Yoma တတိယ သုံးလပတ် ဝင်ငွေ ၂ ဒသမ ၁ ရာခိုင်နှုန်း တိုး


11 August, 2021

Yoma Strategic Holdings အနေဖြင့် တတိယသုံးလပတ်အတွင်းမှာ ကိုဗစ်လှိုင်းကို ပြင်းပြင်းထန်ထန် ခံစားရသော်လည်း ဝင်ငွေ  ၂ ဒသမ ၁ ရာခိုင်နှုန်း တိုးခဲ့ပါတယ်။ 

Yoma Strategic Holdings က ၂၀၂၁ ခုနှစ် ဇွန်လမှာ အဆုံးသတ်ထဲ့ တတိယသုံးလပတ်မှာ ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၉ ဒသမ ၆ သန်း ပိုများခဲ့တယ်။ အိမ်ခြံမြေကဏ္ဍ ရောင်းအားကြောင့် အားကောင်းခဲ့တယ်လို့ ဆိုပါတယ်။ 

Yoma Strategic Holdings က စင်ကာပူမှာ အခြေစိုက်ထားပြီး မြန်မာပြည်ကို အခြေပြုလုပ်ကိုင်လျက် ရှိတဲ့ ကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။ ကုမ္ပဏီအနေဖြင့် တတိယလှိုင်းဒဏ်ကို ပြင်းပြင်းထန်ထန် ခံစားခဲ့ရပြီး အထူးသဖြင့် စားစရာနဲ့ အဖျော်ယမကာ  food and beverage (F&B) ကဏ္ဍကို ထိခိုက်ခဲ့ပြီး မော်တော်ယာဉ်ကဏ္ဍကိုလည်း ထိခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ 
Yoma Strategic ရဲ့ အိမ်ခြံမြေ ဖွံ့ဖြိုးရေးလက်တံဖြစ်တဲ့ Yoma Land က ယမန်နှစ်ထက် ၃၀ ဒသမ ၉ ရာခိုင်နှုန်း တိုးခဲ့လို့ ယမန်နှစ်က အမေရိကန်ဒေါ်လာ ၆. သန်း ရှိခဲ့ပြီး ယခုနှစ်မှာ အမေရိကန်ဒေါ်လာ ၆ ဒသမ ၈ သန်း ရှိပါတယ်။ StarCity ဆောက်လုပ်ရေးလုပ်ကိုင်မှုများနဲ့ Pun Hlaing Estate မှာ မြေကွက်သစ် ရောင်းချမှုများမှ ရရှိခဲ့တာ ဖြစ်ပါတယ်။ 
F&B နဲ့ မော်တော််ယာဉ်ကဏ္ဍတွေမှာတော့ သုံးလပတ်အတွင်း ကျုံ့သွားခဲ့ပါတယ်။  Yoma Fleet ကြီးထွားဖို့ မျှော်လင့်ထားခဲ့ပေမဲ့ ဘဏ်တွေထံမှ ချေးငွေ ထပ်ရမှသာ ကြီးထွားနိုင်ပါလိမ့်မယ်။ 
Yoma Financial Services လည်း ကျဆင်းခဲ့တယ်။ ယမန်နှစ်က အမေရိကန်ဒေါ်လာ ၁ ဒသမ ၉ သန်း ရှိခဲ့ပြီး ယခုနှစ်မှာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၇ သန်း ရှိတာမို့ ရာခိုင်းနှုန်းအားဖြင့် ၁၀ ဒသမ ၅ ရာခိုင်နှုန်း လျော့ကျသွားတယ်။ 

 Source: .businesstimes.com.sg

Investment/Divestment Local News Read 795 times