Zara မိခင်လုပ်ငန်း Inditex  မြန်မာနိုင်ငံမှ အဝတ်အထည်များ ဝယ်ယူခြင်း ရပ်တန့်မည် 


28 July, 2023

Zara မိခင်လုပ်ငန်း Inditex  မြန်မာနိုင်ငံမှ အဝတ်အထည်များ ဝယ်ယူခြင်း ရပ်တန့်မည် 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 


Zara မိခင်လုပ်ငန်း Inditex သည် မြန်မာနိုင်ငံမှ ဝယ်ယူမှုများကို ရပ်တန့်ရန် လုပ်ဆောင်နေပြီဖြစ်ကြောင်း  ကြာသပတေးနေ့(ဇူလိုင် ၂၇)တွင် ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။

ကုမ္ပဏီများမှ မြန်မာနိုင်ငံမှ နုတ်ထွက်ရန်ကမ္ဘာလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂ IndustriALL ၏ စည်းရုံးလှုံ့ဆော်မှု ရလဒ်ဖြစ်သည်။

 "Inditex သည် IndustriALL ၏ တောင်းဆိုမှုကို လိုက်နာသည့်အနေဖြင့်  မြန်မာနိုင်ငံမှ  တာဝန်ယူ တာဝန်ခံသော ထွက်ခွာခြင်း လုပ်ငန်းစဉ် အဆင့်ဆင့်တွင် ရှိနေသည်"ဟု ကုမ္ပဏီ ပြောရေးဆိုခွင့်ရှိသူက ပေးပို့သည့် အီးမေးလ်တွင် ဖော်ပြထားသည်။
 သို့ဖြစ်ရာ မြန်မာနိုင်ငံတွင် ကုမ္ပဏီ  လုပ်ကိုင်နေသည့် အထည်ချုပ်လုပ်ငန်းများ အရေအတွက်ကို ဆက်လက် လျှော့ချသွားမည် ဖြစ်သည်။
Inditex သည် မြန်မာနိုင်ငံမှ ထွက်ခွာခြင်းအစီအစဉ်အတွက် အချိန်ဇယားကို ပြောကြားခြင်း မပြုပါ။
ကုမ္ပဏီအတွက် လုပ်ကိုင်သည့် အထည်ချုပ်လုပ်ငန်းစာရင်းကိုလည်း ထုတ်ပြန်ခြင်း မပြုပါ။
သို့ဖြစ်ရာ မြန်မာနိုင်ငံတွင် Inditex အတွက် အထည်ချုပ်စက်ရုံ မည်မျှရှိသည်ကို မသိနိုင်ပါ။ 
 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Investment/Divestment Read 387 times