တရုတ်နိုင်ငံသားများအတွက် visa-free နှင့် tax-free အစီအစဉ် ထိုင်းနှင့် ကိုရီးယား ကြေညာ


05 September, 2023

တရုတ်နိုင်ငံသားများအတွက် visa-free နှင့် tax-free အစီအစဉ် ထိုင်းနှင့် ကိုရီးယား ကြေညာ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


တရုတ်ခရီးသွားများကို ဆွဲဆောင်ရန်နှင့် ပြည်တွင်းစီးပွားရေးကို အားကောင်းလာစေရန်အတွက် မဟာဗျူဟာမြောက် ကြိုးပမ်းမှုတွင် ထိုင်းနှင့် တောင်ကိုရီးယား နှစ်နိုင်ငံစလုံးသည် visa-free နှင့် tax-free အစီအစဉ်များကို ကြေညာခဲ့ကြသည်။

၎င်းအစီအစဉ်များတွင် တရုတ်ခရီးသွားများအတွက် ဗီဇာကင်းလွတ်ခွင့်၊ အခွန်ပြန်အမ်းခြင်းနှင့်  ဆုလာဘ်များ ပါဝင်သည်။

 ထိုင်းအစိုးရသည် တရုတ်ခရီးသွားများအတွက် ဗီဇာကင်းလွတ်ခွင့်ကို ကျင့်သုံးရန် ဆုံးဖြတ်ခဲ့ပြီး အဆိုပါ ကင်းလွတ်ခွင့်များကို အောက်တိုဘာလတွင် စတင်အသက်ဝင်စေမည် ဖြစ်သည်။
 
 တရုတ်နိုင်ငံ၏ စီးပွားရေးနှေးကွေးမှုနှင့် ဘေးကင်းရေးဆိုင်ရာ စိုးရိမ်မှုများကြောင့် ယခုနှစ် ပထမခုနစ်လအတွင်း တရုတ်ခရီးသွားဝင်ရောက်မှု သိသိသာသာ ကျဆင်းလာမှုကို တုံ့ပြန်သည့်အနေဖြင့် ၎င်းအစီအစဉ် ထွက်ပေါ်လာခြင်းဖြစ်သည်။
 

ဇန်နဝါရီမှ ဇူလိုင်လအထိ ထိုင်းနိုင်ငံသို့ တရုတ်ခရီးသွား ၅ သန်းမှ ၇ သန်းကြား လာရောက်ကြမည်ဟု ထိုင်းခရီးသွားလုပ်ငန်းနှင့် အားကစားဝန်ကြီးဌာနက ခန့်မှန်းထားခဲ့ပါသည်။
လက်တွေ့တွင်  သတင်းအတုများ အပါအဝင် တရုတ်ခရီးသွားများအတွက် ဘေးကင်းလုံခြုံရေးဆိုင်ရာ ပြဿနာများနှင့် စီးပွားရေးဆိုင်ရာ ကန့်သတ်ချက်များကြောင့် ရောက်ရှိလာသည့် တရုတ်ခရီးသွား ၂ သန်းသာ ရှိသည်။

 ၎င်းပြဿနာကို ဖြေရှင်းဖို့အတွက် ထိုင်းဝန်ကြီးချုပ်အသစ် ဆရီသာ သာဗင်စင်က တရုတ်ခရီးသွားများကို ဗီဇာလိုအပ်ချက်မှ
ကင်းလွတ်ခွင့်ပြုပေးခြင်းဖြင့် ခရီးသွားလုပ်ငန်း ပြန်လည်ရှင်သန်စေရန် အဆိုပြုခဲ့ပါသည်။

ဗီဇာကင်းလွတ်ခွင့်သည် ဘေးကင်းလုံခြုံမှုကို မထိခိုက်စေသည်မှာ  သေချာစေရန် လုံခြုံရေး အဖွဲ့အစည်းများ၏ အမြင်သဘောထားများသည် အရေးကြီးကြောင်း ထိုင်းဝန်ကြီးချုပ်က မှတ်ချက်ပြုသည်။

တရုတ်နိုင်ငံ၏ အမျိုးသားနေ့ ရွှေရက်သတ္တပတ် အလုပ်ပိတ် ရက်ရှည် ခရီးထွက်ကြသည့်အချိန် အောက်တိုဘာလတွင် ဗီဇာကင်းလွတ်ခွင့် စတင် သက်ရောက်မည်ဖြစ်ပြီး ယာယီဖြစ်မည်ဟု မျှော်လင့်ရသည်။

ထိုင်းခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့ (TAT) က အစိုးရ၏ ဗီဇာကင်းလွတ်ခွင့် အစီအစဉ်သည်  အလာအများဆုံးရာသီအတွင်း တရုတ် ခရီးသွား ၇၀၀,၀၀၀ ကို ထပ်မံ ဆွဲဆောင်နိုင်မည်ဟု ခန့်မှန်းထားသည်။
ကြိုတင်ပြင်ဆင်သည့်အနေဖြင့် TAT သည် နှစ်နိုင်ငံအကြား လေကြောင်းခရီးစဉ် အရေအတွက် တိုးမြှင့်ရန် လုပ်ဆောင်နေပြီး တရုတ်ခရီးသွားများ ထိုင်းနိုင်ငံသို့ လာရောက်ရန် လွယ်ကူစေမည်ဖြစ်သည်။


ပျမ်းမျှအားဖြင့် တရုတ်ခရီးသွားများသည် ခရီးစဉ်တစ်ခုလျှင် ဘတ် ၄ သောင်း ($1,137) ခန့် သုံးစွဲကြသည်။


ထိုင်းအာဏာပိုင်များက တရုတ်အပြင် အိန္ဒိယကို လည်း ဗီဇာကင်းလွတ်ခွင့်စာရင်းတွင် ထည့်သွင်းထားပါသည်။

တောင်ကိုရီးယားသည် တရုတ်ခရီးသွားများအတွက် အခွန်လွတ်စျေးဝယ်ခြင်းနှင့် ဗီဇာကြေး ကင်းလွတ်ခွင့် အစီအစဉ် ကျင့်သုံးပါသည်။

တောင်ကိုရီးယားမှ ယဉ်ကျေးမှု၊ အားကစားနှင့် ခရီးသွားလာရေး ဝန်ကြီးဌာနသည် စက်တင်ဘာလမှ စတင်ကာ ကိုရီးယားသို့ လာရောက်လည်ပတ်သည့် တရုတ်ခရီးသွားများအတွက် ဗီဇာကြေး ကင်းလွတ်ခွင့်နှင့် အခွန်ပြန်အမ်းခြင်း အပါအဝင် ငွေကြေးအကျိုးခံစားခွင့် အချို့ကို ထုတ်ပြန်ကြေညာခဲ့သည်။

 WeChat Pay နှင့် Alipay ကဲ့သို့သော တရုတ်ပြည်တွင်းမှ နာမည်ကြီး မိုဘိုင်းငွေပေးချေမှုအက်ပ်များကို လက်ခံဆောင်ရွက်ပေးခြင်းဖြင့် တရုတ်ခရီးသွားများအတွက် ပိုမိုအဆင်ပြေစေပါသည်။
K-beauty ဆိုင်များနှင့် ဆေးဆိုင်များတွင် အခွန် ချက်ချင်း ပြန်အမ်းပေးရန် စီစဉ်ထားပါသည်။

Source agbriet
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Taxation Global News Laws and Regulations Read 732 times