၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ဇူလိုင်လကုန်အထိ အခွန်ငွေ ကျပ် ဘီလျံ ၅,၃၀၀ ကျော် ကောက်ခံရရှိ


22 August, 2020

 ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ဇူလိုင်လကုန်အထိ  အခွန်အရပ်ရပ် ကောက်ခံရရှိမှု စုစုပေါင်းမှာ ကျပ် ၅,၃၀၄.၀၁၇ ဘီလီယံ ဖြစ်သဖြင့် လျာထားချက်၏ ၈၅.၀၂%ကို အကောင်အထည်ဖော်နိုင်ခဲ့ပြီးဖြစ်ပါသည်။ အဆိုပါ ကောက်ခံရရှိမှုတွင် 

နိုင်ငံပိုင်ကဏ္ဍမှ ကျပ် ၁,၀၉၂.၉၀၆ ဘီလီယံ၊ 

သမဝါယမကဏ္ဍမှ ကျပ် ၁.၅၆၅ ဘီလီယံနှင့် 

ပုဂ္ဂလိကကဏ္ဍမှ ကျပ် ၄,၂၀၉.၅၄၆ ဘီလီယံ 

ပါဝင်ကြောင်း သိရှိရပါသည်။ 

အခွန် အများဆုံးရရှိသည့် အခွန်အမျိုးအစားမှာ ဝင်ငွေခွန် ဖြစ်ပြီး ကျပ် ဘီလီယံ ၂၂၀၀ ကျော် ရရှိခဲ့သည်။ 

 

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ဇူလိုင်လကုန်အထိ အခွန်တစ်မျိုးချင်း ကောက်ခံရရှိမှု အခြေအနေမှာ 

ဝင်ငွေခွန် ကျပ် ၂၂၂၆.၃၆၅ ဘီလီယံ၊ 

ကုန်သွယ်လုပ်ငန်းခွန် ကျပ် ၁၇၃၂.၈၈၄ ဘီလီယံ၊ 

အထူးကုန်စည်ခွန် ကျပ် ၁၁၇၆.၉၂၇ ဘီလီယံ၊ 

တံဆိပ်ခေါင်းခွန် ကျပ် ၄၉.၈၅၇ ဘီလီယံနှင့် 

အောင်ဘာလေသိန်းဆုခွန် ကျပ် ၁၁၇.၉၈၄ ဘီလီယံ

တို့ဖြစ်ကြောင်း သိရှိရပါသည်။

Taxation Read 554 times