အာရှဆန် ဇွန်လ ၃ ရက်  မှ  ၉ ရက်အထိ တစ်ပတ်တာ


10 June, 2022

 အာရှဆန် ဇွန်လ ၃ ရက်  မှ  ၉ ရက်အထိ တစ်ပတ်တာ

  • အိန္ဒိယဆန် အလုအယက်ဝယ်ကြသဖြင့် ဈေးတက်
  • ဘင်္ဂလားဒေ့ရှ် ပုဂ္ဂလိက ကုန်သည် ဆန်တင်သွင်းရန် ခွင့်ပြု
  • ထိုင်းဆန်  ရောင်းဖို့ အလုံအလောက်ရှိ၊ အရောင်းအေးနေ

 

အိန္ဒိယဆန်

ယခုသီတင်းပတ်တွင် အိန္ဒိယဆန် ဈေးပြန်တက်နေသည်။ ကမ္ဘာ့ဆန်ဈေးကွက်ထဲသို့ ဆတ်အများဆုံးတင်ပို့နေသည် အိန္ဒိယအနေဖြင့် ဆန်တင်ပို့မှု ကန့်သတ်ဖွယ်ရှိသည်ဟု သတင်းထွက်ပေါ်သောကြောင့် အလုအယက် ဝယ်ကြသဖြင့် ဈေးတက်သည်။

အိန္ဒိယဆန် ဆန်ကွဲ ၅%ပါ ပေါင်းဆန်  <RI-INBKN5-P1> ရောင်းဈေး ယခင်သီတင်းပတ်တွင် $355 ~ $360 ရှိခဲ့ပြီး ယခုသီတင်းပတ်တွင် $357 ~ $362 သို့ မြင့်တက်သည်။

“ဆန်ကွဲ ၁၀၀ ရာခိုင်နှုန်းအပြင် ဆန်ကွဲ ၅ ရာခိုင်နှုန်းအတွက်လည်း ၀ယ်လိုအားက ကြီးမားနေပါတယ်။ အိန္ဒိယအစိုးရက ဆန်တင်ပို့မှုအပေါ် ကန့်သတ်မှုတွေ လုပ်နိုင်တယ်လို့ ကုန်သည်တွေက ထင်ကြေးပေးနေကြပါတယ်"ဟု ပို့ကုန်လုပ်ငန်းရှင်တစ်ဦးက ရိုက်တာသတင်းဌာနကို ပြောကြားသည်။ 

ဆက်စပ် ဖတ်ရှုရန် အပြာရောင် ခေါင်းစဉ်ကို ထိပါ
အိန္ဒိယအစိုးရက ဆန်တင်ပို့မှုအပေါ် ကန့်သတ်မှုမပြု

ပြည်တွင်းဆန်ဈေးနှုန်းအသည် အစိုးရ သတ်မှတ်ပေးထားသည့် အများဆုံးဈေးနှုန်း အောက်တွင်သာ ရှိနေသဖြင့် အိန္ဒိယဆန် နှင့် ဆန်ကွဲ ပြည်ပတင်ပို့မှု ပိတ်ပင်ရန် အစီအစဉ်မရှိကြောင်း အစိုးရ ဌာနများက ပြောကြားခဲ့သည်။


ဘင်္ဂလားဒေ့ရှ်

ပြည်တွင်းဆန်ဈေး ရက်သတ္တပတ် တစ်ပတ်အတွင်း ၅% တက်သည်။ စပါးအထွက်များထားသည့်အပြင် လက်ကျန်ဆန်များလည်း ရှိနေပါလျက် ဆန်ဈေး တက်နေခြင်း ဖြစ်သည်။ အစိုးရက လှောင်လက်များကို ရှာဖွေဖော်ထုတ် အရေးယူနေသည်။ ဆန်ဈေး ထိန်းဖို့ ပုဂ္ဂလိကကုန်သည်များကို ပြည်ပမှ ဆန်တင်သွင်းရန် ခွင့်ပြုလိုက်သည်။

