ငွေလွှဲငွေထုတ်လုပ်မည့်သူ  နိုင်ငံသားစိစစ်ရေးကတ်  ယူဆောင်လာရန် Wave Money အသိပေး


11 September, 2022

ငွေလွှဲငွေထုတ်လုပ်မည့်သူ  နိုင်ငံသားစိစစ်ရေးကတ်  ယူဆောင်လာရန် Wave Money အသိပေး


မိုဘိုင်းငွေကြေး ဝန်ဆောင်မှုတစ်ခုဖြစ်သည့် Wave Money ဖြင့် ငွေလွှဲငွေထုတ်လုပ်မည့်သူများ   နိုင်ငံသားစိစစ်ရေးကတ် မဖြစ်မနေယူဆောင်လာရမည်ဖြစ်ကြောင်း အသိပေးထားပါသည်။

ငွေလွှဲငွေထုတ် ဝန်ဆောင်မှု ပြုလုပ်မည်ဆိုပါ က နိုင်ငံသားစိစစ်ရေးကတ်ကို မဖြစ်မနေ ယူဆောင်လာပြီး  အချက် အလက်အပြည့်အစုံကို ဖြည့်စွက်ရန်လည်း လိုအပ်ကြောင်း ဖော်ပြထားသည်။
ထိုသို့ လိုက်နာဆောင်ရွက်မှသာလျှင် ငွေလွှဲငွေထုတ် ဝန်ဆောင်မှု ပြုလုပ်နိုင်မည်ဖြစ်ကြောင်းလည်း အသိပေးထားပါသည်။ 
ပိုမိုလုံခြုံစိတ်ချရသော Wave Money ငွေလွှဲခြင်း၊ ငွေထုတ်ခြင်း လုပ်ငန်းများအားလုံးအတွက် နိုင်ငံသားစိစစ်ရေးကတ် ယူဆောင်လာဖို့ လုံးဝ (လုံး၀) မမေ့ပါရန် သတိပေးနှိုးဆော်ထားပါသည်။


 ဗဟိုဘဏ်က ပြီးခဲ့သည့်လ ငွေလွှဲ၊ ငွေထုတ်လုပ်ငန်း ဆောင်ရွက်သည့် ဆိုင်များတွင် စီစီတီဗီကင်မရာများ တပ်ဆင် ထားရန်နှင့် ငွေလွှဲငွေထုတ်ဝန်ဆောင်မှု လာရောက် ပြုလုပ်သူများကိုလည်း လျှို့ဝှက်ကင်မရာဖြင့် ဓာတ်ပုံမှတ်တမ်း ရယူထားရန် ညွှန်ကြားချက် ထုတ်ပြန်ထားပါသည်။ 

 

 ညွှန်ကြားချက် အပြည့်အစုံ ဖတ်ရှရန် ခေါင်းစဉ်ပြာကို ထိပါ

မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းများအမြန်ဆုံး လိုက်နာ ဆောင်ရွက်ရမည့်အချက်များ

 

 

 

 

 

#IndustriesGuide

 

Banking & Loan Laws and Regulations Read 775 times