ဆော်ဒီအာရေဗျရဲ့ ရိုးရှင်းတဲ့ ရေနံဈေးနှုန်းကစားကွက်


30 August, 2022

ဆော်ဒီအာရေဗျရဲ့ ရိုးရှင်းတဲ့ ရေနံဈေးနှုန်းကစားကွက်

  • ဆော်ဒီအာရေးဗီးယားရဲ့ ကစားကွက်က ရိုးရှင်းပါတယ်။ ဝင်ငွေ လျော့ကျမယ့်အရေး ရှိလာရင် ရေနံဈေးနှုန်း မြင့်တက်နေအောင် လုပ်ပေးလိုက်တယ်လို့ လေ့လာဆန်းစစ်သူများက ဆိုပါတယ်။
  • OPEC+ နိုင်ငံများက  ရေနံ ထုတ်လုပ်မှုကို လျှော့ချနိုင်ဖွယ် ရှိနေတယ်လို့   မကြာသေးမီက ဆော်ဒီအာရေးဗီးယားရဲ့ သတိပေးချက်ကြောင့် ရေနံစျေးနှုန်းများ မြင့်တက်လာခဲ့ပါတယ်။
  • ဆော်ဒီအာရေဗျအဖို့ ရေနံစိမ်း ဈေးကျနေရင် ဝင်ငွေ လျော့ကျမယ့်အရေး ရှိလာလို့ ရေနံစိမ်း ဈေးနှုန်းများ ပြန်မြင့်တက်အောင် လုပ်ဖို့ ရည်ရွယ်ချက် ထားရှိတယ်လို့ လေ့လာဆန်းစစ်သူများက ဆိုပါတယ်။

 

ဆော်ဒီအာရေဗျ  မင်းသား Abdulaziz bin Salman က OPEC+  ရေနံထုတ်လုပ်မှုကို လျှော့ချနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။

ရက်ပိုင်းအတွင်း အခြား OPEC အဖွဲ့ဝင်များက သူ့စကားကို သံယောင်လိုက်ပြီး ပြောဆိုကြပါတယ်။

OPEC+ နိုင်ငံများက အီရန်ရေနံစိမ်း ဈေးကွက်ထဲ ပြန်လည်တင်ပို့ခွင့် ရရှိရင် OPEC+ က ရေနံ ထုတ်လုပ်မှု လျှော့ချမယ်လို့ ပြောကြားပါတယ်။ 

Brent နိုင်ငံတကာ ရေနံစိမ်း စံဈေးနှုန်း တစ်စည် $100 အထက်ကို ပြန်ရောက်သွားပါတယ်။
$100 အောက်မှာ ရက်သတ္တပတ် အတန်ကြာ ရှိနေခဲ့ရာမှ $100 အထက်ကို ပြန်ရောက်သွားတာ ဖြစ်ပါတယ်။ စီးပွားရေး ကျဆင်းမှု၊ နျူးကလီးယား ပြဿနာကြောင့် ပိတ်ပင်ခံထားရတဲ့ အီရန်ရေနံစိမ်း ပြန်လည်ရောင်းချခွင့် ရမယ့် အလားအလာ ရှိနေခြင်းတို့ကြောင့် $100 အောက်မှာ ရောက်နေခဲ့တာ ဖြစ်ပါတယ်။ ကျွမ်းကျင်သူတွေ တွက်ချက်ခန့်မှန်းမှုအရ အီရန်ရေနံ တစ်ရက် စည် ၁ သန်း ဈေးကွက်ထဲ ဝင်လာမှာ ဖြစ်ပါတယ်။

ဆော်ဒီအာရေဗျရဲ့ ကစားကွက်က ရိုးရှင်းပါတယ်။ ရေနံစိမ်း ဈေးနှုန်းကို အမြင့်မှာ ရှိနေစေခြင်းဖြင့် ဆောဒီအာရေဗျ ဘုရင့်နိုင်ငံအဖို့ ဝင်ငွေ များနိုင်သမျှ များများရယူနိုင်မှာ ဖြစ်ပါတယ်လို့ လေ့လာဆန်းစစ်သူများက ပြောကြားပါတယ်။

"စျေးကွက်မသေချာမရေရာမှုတွေ ပိုများလေ ဈေးနှုန်းတွေ ပိုတက်လေပဲ။ အဲဒီဟာက ဆော်ဒီအာရေးဗီးယား ဖြစ်စေချင်တဲ့အတိုင်း အတိအကျပဲ" လို့ Morningstar မှ စွမ်းအင်လေ့လာဆန်းစစ်သူ Stephen Ellis က ပြောကြားပါတယ်။ 

ဆော်ဒီအာရေးဗီးယားက ရေနံဈေးနှုန်းများ ကျဆင်းစေမယ့် စီးပွားရေးကျဆင်းမှုနဲ့ ပတ်သက်ပြီး ပိုစိုးရိမ်ပုံပေါ်နေတာကြောင့် ဖြစ်နိုင်သမျှ ရေနံဈေးကြီးမြင့်မှုရဲ့ အကျိုးကျေးဇူးကို ရယူလိုပါတယ်”လို့ ၎င်းက ပြောကြားပါတယ်။


Brent ရေနံစိမ်း တစ်စည် $90 ဝန်းကျင် ရောက်ရှိနေတဲ့ ရက်ပိုင်းမှာ Saudi Arabia ရေနံစိမ်း ထုတ်လုပ်မှု လျှော့ချနိုင်ဖွယ် ရှိကြောင်း ပြောကြားလိုက်တဲ့အတွက် $100 အထက်ကို ပြန်ရောက်သွားပါတယ်။

 

ဆော်ဒီအာရေဗျ ရေနံစိမ်း အရင်းကြေမှတ်က အကြမ်းအားဖြင့် $85 ဖြစ်ပါတယ်။ ရေနံစိမ်းကို တစ်စည် $85 ဈေးနှုန်းဖြင့် တင်ပို့ရင် အရင်းကြေရုံပဲ ဖြစ်ပြီး အမြတ်မရနိုင်ပါဘူး။ အခန့်မသင့်ရင် အရှုံးပြနိုင်ပါတယ်။ 
Source businessinsider
#MyanmarLogisticsGuide 
Telegram Channel https://t.me/Guid4U

Energy News Read 5419 times