ဘင်္ဂလားဒေ့ရှ်သည် ဆန် ထုတ်လုပ်မှုတွင် ကမ္ဘာ့တတိယ အများဆုံးဖြစ်သော်လည်း ရေကြီးခြင်း၊ မိုးခေါင်ခြင်းတို့ ဖြစ်ကြုံရပြီးသည့်အခါ ပြည်ပမှ ဆန်တင်သွင်းလေ့ရှိသည်။

 

ထိုင်းဆန်

ဆန်ကွဲ၅% ပါ ထိုင်းဆန်  <RI-THBKN5-P1> တစ်တန် ခေါ်ဈေး ယခင်သီတင်းပတ်က $455 ~ $460 ရှိခဲ့ပြီး ယခုသီတင်းပတ်တွင် $450 ~ $460 ရှိသည်။ ထိုင်းဘတ်ငွေနှင့် အမေရိကန်ဒေါ်လာ ငွေလဲနှုန်းတွင် အတက်အကျ အနည်းငယ် ရှိသည့်အလျောက် ထိုင်းဆန်ဈေး အနည်းငယ် အပြောင်းအလဲ ဖြစ်ပေါ်သည်။

"ပို့ကုန် အဝယ်အချို့ရှိသော်လည်း ယခုအချိန်အထိ ကြီးကြီးမားမား ဝယ်တာမျိုးတော့ မရှိသေးပါဘူး" ဟု ဘန်ကောက်မှ ဆန်ကုန်သည် တစ်ဦးက ရိုက်တာသတင်းဌာနကို ဖြေကြားသည်။

ရောင်းဖို့ဆန်များ အလုံအလောက်ရှိနေပြီး ဇူလိုင်-ဩဂုတ်တွင် ဆန်သစ် ပေါ်မည်။

 

 

ဗီယက်နမ်ဆန်

၅% ဆန်ကွဲပါ ဗီယက်နမ်ဆန်  <RI-VNBKN5-P1> ဆက်လက်ဈေးငြိမ်နေသည်။ ခေါ်ဈေး တစ်တန် 420-$425 ရှိသည်။

 "နွေ-ဆောင်းဦး ရိတ်သိမ်းမှုကနေ ထွက်တဲ့စပါးတွေကြောင့် ပြည်တွင်းဆန်ဈေးကွက်ထဲမှာ ဆန်တွေ ပိုများလာနေတယ်" ဟု ဟိုချီးမင်းစီးတီးမှ ဆန်ကုန်သည်တစ်ဦးက ပြောကြားသည်။
 "ဆန်အဝယ် လိုက်ပါတယ်။ အထူးသဖြင့် အာရှနှင့် အာဖရိကမှ ဝယ်လက်တွေ ဝယ်ယူနေကြတယ်" ဟု ၎င်းက ပြောကြားသည်။
အခြားကုန်သည်တစ်ဦးက 

"အခုသီတင်းပတ် အစောပိုင်းမှာ ဖိလစ်ပိုင်က ဆန်တင်သွင်းခွန် လျော့ပေါ့ဖြတ်တောက်ပေးထားတာ သက်တမ်းတိုးပေးလိုက်တော့  ဆန်တင်ပို့သူများအတွက် ပိုကောင်းသွားစေပါတယ်" ဟု အခြားကုန်သည် တစ်ဦးက ပြောကြားသည်။

ဖိလစ်ပိုင် ဆန်တင်သွင်းခွန်အကြောင်း ဖတ်ရှုရန် အပြာရောင်ခေါင်းစဉ်ကို ထိပါ။

ဖိလစ်ပိုင် ဆန်တင်သွင်းခွန်

 

 

မြန်မာ့ဆန်



 

 

 

ဗီယက်နမ်ဆန်  ကမ္ဘောဒီးယားဆန်  မြန်မာဆန် ပြည်ပတင်ပို့မှုများ

Agriculture & Livestock Export, Import Read 779 times