ဩဇီကျောက်မီးသွေးတင်သင်္ဘော တရုတ်မှာ ကုန်ချခွင့်မရသဖြင့် ဗီယက်နမ်သို့ ထွက်ခွာ


19 February, 2023

ဩဇီကျောက်မီးသွေးတင်သင်္ဘော တရုတ်မှာ ကုန်ချခွင့်မရသဖြင့် ဗီယက်နမ်သို့ ထွက်ခွာ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U


ဩစတြေးလျမှ ကျောက်မီးသွေး တင်သွင်းခွင့် ပိတ်ပင်ထားမှုကို ဖြေလျှော့ပေးပြီးနောက် တရုတ်အကောက်ခွန်မူဝါဒများ မသေချာမှုကြောင့် ဩစတြေးလျမှ ကျောက်မီးသွေးများ တင်ဆောင်လာသည့် သင်္ဘောတစ်စင်း လမ်းကြောင်းပြောင်းသွားခဲ့သည်။

BBC Maryland အမည်ရှိ သင်္ဘောသည် ဩစတေးလျရှိ နယူးကာဆယ် ဆိပ်ခံမှ အပူသုံးကျောက်မီးသွေး တန်ချိန် ၁၂,၀၀၀ တင်ဆောင်ထားသည်။ တရုတ်အရှေ့ဘက်ကမ်းခြေရှိ Changshu ဆိပ်ကမ်းသို့ ရောက်ရှိခဲ့ပြီး ၅ ရက်ကြာစောင့်ဆိုင်းနေခဲ့သည်။ ကုန်ချဖို့ မသေချာသဖြင့် ဗီယက်နမ်နိုင်ငံ Vung Tau သို့ ဖေဖော်ဝါရီလ ၁၆ ရက်တွင် ထွက်ခွာသွားခဲ့သည်။

၎င်းသင်္ဘော BBC Maryland သည် လွန်ခဲ့သည့် ၂ နှစ်က တရုတ်အစိုးရ စတင်ခဲ့သော ဩစတြေးလျကျောက်မီးသွေး တင်သွင်းမှုအပေါ် တရားဝင် ကြေညာခြင်း မပြုဘဲ တားမြစ်ထားခြင်းကို တစ်စိတ်တစ်ပိုင်း ဖြေလျှော့ပြီးနောက် ဩစတြေးလျမှ တရုတ်နိုင်ငံသို့ ပထမဆုံးရောက်ရှိသည့် ကျောက်မီးသွေးတင်သင်္ဘောများထဲမှ တစ်စီးဖြစ်သည်။

တရုတ်အစိုးရ၏ ဖြေလျှော့မှုနှင့် ပတ်သက်၍ "မူအရတော့ ဒီကုန်စည်နှစ်ခုအတွက် ပြဿနာမရှိပါဘူး။ ပြဿနာက ခွင့်ပြုချက် မရသေးတဲ့ တခြားဝယ်လက်တွေပဲ"ဟု တရုတ်ကျောက်မီးသွေးကုန်သည်တစ်ဦးက ရိုက်တာသတင်းဌာနကို ပြောကြားသည်။


ဆက်စပ်ဖတ်ရှုရန်
ဩဇီကျောက်မီးသွေးများ တရုတ်ပြည်သို့ ၂ နှစ်တာမှာ ပထမဆုံးအကြိမ် ဆိုက်ရောက်
https://www.industrialdirectory.com.mm/article/first-australian-coal-cargoe.html


BBC Maryland ပေါ်မှ ကျောက်မီးသွေးများ၏ ဝယ်လက်များကို မည်သူမည်ဝါ မသိရချေ။ ကျောက်မီးသွေး ကုန်သည် ၃ ဦးက ပြောကြားသည်မှာ ဝယ်လက်သည် ဩစတေးလျ ကျောက်မီးသွေး တင်သွင်းရန် အစိုးရထံမှ ခွင့်ပြုချက် ရရှိထားသည့် လုပ်ငန်း မဟုတ်ဟု ပြောကြားသည်။

"အခုလို ကုန်မချရတာဟာ တရုတ်အာဏာပိုင်တွေက ဩစတေးလျ ကျောက်မီးသွေး တင်သွင်းမှု တားမြစ်ထားတာကို အပြည့်အဝ ဖယ်ရှားခြင်း မပြုသေးဘူးဆိုတာ ဈေးကွက်ကို အရိပ်အခြည် ပြလိုက်တာပဲ" ဟု တရုတ်ကုန်သည်တစ်ဦးက ပြောကြားသည်
အချို့သော တရုတ်ကျောက်မီးသွေး ကုန်သည်များသည် အမှာစာများ ချထားပြီးပြီဖြစ်သည်။

အစိုးရထံမှ ခွင့်ပြုချက် ရထားသော China Energy Investment Corp မှ ဝယ်ယူသည့် ကျောက်မီးသွေးများ တင်ဆောင်ထားသည့် Tiger East သင်္ဘောသည် အကောက်ခွန် ခွင့်ပြုချက် ရရှိခဲ့သည်။ အလားတူပင် ခွင့်ပြုချက်ရထားသည့် China Baowu Group မှ ဝယ်ယူသည့် ကျောက်မီးသွေးများ တင်ဆောင်ထားသည့်  Magic Eclipse သင်္ဘောလည်း Zhanjiang ဆိပ်ကမ်းတွင် ကုန်ချနေသည်။ 

 
အပူ ၅,၅၀၀ ကီလိုကယ်လိုရီ ရနိုင်သည့် ဩစတေးလျ အပူသုံးကျောက်မီးသွေးသည် တရုတ်ပြည်အရောက် တစ်တန် ကန်ဒေါ်လာ ၁၃၅ ဝန်းကျင်ဖြင့် ရောင်းဝယ်ကြသည်။ 
တရုတ်ပြည်တွင်း ထုတ်လုပ်သည့် အပူသုံးကျောက်မီးသွေး တစ်တန် ယွမ် ၁,၀၀၀ ဝန်းကျင် ($146)ခန့်ဖြင့် ရောင်းဝယ်ကြသည်။
Source Reuters 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Energy News Export, Import Read 284 times