အိန္ဒိယဆန် ရူပီငွေလဲနှုန်းကြောင့် ဈေးကျ ဗီယက်နမ်ဆန် အရောင်းအေးနေ ထိုင်းဆန် ဈေးတက်


13 May, 2022

  • အိန္ဒိယဆန် ရူပီငွေလဲနှုန်းကြောင့် ဈေးကျ

  • ဗီယက်နမ်ဆန် အရောင်းအေးနေ

  • ထိုင်းဆန် ဈေးတက်



 

အိန္ဒိယဆန်

 

အိန္ဒိယရူပီ ငွေလဲနှုန်းသည် ယခုသီတင်းပတ်တွင် စံချိန်တင် ကျဆင်းနေသဖြင့် အိန္ဒိယဆန် ပို့ကုန်ဈေးနှုန်းများ ဈေးကျသည်။ ထို့ပြင် အရှေ့အလယ်ပိုင်းဒေသ ‌ဆန်ဈေးကွက်က ထိုင်းဆန် နောက်သို့ လိုက်နေကြခြင်းသည်လည်း အိန္ဒိယဆန် ဈေးကျဖို့ အကြောင်းရင်းတစ်ခု ဖြစ်သည်။

 

ဆန်တင်ပို့မှု အများဆုံးနိုင်ငံဖြစ်သည့် အိန္ဒိယမှ ၅% ဆန်ကွဲပါ ပေါင်းဆန်အမျိုးအစား <RI-INBKN5-P1> ကို တစ်တန် ခေါ်ဈေး $357 ~$361 ရှိသည်။ ယခင်က ခေါ်ဈေး $363-$367 ရှိခဲ့ပါသည်ယ 

 

"ရူပီ ငွေလဲနှုန်း ကျဆင်းနေတာက ပို့ကုန်လုပ်ငန်းရှင်တွေ ဈေးချဖို့ အထောက်အကူ ဖြစ်တယ်။ ဝယ်လိုအားကတော့ ယခုအခါ အားကောင်းနေတယ်။ နေရာဒေသစုံထံမှ အဝယ်လိုက်နေပါတယ်" ဟု အန္ဓရပရာဒစ်ရှ်ရှိ ကာကီနာဒါမှ ဆန်ပို့ကုန်လုပ်ငန်းရှင်က ရိုက်တာသတင်းမီဒီယာသို့ ပြောကြားသည်။

 

ဗီယက်နမ်ဆန်

ဗီယက်နမ်ဆန် ၅%ဆန်ကွဲပါဆန်  <RI-VNBKN5-P1> ကို ယခင်အပတ်က တစ်တန် $420 ဖြင့် ဈေးခေါ်ခဲ့ပြီး ယခုအပတ် ကြာသပတေးနေ့တွင် တစ်တန်  $415-$420 ဖြင့် ဈေးခေါ်သည်။

 

"အရောင်း အေးနေတယ်။  ဒါပေမဲ့ ဇွန်လမှာ လှုပ်လှုပ်ရှားရှား ပြန်ဖြစ်လိမ့်မယ်။ ဖိလစ်ပိုင်၊ တရုတ်၊ အာဖရိက၊ ဘင်္ဂလားဒေ့ရှ် တို့ထံမှ ဝယ်လိုအား များများစားစား ဝင်လာလိမ့်မယ်လို့ ကြိုတင်ခန့်မှန်းထားကြတယ်" ဟု ဟိုချီမင်း အခြေစိုက် ဆန်ကုန်သည် တစ်ဦးက ပြောကြားသည်။

 

ဆက်စပ်ဖတ်ရှုရန်

ဗီယက်နမ်က အာဆီယံနိုင်ငံများထံ ဆန်တင်ပို့ရေး ဆောင်ရွက်လျက် ရှိ

 

ဗီယက်နမ်က ယခင်နှစ်တွင် ဆန်တန်ချိန် ၆.၂၄ သန်း တင်ပို့ခဲ့သည်။ Vietnam Food Association အဆိုအရ ယခုနှစ်တွင် ဆန်တန်ချိန် ၆~၆.၂ သန်း တင်ပို့မည်ဟု ခန့်မှန်းထားသည်။


 

ထိုင်းဆန်

 

ယခင်အပတ်က ထိုင်းဆန် ၅% ဆန်ကွဲပါ <RI-THBKN5-P1> တစ်တန် $432-$435 ဈေးပေါက်ခဲ့ပြီး ယခုအပတ်တွင် တစ်တန် $450 သို့ မြင့်တက်သွားသည်။

 

"အီရတ်နှင့် အီရန်တို့က သင်္ဘောတွေ လွှတ်ပေးပြီး ဆက်လက်ဝယ်ယူနေကြတယ်။ ဝမ်းပုံ bulk သင်္ဘောတွေ သုံးကြတယ်။ သူတို့ ရဲ့ ဝယ်အား ရှိနေတော့ ဆန်ဈေး တက်တယ်"ဟု ဘန်ကောက်အခြေစိုက် ဆန်ကုန်သည်က ပြောကြားသည်။

