ဈေးထိန်းထားဖို့ ရေနံ စတိလျှော့ထုတ်ရန် OPEC+ သဘောတူ


06 September, 2022

ဈေးထိန်းထားဖို့ ရေနံ စတိလျှော့ထုတ်ရန် OPEC+ သဘောတူ

ရေနံစျေးနှုန်းများ ဈေးထိန်းထားဖို့ ရေနံထုတ်လုပ်မှုကို အနည်းငယ် စတိသဘော လျှော့ထုတ်ကြဖို့ OPEC+ က တနင်္လာနေ့ (စက်တင်ဘာ  ၅) အစည်းအဝေးမှာ သဘောတူလိုက်ကြပါတယ်။

ရေနံတင်ပို့သည့်နိုင်ငံများအဖွဲ့ (OPEC) နှင့် ၎င်း၏မဟာမိတ်များ ပါဝင်ကြတဲ့  OPEC+ ဟုခေါ်သော အဖွဲ့က လာမယ့် အောက်တိုဘာလမှာ ရေနံစိမ်း တစ်ရက် စည် ၁ သိန်း လျှော့ထုတ်မှာ ဖြစ်ပါတယ်။ ကမ္ဘာ့ရေနံစိမ်းသုံးစွဲမှုရဲ့ ၀.၁% မျှကို သာ လျှော့ထုတ်တာ ဖြစ်ပါတယ်။
ဒါပေမဲ့ ရေနံစျေးနှုန်းများ ၃ ရာခိုင်နှုန်းကျော် မြင့်တက်သွားစေခဲ့ပါတယ်။

၅ ရက်နေ့မှာ ပြုနေကျဖြစ်တဲ့ OPEC+ အစည်းအဝေးကို လာမယ့် အောက်တိုဘာလ ၅ ရက်မှာ ကျင်းပမှာ ဖြစ်ပါတယ်။ ၎င်းရက် မတိုင်ခင် ရေနံစိမ်း ထုတ်လုပ်မှုကို ချိန်ညှိဖို့ လိုအပ်လာခဲ့ရင် ၅ ရက်နေ့အထိ မစောင့်ဘဲ အချိန်မရွေး အစည်းအဝေး ခေါ်ယူဖို့ကိုလည်း သဘောတူညီကြပါတယ်။

OPEC ထိပ်တန်းထုတ်လုပ်သူ ဆော်ဒီအာရေဗျက  လွန်ခဲ့သည့်လမှာ  ရေနံစျေးနှုန်းကျဆင်းမှုကို ကိုင်တွယ်ဖြေရှင်းရန် ရေနံအထွက်နှုန်းကုိ လျှော့ချဖွယ် ရှိတယ်လို့ အရိပ်အမြွက် ပြောကြားခဲ့တဲ့အ‌ကြောင်း Myanmar Industries Guide မှာ ဆော်ဒီအာရေဗျရဲ့ ရိုးရှင်းတဲ့ ရေနံဈေးနှုန်းကစားကွက် ခေါင်းစဉ်ဖြင့် တင်ပြခဲ့ပြီး ဖြစ်ပါတယ်။ See more

 

 

ကမ္ဘာ့ဒုတိယအများဆုံး ရေနံထုတ်လုပ်သူနှင့် အဓိက OPEC+ အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ ရုရှားက ယခုအစည်းအ‌ေဝးမှာ လျှော့ထုတ်ဖို့ သဘောမတူခဲ့ပါဘူး။
မတ်လတွင် နှစ်ပေါင်းများစွာအတွင်း အမြင့်ဆုံး စံချိန်တင်ခဲ့ပြီး လွန်ခဲ့သည့် သုံးလအတွင်း ရေနံဈေး ကျဆင်းခဲ့ပါတယ်။ 

အတိုးနှုန်း တိုးခြင်း၊တရုတ်ပြည်မှာ COVID-19 လော့ဒေါင်းချခြင်း၊ ကမ္ဘာ့စီးပွားရေး ကြီးထွားနှုန်း နှေးနေခြင်း၊ ရေနံဝယ်လိုအား ယုတ်လျော့နေခြင်း တို့က ရေနံဈေးအ‌ပေါ်ဖိအားပေးနေပါတယ်။
Source Reuters
#MyanmarIndustriesGuide 
Telegram Channel https://t.me/Guid4U

Energy News Read 1216 times