ပြေစာတွင် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ပေးရန် ပျက်ကွက်ကြောင်း သတင်းပေးတင်ပြပါက ဆုကြေးငွေ ချီးမြှင့်မည်


05 February, 2021

ကုန်သွယ်လုပ်ငန်းခွင် ကျသင့်သော ကုန်စည်ကို ဝယ်ယူသူ သို့မဟုတ် ဝန်ဆောင်မှုကို ရယူသူတို့သည် ကုန်သွယ်လုပ်ငန်းခွန်ဥပဒေအရ လုပ်ငန်းမှတ်ပုံတင်ထားသည့် ရောင်းချသူ သို့မဟုတ် ဝန်ဆောင်မှုဆောင်ရွက်ပေးသူထံသို့ ကျသင့်ငွေ နှင့်အတူ ကုန်သွယ်လုပ်ငန်းခွန်ကို တစ်ပါတည်း ပေးချေကြရမှာ ဖြစ်ပါတယ်။

စားသောက်ဆိုင်များ ၊ ဟိုတယ် / တည်းဆိုခန်းများ ၊ ရွှေဆိုင်များ ၊ ရုပ် / သံဝန်ဆောင်မှုလုပ်ငန်းများအနေဖြင့် ၎င်းတို့ ထုတ်ပေးလိုက်သည့် ပြေစာပေါ်တွင် ဝယ်ယူသုံးစွဲသူများက ပေးဆောင်လိုက်သည့်အခွန်ကို အခွန်အမှတ်တံဆိပ် ကပ်နှိပ်ပေးခြင်းအားဖြင့် အခွန်အပြည့်အဝကောက်ခံပေးသွင်းကြောင်း သိရှိနိုင်ရန် ဆောင်ရွက်ပေးနေမှာ ဖြစ်ပါတယ်။

ပြေစာပေါ်တွင် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ပေးမှု မရှိခြင်း ၊ ကပ်နှိပ်ပေးသော်လည်း ကျသင့်အခွန် နှင့် ညီမျှသော ပမာဏာအပြည့်အဝ ကပ်နှိပ်ပေးမှု မရှိခြင်း  ( အမှတ်တံဆိပ်သည် ငါးဆယ်ကျပ်တန် အနည်းဆုံးဖြစ်ပါသဖြင့် အခွန်ကျပ်ငါးဆယ် အောက်တန်ဖိုးအတွက် အခွန်အမှတ် တံဆိပ်  လျော့နည်းခြင်း အပ ) ၊ သို့မဟုတ် ပြေစာထုပ်ပေးရန် ပျက်ကွက်ခြင်းများ တွေ့ရှိပါက ဝယ်ယူစားသုံးသူများအနေဖြင့် အောက်ပါအတိုင်း သတင်းပေး တိုင်ကြားနိုင်ပြီး ဆုကြေးငွေ ထုတ်ယူနိုင်ပါမှာ ဖြစ်ပါတယ်။

မည်သည့်အခွန်ရုံးတွင် မဆို တိုင်ကြားနိုင်ပါတယ်။  အောက်ပါအထောက်အထားများ နှင့်အတူ တိုင်ကြားပေးရန် လိုအပ်ပါတယ်။ ပြေစာပေါ်တွင် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ရန် လုံလောက်စွာကပ်နှိပ်ရန် ပျက်ကွက်သည့် ပြေစာမူရင်း ၊ ပြေစာထုတ်ပေးရန် ပျက်ကွက်ခြင်းဖြစ်ပါက ထိုသို့ ပျက်ကွက်ကြောင်း ခိုင်လုံစွာတင်ပြနိုင်သည့် အထောက်အထား ၊  ဆုကြေးငွေ ထုတ်ပေးနိုင်ရန်အတွက် တိုင်ကြားသူ၏ နိုင်ငံသားစိစစ်ရေး ကတ်ပြား မိတ္တူ ၊ သတင်းပေးတင်ပြသူ မည်သူမည်ဝါဖြစ်ကြောင်း အစိုးရကိစ္စမှ တစ်ပါး ထုတ်ဖော်ခြင်းပြုမည် မဟုတ်ပါ။

ချီးမြှင့်မည့်ဆုကြေးငွေပမာဏမှာ - ပျက်ကွက်သည့် အခွန်၏ ၁၀၀ ရာခိုင်နှုန်းအဖြစ် တပ်ရိုက်သည့် ဒဏ်ငွေ၏ ၁၀ ရာခိုင်နှုန်း ၊ ချီးမြှင့်သော ဆုကြေးငွေပမာဏသည် ပျက်ကွက်သည့် အခွန် နှင့် အကြိမ်အရေအတွက်အပေါ် မူတည်၍ အနည်းဆုံးပမာဏာ ကျပ်နှစ်သောင်း မှ ကျပ်တစ်သိန်းနှင့် အထက် ရရှိမည် ဖြစ်ပါတယ်။

နိုင်ငံတော်သို့ ပေးဆောင်ထိုက်သည့် အခွန်ငွေများ ၊ အပြည့်အဝ ကောက်ခံရရှိစေရေးအတွက် ဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်ပေးကြသည့် လုပ်ငန်းရှင်ကြီးများ နှင့် အခွန်ပေးဆောင်နေကြသည့် ဝယ်ယူစားသုံးသူများအား အထူးပင် ကျေးဇူးတင်ရှိပါသည်။

မရှင်းလင်းသည့်အချက်များကို ဆိုင်ရာမြို့နယ်အခွန်ဦးစီဌာနမှူးရုံး (သို့မဟုတ်) အခွန်ထမ်းကြီးများဆိုင်ရာအခွန်ရုံး (သို့မဟုတ်) အလယ်အလတ်အခွန်ထမ်းများဆိုင်ရာအခွန်ရုံး (၁) ၊ (၂) ၊ (၃) ၊ (သို့မဟုတ်)

 

အခွန်ဆိုင်ရာဝန်ဆောင်မှုရုံး (နေပြည်တော်)

ရုံးအမှတ် ၊ ၄၆ ပြည်တွင်းအခွန်များဦးစီးဌာန ၊ ဖုန်းနံပါတ် - ၀၆၇ - ၄၃၀၅၃၃ ၊ ၀၆၇-၄၃၀၅၂၂  ၊ (သို့မဟုတ်)

အခွန်ဆိုင်ရာ ဝန်ဆောင်မှုရုံး(ရန်ကုန်)

အမှတ် ၅၉/၆၁ ၊ မြေညီထပ် ၊ ပန်းဆိုးတန်းလမ်း ၊ ကျောက်တံတားမြို့နယ်

ဖုန်းနံပါတ် - ၀၁-၃၇၈၃၃၇၀ ၊ ၀၁-၃၇၈၃၇၂ ၊

(သို့မဟုတ်)

အခွန်ဆိုင်ရာ ဝန်ဆောင်မှုရုံး (မန္တလေး)

၆၅ လမ်း ၊ ၂၂ - ၂၃ လမ်းကြား

ဖုန်းနံပါတ် - ၀၂-၃၀၁၉၂  သို့ မေးမြန်းစုံစမ်းနိုင်ပါသည်။

 

ပြည်တွင်းအခွန်းဦးစီးဌာန

Myanmar Industry Directory

Local News Taxation Read 551 times