တရုတ်ယွမ် ပြည်ပတွင် ဒေါ်လာနှင့် လဲနှုန်း စံချိန်တင် ကျဆင်းခဲ့


29 September, 2022

တရုတ်ယွမ် ပြည်ပတွင် ဒေါ်လာနှင့် လဲနှုန်း စံချိန်တင် ကျဆင်းခဲ့

ဗုဒ္ဓဟူးနေ့(စက်တင်ဘာလ ၂၈)တွင်  တရုတ်နိုင်ငံ၏ ယွမ်ငွေသည် ပြည်ပဈေးကွက်များတွင်  အမေရိကန် ဒေါ်လာနှင့် လဲနှုန်း စံချိန်တင် အနိမ့်ဆုံးသို့ ရောက်ရှိခဲ့သည်။

ကမ်းလွန်ယွမ် offshore yuan ဟုခေါ်ကြသော ယွမ်သည် တရုတ်နိုင်ငံပြည်ပတွင် ရောက်ရှိနေသောယွမ်များကို ဆိုလိုသည်။ အရောင်းအဝယ် ပြုကြရာတွင် ပြည်တွင်းဈေးကွက်တွင် ရောင်းဝယ်သည်ထက် ပိုလွတ်လပ်သည်။
ပြည်ပဈေးကွက်ထဲ ရောင်းဝယ်ကြသည့် ကမ်းလွန်ယွမ် ၏ ဒေါ်လာနှင့် လဲနှုန်းသည် ဗုဒ္ဓဟူးနေ့တွင် 7.2386 အထိ ကျဆင်းခဲ့ပါကြောင်း Bloomberg သတင်းတွင် ဖော်ပြထားသည်။ 
 
တရုတ်နိုင်ငံ ပြည်တွင်းမှာ ရောင်းဝယ်သည့် ယွမ်ကို “ကုန်းတွင်းယွမ် onshore yuan“ ဟု ခေါ်ဝေါ်ကြပြီး ဗဟိုဘဏ် ရည်ညွန်းဈေးထက် ၂% အတိုးအလျော့ (±2%) ဘောင်အတွင်းမှာသာ ရောင်းဝယ်ကြရသည်။ 
ကုန်တွင်းယွမ် ဒေါ်လာလဲနှုန်းသည်လည်း ၁၄ နှစ်တာအတွင်း အနိမ့်ဆုံးသို့ ရောက်ရှိခဲ့သည်။ ဗုဒ္ဓဟူးနေ့တွင် ကန်တစ်ဒေါ်လာ 7.2297 ယွမ်သို့ ကျဆင်းခဲ့ပါသည်။

 

တရုတ်ဗဟိုဘဏ် Bank of China က ဈေးကွက်ထဲ တိုက်ရိုက်စွက်ဖက်ခြင်း မဟုတ်သော နည်းလမ်းဖြင့် ယွမ်တန်ဖိုးကို ထိန်းသည်။ နိုင်ငံခြားသုံးငွေ အရန်ငွေ ထားရှိရမည့် အချိုးအစားကို မြှင့်တင်ပြီး ယွမ်ကို ထောက်ကန်ပေးသည်။ ယွမ်တန်ဖိုး ဆက်လက်ကျဆင်းနေသည်။

မကြာသေးမီလများအတွင်း Covid နှင့် ဆက်နွှယ်သော လော့ဒေါင်းချခြင်းများ၊ အပူ ပြင်းထန်သော ရာသီဥတုနှင့် အိမ်ခြံမြေဈေးကွက် ကျဆင်းမှုကြောင့် တရုတ်စီးပွားရေးကို ထိခိုက်‌နေပါသည်။
သို့ဖြစ်ရာ  “ဗဟိုဘဏ်အနေနဲ့ အနည်းဆုံးအနေဖြင့် အရင်ကထက်  ပိုပြီးအာရုံစိုက်ရပါလိမ့်မယ်" ဟု Tianfeng Securities မှ ဆန်းစစ်သူတို့က ရေးသားကြသည်။
Source Bloomberg 
#MyanmarIndustriesGuide 
To join Telegram Channel  https://t.me/Guid4U

Banking & Loan Read 594 times