MPU Debit Card အသုံးပြု၍ Online မှအခွန်ပေးဆောင်နိုင်


25 February, 2019

အီလက်ထရွန်နစ်စနစ် MPU Debit ကတ်ဖြင့် အွန်လိုင်းမှ အခွန်ပေးဆောင်နိုင်မည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနထံမှ သိရပါတယ်။

MPU Debit Card အသုံးပြု၍ Online မှ အခွန်ပေးဆောင်ခြင်းကို အခွန်ထမ်းကြီးများဆိုင်ရာအခွန်ရုံးနှင့် အလယ်အလတ် အခွန်ထမ်းများဆိုင်ရာအခွန်ရုံး (၁) တို့မှ SAS အခွန်ထမ်းများအပြင် ရင်းနှီးမြှုုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏ အီလက်ထရွန်နစ်ကုမ္ပဏီမှတ်ပုံတင်စနစ် (MyCO) အသုံးပြု၍ ကုမ္ပဏီမှတ်ပုံတင် ဆောင်ရွက်ထားရှိပြီးဖြစ်သော အလယ်အလတ်အခွန်ထမ်းများဆိုင်ရာ အခွန်ရုံး (၂) နှင့် (၃)  တို့ရှိ အခွန်ထမ်းကုမ္ပဏီများ အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။

အဆိုပါ အခွန်ထမ်းကုမ္ပဏီများအနေဖြင့် MPU Debit Card အသုံးပြု၍ Online မှအခွန်ပေးဆောင်လိုပါက ပြည်တွင်းအခွန်များဦးစီးဌာန၏ Website ဖြစ်သော www.irdmyanmar.gov.mm သို့ ဝင်ရောက်၍ Ecoposa Start Your Tax Online Payment ကိုနှိပ်၍ https://onlinepayment.irdmyanmar. gov.mm/etax link တွင် အခွန်ပေးဆောင်နိုင်ပြီ ဖြစ်ပါသည်။ ထိုသို့အခွန်ပေးသွင်းရာတွင် ပြည်တွင်းအခွန်များဦးစီးဌာန၏ အခွန်ငွေပေးသွင်းမှု အထောက်အထားများကို email မှတစ်ဆင့် ပေးပို့အကြောင်းကြားလျက်ရှိပါတယ်။

MPU E- commerce စနစ်သုံး၍ အခွန်ပေးဆောင်ရာတွင် Transaction တစ်ကြိမ်လျှင် ကျပ်ငါးဘီလျံအထိ ပေးဆောင်နိုင်ပြီး ယင်းပမာဏထက် ကျော်လွန်ပါက အလီလီခွဲ၍ ပေးသွင်းရမည်ဖြစ်ကြောင်း၊ Transaction တစ်ကြောင်းလျှင် ကျပ် ၁၀၀၀ ကောက်ခံမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနက ထုတ်ပြန်ကြေညာခဲ့ပါတယ်။

MPU E- commerce စနစ်သုံး၍ အခွန်ပေးဆောင်သူများအနေဖြင့် လိုက်နာရမည့်အချက်များမှာ အခွန်ပေးဆောင်သူများသည် အဖွဲ့ဝင်ဘဏ်တစ်ခုခုတွင် ပြည်တွင်းအခွန်များဦးစီးဌာန ( IRD ) ၏ အထောက်အထားဖြင့် Corporate Debit Card လျှေက်ထားရပါမယ်။ အဆိုပါကတ်ကို Tax Payment တစ်ခုတည်းသာ ဆောင်ရွက်နိုင်ပြီး အခြားသောကိစ္စရပ်များတွင် အသုံးပြုလိုပါက ဘဏ်သို့ကြိုတင်လျှေက်ထားရမည်ဖြစ်ပါတယ်။

အသေးစိတ်အချက်များကို ပြည်တွင်းအခွန်များဦးစီးဌာန၏ website ဖြစ်သည့် www.irdmyanmar.gov.mm သို့ဝင်ရောက်ကြည့်ရှု့နိုင်သလို သက်ဆိုင်ရာအခွန်ရုံးများ၊ သတင်းအချက်အလက်နှင့် နည်းပညာဌာနခွဲ (ရန်ကုန်) ၊ အမှတ် ၅၈/၆၂ ဒုတိယထပ်၊ ပန်းဆိုးတန်းလမ်းနှင့် ကုန်သည်လမ်းထောင့်၊ ကျောက်တံတားမြို့နယ်၊ ဖုန်းနံပါတ် ၀၁-၃၇၀၁၉၈ သို့ ဆက်သွယ်၍ မေးမြန်းစုံစမ်းနိုင်ပါတယ်။

SFJ Journal

Banking & Loan Taxation Read 487 times