သမ္မတ တတိယသက်တမ်းကြောင့် ယွမ်ဈေး ကျဆင်း


28 October, 2022

သမ္မတ တတိယသက်တမ်းကြောင့် ယွမ်ဈေး ကျဆင်း

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

သမ္မတရှီကျင့်ဖျင်အား တတိယအကြိမ်မြောက် နိုင်ငံကို ဦးဆောင်ခွင့် ပေးခဲ့သည့် တရုတ်ကွန်မြူနစ်ပါတီ ကွန်ဂရက်အပြီး တစ်ရက်အကြာတွင် တရုတ်ယွမ်၏ ကမ်းလွန်ငွေလဲနှုန်းသည်  တစ်အမေရိကန် ဒေါ်လာလျှင်  7.33 ယွမ်သို့ ကျဆင်းသွားသည်။  .
ရှီကို အစဉ်အလာ မရှိခဲ့သည့် သက်တမ်း ၃ ကြိမ်ပေးခြင်းအတွက် စိုးရိမ်မှုများအပြင် ပါတီ၏ ထိပ်ပိုင်းအဖွဲ့ကို အပြောင်းအလဲလုပ်ခြင်းသည် စီးပွားရေး ပွင့်လန်းဖို့ထက် နိုင်ငံရေးအာဏာကို ပိုအလေးထားသည့်ဟု ယူဆကြသဖြင့် စတော့ရှယ်ယာများ ရောင်းထုတ်ကြခြင်းကို ဖြစ်ပွားစေခဲ့ပြီး ရှယ်ယာများ ဈေးကျသဖြင့် တရုတ်၏ စူပါချမ်းသာကြွယ်ဝသူများ၏ အသားတင်တန်ဖိုးများ ဘီလီယံနှင့် ချီပြီး လျော့ကျကုန်သည်။
.
ဩဂုတ်လ အနှောင်းပိုင်းမှ ယခုအထိ ကာလအတွင်း ဒေါ်လာနှင့် ငွေလဲနှုန်းတွင် တရုတ်ယွမ်ငွေ ၇% ကျဆင်းခဲ့သည်။
.
US Federal Reserve မှ အတိုးနှုန်း တက်လာတိုင်း  အခြားကမ္ဘာ့ငွေကြေးများ ဒေါ်လာနှင့် ငွေလဲနှုန်းတွင် တန်ဖိုးကျသည့် နည်းတူ ယွမ်သည်လည်း တန်ဖိုးကျသည်။
.
အတိုးနှုန်း မြှင့်တင်ခြင်းသည် အမေရိကန်ပြည်ထောင်စု၏ မြင့်တက်လာသော ငွေကြေးဖောင်းပွမှုနှုန်းကို ထိန်းညှိရန် ရည်ရွယ်သော်လည်း တိုးမြှင့်လိုက်သည့် အကြိမ်တိုင်းသည် ဒေါ်လာတန်ဖိုးကို ပိုမိုအားကောင်းစေပါသည်။
ရလဒ်ဖြင့် နိုင်ငံသုံးငွေ အများအပြားတို့သည် ဒေါ်လာနှင့် ငွေလဲနှုန်းတွင် ကျဆင်းသည့် စံချိန်သစ်များ တင်ကြသည်။
 နိုဝင်ဘာလတွင် Federal Reserve မှ အတိုးနှုန်း နောက်ထပ် တိုးမြှင့်လိမ့်မည်ဟု ကျွမ်းကျင်သူများက ခန့်မှန်းသဖြင့် ယွမ်ငွေသည် အစိမ်းနှင့်ယှဉ်လျှင် ပိုမိုတန်ဖိုး ထပ်ကျလိမ့်ဦးမည်ဟု မျှော်လင့်ထားကြသည်။ တစ်ဒေါ်လာလျှင် ယွမ် 7.50 အထိ ဖြစ်လာမည်ဟု ခန့်မှန်းထားကြသည်။
Source news.bitcoin

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Banking & Loan Read 358 times