဲ ဆောင်ရွက်နိုင်" အစား

 

"နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီ၏ အတည်ပြုချက်ဖြင့် ဆောင်ရွက်ရန်"

 

ဖြစ်ကြောင်း တွေ့ရှိပါသည်။

 

ကင်းလွတ်ခွင့်ပြုသည့် ကုမ္ပဏီ၊ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တို့​၏ ပြည်ပမှ နိုင်ငံခြားသုံးငွေဖြင့် ရရှိသောဝင်ငွေများကိစ္စနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ် က ၂ဝ၂၂ ခုနှစ်၊ ဩဂုတ်လ ၁၆ ရက် ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သော စာအမှတ်၊ အက်ဖ်အီး - ၁/ပက / ၁၉၅၇ ကို ဖော်ပြအပ်ပါသည်။

 

 

 


 

အကြောင်းအရာ။ ကင်းလွတ်ခွင့်ပြုသည့် ကုမ္ပဏီ၊ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တို့၏ ပြည်ပမှ နိုင်ငံခြားသုံးငွေဖြင့် ရရှိသောဝင်ငွေများကိစ္စ

 

ရည် ညွှန်း ချက်။

 

(၁) မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ (၃-၄-၂၀၂၂) ရက်စွဲပါ အမိန့်

 

ကြော်ငြာစာအမှတ်၊ ၁၂/၂၀၂၂ (၂) မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ (၅-၈-၂၀၂၂) ရက်စွဲပါ အမိန့် ကြော်ငြာစာအမှတ်၊ ၃၆/၂၀၂၂

 

၁။ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေအရ ပြည်တွင်း၌ နေထိုင်သူများ၏ ပြည်ပမှ နိုင်ငံခြား သုံးငွေဖြင့် ရရှိသောဝင်ငွေများနှင့် နိုင်ငံခြားသုံးငွေများ ပြည်ပသို့ လွှဲပြောင်းခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ရည်ညွှန်းချက် (၁) ပါအမိန့်ကြော်ငြာစာကို ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါအမိန့်ကြော်ငြာစာ အပိုဒ်(၃)အရ နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီ၏ လမ်းညွှန်ချက်နှင့် အညီ ရည်ညွှန်းချက်(၁)ပါ အမိန့်ကြော်ငြာစာမှ ကင်းလွတ်ခွင့်ပြုသည့် ကုမ္ပဏီ၊ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တို့အား မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ညွှန်ကြားစာများထုတ်ပြန်၍ နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း (AD) လိုင်စင်ရဘဏ်များသို့ ဆက်လက် အကြောင်းကြား ခဲ့ပါသည်။

 

၂။ နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ ရည်ညွှန်းချက် (၁) ပါ အမိန့်ကြော်ငြာစာမှ ကင်းလွတ်ခွင့်ပြုသည့် ကုမ္ပဏီ၊ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်၏ ပြည်ပမှ နိုင်ငံခြားသုံးငွေဖြင့်ရရှိသောဝင်ငွေများနှင့်စပ်လျဉ်း၍ အဆိုပါ ကုမ္ပဏီအဖွဲ့အစည်း၊ လူပုဂ္ဂိုလ် အနေဖြင့် မိမိကိုယ်တိုင်အတွက် သုံးစွဲခြင်း၊ AD လိုင်စင်ရဘဏ်မဟုတ်သော အခြားသူများထံသို့ လွှဲပြောင်းခြင်း၊ AD လိုင်စင်ရဘဏ်များသို့ ရောင်းချခြင်းတို့ကို ဆောင်ရွက်နိုင်ကြောင်း အကြောင်း ကြားပါသည်။

 

၃။ သို့ဖြစ်ပါ၍ နိုင်ငံခြားသုံးငွေများရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း (AD) လိုင်စင်ရဘဏ် များအနေဖြင့် မိမိထံတွင် နိုင်ငံခြားငွေစာ ဖွင့်လှစ်ထားသည့် ကင်းလွတ်ခွင့်ပြုသည့် ကုမ္ပဏီ၊ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်၏ ပြည်ပမှ နိုင်ငံခြားသုံးငွေဖြင့် ရရှိသောဝင်ငွေနှင့်စပ်လျဉ်း၍ အောက်ပါ အတိုင်း ဆောင်ရွက်ရန်ဖြစ်ပါသည်

