Yoma Strategic ဒုတိယနှစ်ဝက် အသားတင်အမြတ် ရရှိ


30 November, 2021

စင်ကာပူ စတော့အိပ်ချိန်း စာရင်းဝင်  Yoma Strategic က ဘဏ္ဍာရေးနှစ်ရဲ့ စက်တင်ဘာလ ၃၀ ရက် ၂၀၂၁ ခုနှစ်မှာ ပြီးဆုံးတဲ့ ဒုတိယနှစ်ဝက် ဘဏ္ဍာရေးနှစ်အတွင်း အသားတင်အမြတ် အမေရိကန်ဒေါ်လာ ၂၁၆,၀၀၀ ရရှိခဲ့ကြောင်း အစီရင်ခံပါတယ်။ ပြီးခဲ့တဲ့နှစ်မှာ အမေရိကန်ဒေါ်လာ ၄၄.၆ သန်း အရှုံးပြခဲ့ရာမှ ယခုအခါ အသားတင်အမြတ် ရရှိတဲ့ အခြေအနေသို့ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ 
မြန်မာပြည်မှာ အခြေတည်ပြီး အိမ်ရာအဆောက်အအုံ ဖွံ့ဖြိုးရေး၊ စားသောက်ကုန်နှင့် အဖျော်ယမကာ၊ မော်တော်ယာဉ်၊ ငွေရေးကြေးရေး ဝန်ဆောင်မှုများ၊ ရင်းနှီးမြှုပ်နှံမှု အစရှိတဲ့ ကဏ္ဍအသီးသီးမှာ လုပ်ကိုင်လျက် ရှိပြီး ဝင်ငွေက ၂၀၂၁ ပထမနှစ်ဝက်မှာ ရရှိခဲ့တဲ့ အမေရိကန်ဒေါ်လာ ၅၁,၂ သန်းထက် ၁၈% လျော့ကျခဲ့ပြီး အမေရိကန်ဒေါ်လာ ၄၃.၄ သန်း ရရှိခဲ့ပါတယ်။ 

စက်တင်ဘာလ ၃၀ ရက် ၂၀၂၁ ခုနှစ်မှာ ပြီးဆုံးတဲ့ ဘဏ္ဍရေး တစ်နှစ်လုံး အနေဖြင့် အသားတင်အရှုံး အမေရိကန်ဒေါ်လာ ၁၉.၇ သန်း ရှိပါတယ်။ 

Wave Money မှာ အစုရှယ်ယာ ၅၁% ဝယ်ယူဖို့ သဘောတူထားတဲ့ Telenor နဲ့ ဆွေးနွေးနေဆဲဖြစ်ပြီး စားသောက်ဆိုင်ကဏ္ဍမှာ အခြေအနေပြန်ကောင်းလာတယ်လို့ ဆိုပါတယ်၊ 

 

businesstimes.com.sg

Investment/Divestment Read 425 times