ပို့ကုန်တင်ပို့ခြင်းအပေါ် ကြိုတင်ဝင်ငွေခွန် ၂ ရာခိုင်နှုန်း ကင်းလွတ်ခွင့်ကာလ တိုးမြှင့် သတ်မှတ်


16 September, 2020

ပို့ကုန်တင်ပို့ခြင်းအပေါ် ကြိုတင်ဝင်ငွေခွန် ၂ ရာခိုင်နှုန်း ကောက်ခံခြင်းအား ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလကုန်အထိ တိုးမြှင့်၍ ကင်းလွတ်ခွင့်ပြုလိုက်ကြောင်း ထုတ်ပြန်ကြေညာထားပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ 

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီးရုံး 

အမိန့်ကြော်ငြာစာအမှတ်၊ ၁၀၃/၂၀၂၀ 

နေပြည်တော်၊ ၁၃၈၂ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၁၃ ရက်

(၂၀၂၀ပြည့်နှစ်၊ စက်တင်ဘာလ ၁၅ ရက်) 

၁။ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနသည် ဝင်ငွေခွန်ဥပဒေပုဒ်မ ၁၆-ခ အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ဤအမိန့်ကြော်ငြာစာကို ထုတ်ပြန်လိုက်သည်။ 

 ၂။ ကမ္ဘာနှင့်အဝှမ်း ဖြစ်ပေါ်လျက်ရှိသော Coronavirus Disease 2019(COVID-19)ကြောင့် စီးပွားရေး လုပ်ငန်းများ ထိခိုက်မှုလျော့နည်းသက်သာစေရေးအတွက် စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန၏ ၂၄-၃၂၀၂၀ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၃၈/၂၀၂၀ ဖြင့် ပို့ကုန်တင်ပို့ခြင်းအပေါ် ကြိုတင်ဝင်ငွေခွန် ၂ ရာခိုင်နှုန်းကောက်ခံခြင်းအား ယခုဘဏ္ဍာနှစ်ကုန် (၁-၄-၂၀၂၀ ရက်မှ ၃၀-၉-၂၀၂၀ ရက်)အထိ ကင်းလွတ် ခွင့်ပြုပေးခဲ့ပါသည်။ 

၃။ ယခုအခါ Coronavirus Disease 2019(COVID-19) ရောဂါကြောင့် သက်ရောက်နေသည့် စီးပွားရေး နှေးကွေးမှုကို ပြန်လည်နိုးဆွနိုင်စေရန်အတွက် ပို့ကုန်တင်ပို့ခြင်းအပေါ် ကြိုတင်ဝင်ငွေခွန် ၂ ရာခိုင်နှုန်း ကောက်ခံ ခြင်းအား ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလကုန်အထိ တိုးမြှင့်၍ ကင်းလွတ်ခွင့်ပြုလိုက်သည်။

စိုးဝင်း

 ပြည်ထောင်စုဝန်ကြီး

Taxation Export, Import Read 402 times