 

"ထိုင်းဈေးကွက်ထဲ ဆန်ဝင်တာ လျော့ကျလာတာကြောင့်လည်း ဆန်ဈေးတက်တယ်"ဟု အခြားကုန်သည်တစ်ဦးက ပြောကြားသည်။

 ဇွန်လ၊ ဇူလိုင်လတွင် ဆန်သစ် ပေါ်မည်ဖြစ်သည်။

 

ဘင်္ဂလားဒေ့ရှ် ပြည်တွင်းဆန်

 

အစိုးရက အရန်ဆန်ထားရှိရန်နှင့် ဆင်းရဲနွမ်းပါးသူများကို ထောက်ပံ့ရန် လယ်သမားများထံမှ ဆန်ကို တစ်ကီလို 40 taka ($0.46) ဖြင့် ဝယ်ယူလျက်ရှိသည်။ စပါးနှင့်ဆန် စုစုပေါင်း တန်ချိန် ၁.၈ သန်း ဝယ်ယူရန် လျာထားသည်။


 

မြန်မာဆန်

 

၂၀၂၂  ဧပြီလတွင် မြန်မာဆန်ကို ပြည်ပဈေးကွက် ၂၇ နိုင်ငံနှင့် ဆန်ကွဲကို ပြည်ပဈေးကွက် ၈ နိုင်ငံသို့ တင်ပို့ခဲ့ပါသည်။


 

မြန်မာဆန်ကို

ကင်မရွန်နိုင်ငံမှ တန်ချိန် ၃၄,ဝဝဝ ဖြင့် အများဆုံးဝယ်ယူခဲ့ပါသည်။

တရုတ်နိုင်ငံမှ တန်ချိန် ၂၃,၂၈၈ ဖြင့် ဒုတိယ အများဆုံးဝယ်ယူခဲ့ပါသည်။

အင်ဂိုလာနိုင်ငံမှ တန်ချိန် ၁၅,ဝဝဝ ဖြင့် တတိယအများဆုံး ဝယ်ယူခဲ့ပါသည်။

ဖိလစ်ပိုင်နိုင်ငံမှ တန်ချိန် ၁၁,၆၅ဝ ဖြင့် စတုတ္ထအများဆုံး ဝယ်ယူခဲ့ပါသည်။

ပိုလန်နိုင်ငံမှ တန်ချိန် ၁၁,၁၂၅ ဖြင့် ပဉ္စမအများဆုံး ဝယ်ယူခဲ့ပါသည်။

 

မြန်မာဆန်ကွဲကို 

ဘယ်လ်ဂျီယံနိုင်ငံမှ  ၃၂,၉၀၄ တန်ဖြင့် အများဆုံးဝယ်ယူခဲ့ပါသည်။

 တရုတ်နိုင်ငံမှ ၃၀,၇၅၄ တန်ဖြင့် ဒုတိယအများဆုံးဝယ်ယူခဲ့ပါသည်။

 စပိန်နိုင်ငံမှ ၂၅,၀၀၀ တန်ဖြင့် တတိယအများဆုံး ဝယ်ယူခဲ့ပါသည်။

နယ်သာလန်နိုင်ငံမှ ၁၃,၉ဝဝ တန်ဖြင့် စတုတ္ထအများဆုံး ဝယ်ယူခဲ့ပါသည်။

ပိုလန်နိုင်ငံမှ ၃,၀၀၀ တန်ဖြင့် ပဉ္စမအများဆုံး ဝယ်ယူခဲ့ပါသည်။

 

 ဆန်တန်ချိန် ၁၄၄,၀၃၅  နှင့် ဆန်ခွဲတန်ချိန် ၁၀၆,၉၁၂ တင်ပို့ခဲ့ပါသည်။

ပင်လယ်ရေကြောင်းဖြင့်  ဆန်နှင့် ဆန်ကွဲ စုစုပေါင်း ၂၄၄,၈၂၇  တန်နှင့် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများမှ ဆန်နှင့် ဆန်ကွဲ စုစုပေါင်း ၆,၁၂၀ တန် တင်ပို့ခဲ့ပါသည်။

 

၂၀၂၂  ဧပြီလတွင် ကုမ္ပဏီ ၃၅ ခုက ဆန်နှင့် ဆန်ကွဲတန်ချိန် ၂၅ဝ,ဝဝဝ ကျော် တင်ပို့ရောင်းချခဲ့ပါသည်။

 

လွန်ခဲ့သည့်မတ်လအတွင်းတွင် နိုင်ငံပေါင်း ၁၈ နိုင်ငံသို့ ကုမ္ပဏီ ၃၀ မှ ဆန်နှင့် ဆန်ကွဲတန်ချိန် ၁၃၀,၀၀၀ ကျော် တင်ပို့ခဲ့ပါသည်။ 

 

Agriculture & Livestock Export, Import Read 1397 times