အခွန်ပေးဆောင်ခြင်း ( Tax Payment) လုပ်ငန်းစဉ်အတွက် ပုံစံများ ထပ်မံသတ်မှတ်ပြင်ဆင် ထုတ်ပြန်


07 October, 2023

အခွန်ပေးဆောင်ခြင်း ( Tax Payment) လုပ်ငန်းစဉ်အတွက် ပုံစံများ ထပ်မံသတ်မှတ်ပြင်ဆင် ထုတ်ပြန်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


အခွန်ပေးဆောင်ခြင်း ( Tax Payment) လုပ်ငန်းစဉ်အတွက် ပုံစံများ ထပ်မံသတ်မှတ်ပြင်ဆင်ထုတ်ပြန်ခြင်းနှင့် စပ်လျဉ်း၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီးဌာန Internal Revenue Department မှ အမိန့်ကြော်ငြာစာအမှတ်၊ ၁၅၁ /၂ဝ၂၃ ကို  ၁၃၈၅ ခုနှစ်၊ တော်သလင်း လပြည့်ကျော် ၆ ရက် ( ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်) ရက်စွဲဖြင့် ထုတ်ပြန်သည်ကို ဖော်ပြအပ်ပါသည်။


အခွန်ပေးဆောင်ခြင်း (Payment) လုပ်ငန်းစဉ်အတွက် ပုံစံများထပ်မံသတ်မှတ်ပြင်ဆင်ထုတ်ပြန်ခြင်း 


၁။ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များ ဦးစီးဌာနသည် အခွန်ဆိုင်ရာစီမံ အုပ်ချုပ်မှုဥပဒေပုဒ်မ ၁၅၊ ပုဒ်မခွဲ(က)နှင့် ပုဒ်မ ၈၆၊ ပုဒ်မခွဲ(ခ)ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ အခွန်ဆိုင်ရာ စီမံအုပ်ချုပ်မှု ဥပဒေ၊ ဝင်ငွေခွန် ဥပဒေ၊ ကုန်သွယ်လုပ်ငန်းခွန် ဥပဒေ၊ အထူးကုန်စည်ခွန် ဥပဒေနှင့် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေတို့အရ အခွန် ပေးဆောင်ခြင်းဆိုင်ရာ ကိစ္စရပ်များဆောင်ရွက်ရာတွင် အသုံးပြုရမည့် ပုံစံများအား ၂၃-၃-၂၀၂၂ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်-၆၉/၂၀၂၂ ဖြင့် သတ်မှတ် ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။

၂။ ပြည်တွင်းအခွန်များ ဦးစီးဌာန အနေဖြင့် ရသင့်ရထိုက်သော အခွန်ငွေများ အပြည့်အဝ ကောက်ခံ ရရှိရန်အတွက် လိုအပ်သော ပုံစံများကို ဤအမိန့်ကြော်ငြာစာဖြင့် ထပ်မံသတ်မှတ် ထုတ်ပြန်လိုက်သည်-

၃။ အခွန် ပေးဆောင်ခြင်းဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ရာတွင် ပြည်တွင်းအခွန်များ ဦးစီးဌာန၏ အမိန့်ကြော်ငြာစာ အမှတ်-၆၉/၂၀၂၂ နှင့် သတ်မှတ်ထားပြီးသော ပုံစံများတွင် ဤအမိန့်ကြော်ငြာစာဖြင့် ပြင်ဆင်/ဖြည့်စွက်ထားသော ပုံစံများနှင့် အသစ်သတ်မှတ်သော ပုံစံများအား ဤအမိန့်ကြော်ငြာစာ ထုတ်ပြန်သည့် နေ့မှစ၍ အသုံးပြု ဆောင်ရွက်သွားရမည်။


 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Laws and Regulations Taxation Read 406 times