Yoma Strategic  အသားတင်အရှုံး ကန်ဒေါ်လာ ၄၁.၂ သန်း ရှိခဲ့


25 May, 2023

Yoma Strategic  အသားတင်အရှုံး ကန်ဒေါ်လာ ၄၁.၂ သန်း ရှိခဲ့

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

Yoma Strategic ၏ အသားတင်အရှုံးသည် မတ် ၃၁ တွင် ကုန်ဆုံးခဲ့သည့် ဒုတိယနှစ်ဝက်အတွက် ကန်ဒေါ်လာ ၃၂.၇  သန်းအထိ တိုးသွားသည်။ ယခင်နှစ်က အသားတင်အရှုံး ကန်ဒေါ်လာ ၁၄.၈ သန်း ရှိခဲ့ပါသည်။
.
 အရှုံးပေါ်စေသည့် အဓိက ရင်းနှီးမြှုပ်နှံမှုမှာ ရန်ကုန်မြို့လယ်ရှိ မီးရထား ရုံးချုပ်ဟောင်း မြေနေရာတွင် အကောင်အထည်ဖော်နေသော Yoma Central စီမံကိန်း ဖြစ်ပါသည်။ 

မြန်မာနိုင်ငံတွင် အဓိကအားဖြင့် လုပ်ကိုင်သည့်  Yoma Strategic သည် အိမ်ခြံမြေ၊ အစားအသောက်နှင့် အဖျော်ယမကာ၊ မော်တော်ကား၊ ငွေကြေးဝန်ဆောင်မှုနှင့် ရင်းနှီးမြှုပ်နှံမှုစသည့် နယ်ပယ်များတွင် စီးပွားရေးလုပ်ငန်းများ ရှိပါသည်။
.
အဓိကအားဖြင့် အိမ်ရောင်းချမှု၊ အစားအသောက်နှင့် အဖျော်ယမကာရောင်းချမှုနှင့် Wave Money ကို ဝယ်ယူမှု အပြီးသတ်ခြင်းတို့ကြောင့် ဝင်ငွေ တိုးခဲ့ပြီး ကန်ဒေါ်လာ ၈၂.၇ သန်း ရရှိခဲ့ပါသည်။
.
လုပ်ငန်းစု၏ ဘဏ္ဍာရေးဝန်ဆောင်မှုအပိုင်းအောက်တွင် ရှိသော Wave Money သည် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလတွင် လုပ်ငန်း၏ လက်အောက်ခံဖြစ်လာခဲ့သည်။ ၂၀၂၂ ဒီဇင်ဘာမှ ၂၀၂၃ မတ်လအထိ ဝင်ငွေ ကန်ဒေါ်လာ ၁၉.၇ သန်း ရရှိခဲ့သည်။
 .
မတ်လကုန်တွင် ကုန်ဆုံးသည့်တစ်နှစ်တာတွင် ဝင်ငွေ ကန်ဒေါ်လာ ၁၂၃.၆ သန်း ရရှိခဲ့ပြီး အသားတင်အရှုံး ကန်ဒေါ်လာ ၄၁.၂ သန်း ရှိခဲ့ပါသည်။
.
ရှယ်ယာများအတွက် အမြတ်ဝေစု ခွဲဝေပေးခြင်း မပြုပါ။ ယခင်နှစ်ကလည်း အမြတ်ဝေစု ခွဲဝေပေးခြင်း မရှိခဲ့ပါ။
.
မြန်မာနိုင်ငံရှိ စီးပွားရေးပတ်ဝန်းကျင်သည် လွန်ခဲ့သည့် သုံးလပတ်များအတွင်း တစ်စတစ်စ တိုးတက်မှုကို ကြုံတွေ့နေရသော်လည်း စည်းမျဉ်းစည်းကမ်းများ ပြောင်းလဲခြင်းများ၊ အမေရိကန်ဒေါ်လာ လိုသလောက် မရနိုင်ခြင်း၊ ငွေဖောင်းပွမှု ဖိအား၊ လျှပ်စစ်မီး ပြတ်တောက်မှု စသည်တို့ ဆက်လက်ဖြစ်ပေါ်နေပါသည်ဟု အစီရင်ခံစာတွင် တင်ပြထားပါသည်။
Source straitstimes 
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Investment/Divestment Read 505 times