အခွန်ခုနှိမ်ခြင်း (Tax Credit) လုပ်ငန်းစဉ်အတွက်ပုံစံ အစားထိုးသတ်မှတ်


07 October, 2023

အခွန်ခုနှိမ်ခြင်း (Tax Credit) လုပ်ငန်းစဉ်အတွက်ပုံစံ အစားထိုးသတ်မှတ်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီးဌာန Internal Revenue Department မှ အခွန်ခုနှိမ်ခြင်း (Tax Credit) လုပ်ငန်းစဉ်အတွက် ပုံစံကို အစားထိုးသတ်မှတ်ကြောင်း အမိန့်ကြော်ငြာစာအမှတ်၊ ရ၅ /၂ဝ၂၃ ကို ၁၃၈၅ ခုနှစ်၊ ဝါခေါင်လကွယ်နေ့ (၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက် ) ရက်စွဲဖြင့် ထုတ်ပြန်ထားသည်ကို ဖော်ပြအပ်ပါသည်။



ခုနှိမ်ခြင်း (Credit) လုပ်ငန်းစဉ်အတွက် ပုံစံအစားထိုးသတ်မှတ်ထုတ်ပြန်ခြင်း

၁။ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များ ဦးစီးဌာနသည် အခွန်ဆိုင်ရာ စီမံ အုပ်ချုပ်မှု ဥပဒေပုဒ်မ ၁၅၊ ပုဒ်မခွဲ(က)နှင့် ပုဒ်မ ၈၆၊ ပုဒ်မခွဲ(ခ)ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ အခွန် ဆိုင်ရာ စီမံအုပ်ချုပ်မှု ဥပဒေ၊ ဝင်ငွေခွန် ဥပဒေ၊ ကုန်သွယ်လုပ်ငန်းခွန် ဥပဒေ၊ အထူးကုန်စည်ခွန် ဥပဒေ တို့အရ အခွန်ခုနှိမ်ခြင်းဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ရာတွင် အသုံးပြုရမည့် ပုံစံများအား ၂၂-၈-၂၀၂ ရက်စွဲပါအမိန့်ကြော်ငြာစာအမှတ်၊ ၁၇၆/၂၀၂ ဖြင့် အတည်ပြု ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။

၂။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဥပဒေပုဒ်မ ၇ ပါ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းများတွင် ကျန်းမာရေး စောင့်ရှောက်မှုပေးသူများ၏ အသက်မွေးဝမ်းကျောင်း ပညာလုပ်ငန်းမှ ဝင်ငွေအပေါ်  ငွေထုတ်ပေးချိန်၌ ပင်ရင်းမှ နုတ်ယူပေးသွင်းသည့် ဝင်ငွေခွန် ၂ ရာခိုင်နှုန်းကို ငွေထုတ်ပေးရန် တာဝန်ရှိသူက အခွန်နုတ်ယူ ပေးသွင်းရန် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာ အမှတ်၊ ၆၃/၂၀၂၃ ဖြင့် သတ်မှတ်ထုတ်ပြန်လိုက်သဖြင့် ပင်ရင်းမှ ဝင်ငွေခွန်နုတ်ယူပေးသွင်းပြီးကြောင်း အထောက်အထားလက်မှတ် ပတခ(၀င)-၀၅-၀၁ ပုံစံတွင် အသက်မွေး ဝမ်းကျောင်း ပညာလုပ်ငန်းဆိုင်ရာ အချက်အလက်များ ထည့်သွင်း၍ ပြင်ဆင်ဆောင်ရွက်ထားပြီး ဖြစ်ပါသည်။

၃။ သို့ဖြစ်ပါ၍ ပြည်တွင်းအခွန်များ ဦးစီးဌာန၏ အမိန့်ကြော်ငြာစာ အမှတ်၊ ၁၇၆/၂၀၂၂ ပါ စာပိုဒ် ၁၊ ဇယား အမှတ်စဉ်(၁)ပါ ပတခ(၀င)-၀၅-၀၁ ပုံစံအား ပြင်ဆင်ထုတ်ပြန်သည့် ဖော်ပြပါ ပတခ(၀င)- ၀၅-၀၁ ပုံစံအသစ်ဖြင့် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလမှစ၍ အစားထိုးအသုံးပြုသွားကြရန် ဤအမိန့် ကြော်ငြာစာဖြင့် ထုတ်ပြန်သတ်မှတ်လိုက်သည်-


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Taxation Read 353 times