 

(က) ကင်းလွတ်ခွင့်ပြုသည့် ကုမ္ပဏီ၊ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်သည် ပြည်ပမှ နိုင်ငံခြား သုံးငွေဖြင့် ရရှိသောဝင်ငွေပမာဏ၏ ၁၀၀% အား ၎င်းကိုယ်တိုင်အတွက် သုံးစွဲခြင်း၊ AD လိုင်စင်ရဘဏ်မဟုတ်သော အခြားသူများထံသို့ လွှဲပြောင်းခြင်း၊ AD လိုင်စင်ရ ဘဏ်များသို့ ရောင်းချခြင်းစသည့် transactions များကို ဆောင်ရွက်ပေးရန် တင်ပြ လာပါက ဆောင်ရွက်ပေးရန်၊

 

( ခ ) ကင်းလွတ်ခွင့်ပြုသည့် ကုမ္ပဏီအဖွဲ့အစည်း၊ လူပုဂ္ဂိုလ်ထံမှ နိုင်ငံခြားငွေလွှဲပြောင်း ရယူထားသည့် ကုမ္ပဏီအဖွဲ့အစည်း၊ လူပုဂ္ဂိုလ်သည် ၎င်းတို့လွှဲပြောင်းရယူထားသည့် နိုင်ငံခြားငွေကို မိမိကိုယ်တိုင်အတွက် သုံးစွဲရန်နှင့် အကယ်၍ ဝယ်ယူသည့်ရက်မှ ရက်ပေါင်း (၃၀) အတွင်း သုံးစွဲနိုင်ခြင်းမရှိပါက AD လိုင်စင်ရဘဏ်များသို့ ပြန်လည် ရောင်းချရန်၊

 

(ဂ) ကင်းလွတ်ခွင့်ပြုသည့် ကုမ္ပဏီ၊ အဖွဲ့အစည်းလူပုဂ္ဂိုလ်က ၎င်းကိုယ်တိုင်အတွက် သုံးစွဲခြင်းပြုရာတွင် နိုင်ငံဖြတ်ကျော် ဆောင်ရွက်သည့် cross border transactions ကိုလည်းကောင်း၊ ကင်းလွတ်ခွင့်ပြုသည့် ကုမ္ပဏီအဖွဲ့အစည်း၊ လူပုဂ္ဂိုလ်ထံမှ နိုင်ငံခြားငွေဝယ်ယူထားသည့် ကုမ္ပဏီ၊ အဖွဲ့အစည်းလူပုဂ္ဂိုလ်က လွှဲပြောင်းရယူ ထားသည့် နိုင်ငံခြားငွေကို မိမိကိုယ်တိုင်အတွက် သုံးစွဲခြင်းပြုရာတွင် နိုင်ငံဖြတ်ကျော်ဆောင်ရွက်သည့် cross border transactions ကိုလည်းကောင်း နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီ၏ အတည်ပြုချက်ဖြင့် ဆောင်ရွက်ရန်၊

 

၄။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ (၁၅-၈-၂၀၂၂) ရက်စွဲပါစာအမှတ်၊ အက်ဖ်အီး-၁/ ပက/ ၁၉၃၆ အား ဤစာဖြင့်လွှမ်းမိုးပယ်ဖျက်လိုက်သည်။

 


 

 

၁၅-၈-၂၀၂၂ ရက်စွဲဖြင့် ထုတ်ပြန်သော ကင်းလွတ်ခွင့်ပြုထား ကုမ္ပဏီ/အဖွဲ့အစည်းတို့နှင့်ပက်သက်သည့် ဆက်စပ်ထုတ်ပြန်စာအား အောက်ပါ Link တွင် ဖတ်ရှုနိုင်ပါသည်။

 

ကင်းလွတ်ခွင့်ပြုသည့် ကုမ္ပဏီ၊ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တို့​၏ ပြည်ပမှ နိုင်ငံခြားသုံးငွေဖြင့် ရရှိသောဝင်ငွေများကိစ္စ   (၁၅-၈-၂၀၂၂) ရက်စွဲ ထုတ်ပြန်စာ

 

 

 

#MyanmarIndustriesGuide 

Telegram Channel https://t.me/Guid4U

Banking & Loan Read 525 times