ပိုက်လိုင်း ယိုစိမ့်မှုကြောင့် PTTEPI က ဇောတိကဓာတ်ငွေ့ပေးပို့မှုကို ရပ်ဆိုင်းထား


02 August, 2022

ပိုက်လိုင်း ယိုစိမ့်မှုကြောင့် PTTEPI က ဇောတိကဓာတ်ငွေ့ပေးပို့မှုကို ရပ်ဆိုင်းထား

မြန်မာနိုင်ငံဇောတိကဓာတ်‌ေငွ့သုိက်မှ ဓာတ်ငွေ့ပေးပို့သည့် ပိုက်လိုင်းတွင် ဓာတ်ငွေ့ ယိုစိမ့်မှု ရှိကောင်းရှိနေနိုင်သဖြင့် ၎င်းပိုက်လိုင်းကို စစ်ဆေး ပြုပြင်ရန်အတွက် သဘာဝဓာတ်ငွေ့ ပေးပို့ခြင်းကို PTTEP International Limited (PTTEPI) က အနည်းဆုံး နှစ်ပတ်ကြာ ရပ်ဆိုင်းထားမည် ဖြစ်သည်။

ပိုက်လိုင်းတွင်  ဓာတ်ငွေ့ဖိအားကျဆင်းသွားသောကြောင့် ပိုက်သည် ယိုစိမ့်မှု ရှိနေနိုင်သည်ဟု ရန်ကုန်မြိုရှိ PTTEP ၏ လုပ်ငန်းခွဲ PTTEP International Limited (PTTEPI) က သံသယရှိကြောင်း PTTEP ၏ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။
သို့ဖြစ်ရာ ကုမ္ပဏီက  ဇောတိကမှ ထိုင်းနိုင်ငံသို့ ဓာတ်ငွေ့ပေးပို့မှုကို ယာယီ ရပ်ဆိုင်းလိုက်ကြောင်း သိရသည်။

ကနဦး စုံစမ်းစစ်ဆေးမှုတွင် ပေါက်ကွဲမှု သို့မဟုတ် မီးလောင်မှု ဖြစ်နိုင်ခြေ အနည်းငယ် သို့မဟုတ် မရှိကြောင်း PTTEP က ပြောကြားသည်။

လောလောဆယ်တွင် PTTEPI သည် ယိုစိမ့်ရသည့်အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေပြီး နှစ်ပတ်အတွင်း ပြန်လည်ပြုပြင်ရန် မျှော်လင့်ထားသည်။

မြန်မာနိုင်ငံရှိ ဇောတိက စီမံကိန်းသည် နေ့စဉ် ဓာတ်ငွေ့ ကုဗပေ သန်း ၃၀၀ အထိ ထုတ်လုပ်နိုင်ပြီး ၈၀ ရာခိုင်နှုန်းကို ထိုင်းနိုင်ငံသို့ ပေးပို့ကာ ကျန်သည်တို့ကို မြန်မာနိုင်ငံသို့ ပေးပို့ပါသည်။
#MyanmarIndustriesGuide
Telegram Channel  https://t.me/Guid4U
Source: THE NATION

Energy News Read 6780 times