တရုတ်ယွမ် ကမ္ဘာ့ကုန်သွယ်မှုတွင် ပဉ္စမအများဆုံး ငွေကြေး ဖြစ်လာ


28 October, 2022

တရုတ်ယွမ် ကမ္ဘာ့ကုန်သွယ်မှုတွင် ပဉ္စမအများဆုံး ငွေကြေး ဖြစ်လာ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

.

တရုတ်ယွမ်သည် ဩစတြေးလျ၊ ကနေဒါနှင့် ဆွစ်ဇာလန် နိုင်ငံသုံးငွေကြေးများကို ကျော်တက်သွားပြီး ကမ္ဘာပေါ်တွင် ပဉ္စမမြောက် ကုန်သွယ်မှုအများဆုံး ငွေကြေးဖြစ်လာကြောင်း Bank for International Settlements (BIS) ၏အဆိုအရ သိရသည်။
.
တရုတ်ငွေယွမ်သည် ၂၀၂၂ ခုနှစ်တွင် ကုန်သွယ်မှုအားလုံး၏ ၇% တွင် ပါဝင်ခဲ့သည်။ လွန်ခဲ့သည့် ၃  နှစ်က ၄% မျှသာ ပါဝင်ခဲ့သည်။ 
.
စစ်တမ်းကာလအတွင်း စုစုပေါင်းနေ့စဉ် ယွမ်ဖြင့် ကုန်သွယ်မှုတန်ဖိုးသည် ကန်ဒေါ်လာ ၇.၅ ထရီလီယံအထိ မြင့်တက်ခဲ့သည်ဟု Basel အခြေစိုက် BIS က ၎င်း၏ သုံးကြိမ်မြောက် ဗဟိုဘဏ်စစ်တမ်းအစီရင်ခံစာတွင် ဖော်ပြထားသည်။ BIS သည်  ဘဏ်များနှင့် ငွေကြေးရောင်းဝယ်သူများ ၁,၂၀၀  ကျော်တို့ထံမှ အချက်အလက်များကို စုဆောင်းခဲ့သည်။
.
 အမေရိကန် ဒေါ်လာသည် ကမ္ဘာ့ကုန်သွယ်မှုတွင်   အများဆုံး ငွေကြေးအဖြစ် ဆယ်စုနှစ်တစ်ခုကြာ ရပ်တည်ခဲ့သည်။ ကမ္ဘာ့ကုန်သွယ်မှုတွင် ငွေပေးချေမှုများ၏ ၈၈% တွင် အမေရိကန် ဒေါ်လာကို သုံးစွဲသည်။
ယူရို၊ ယန်းနှင့် ပေါင်တို့ကလည်း အမေရိကန်ဒေါ်လာ နောက်တွင် ထိပ်ဆုံးလေး‌နေရာမှာ အစဉ်အတိုင်း နေရာယူထားသည်။ 
.
တရုတ်နိုင်ငံသည် ၎င်း၏ဘဏ္ဍာရေးဈေးကွက်ဖွင့်ရန် ခြေလှမ်းများ လှမ်းနေသောကြောင့် ယွမ်ငွေသည် ပိုမိုအရေးပါသော ကမ္ဘာ့ငွေကြေးဖြစ်လာသည်။
နယ်စပ်ဖြတ်ကျော် ငွေပေးချေမှုများအပြင် ဗဟိုဘဏ်များတွင် အရန်နိုင်ငံခြားငွေအဖြစ်လည်း ထားရှိမှု ပိုများလာသည်။
.
ကမ္ဘာလုံးဆိုင်ရာ စုစုပေါင်း၏ ၁% အောက်သာရှိသော ရုရှားရူဘယ်ကို ယခုနှစ်တွင် ဖယ်ထုတ်ထားသည်။
ယူအေအီး ငွေကြေး ဒါဟမ် Dirham က ပထမဆုံးအကြိမ်အဖြစ် ပါဝင်သည်။
Source Bangkokpost 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Banking & Loan Read 311 times