နဂါးမောက်သီး တစ်နှစ်ပတ်လုံး သီးအောင် မီးထွန်း စိုက်ပျိုး ပြည်ပတင်ပို့


23 February, 2023

နဂါးမောက်သီး တစ်နှစ်ပတ်လုံး သီးအောင် မီးထွန်း စိုက်ပျိုး ပြည်ပတင်ပို့

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Nguyen Quoc Duan သည် ဗီယက်နမ် နဂါးမောက်သီး စိုက်ပျိုး တင်ပို့ရောင်းချသည့် ကုမ္ပဏီ Song Nam ITD Co., Ltd. မှ General Director တစ်ဦး ဖြစ်သည်။ အဆိုပါကုမ္ပဏီသည် ဟိုချီမင်းမြို့အခြေစိုက်ထားပါသည်။ စိုက်ခင်းများမှာ Binh Thuan ဒေသမှာ တည်ရှိပါသည်။
Binh Thuan ဒေသတွင် နဂါးမောက် အကြီးအကျယ် စိုက်ပျိုးကြပါသည်။ စိုက်ခင်းဧရိယာ စုစုပေါင်း ဟက်တာ ၅ သောင်းကျော် ရှိပါသည်။ 

 

Nguyen Quoc Duan ကို နဂါးမောက်စိုက်ခင်းတွင် တွေ့ရပုံ

 

Mr Duan က နဂါးမောက်စိုက်ပျိုးရေး လုပ်ငန်းကဏ္ဍအကြောင်း ပြောပြပါသည်။


"အရင်တုန်းက နဂါးမောက်သီးတွေကို တစ်နှစ် တစ်ကြိမ်သာ ဆွတ်ခူးပါတယ်။ နွေရာသီမှ အသီး ပေါ်ပါတယ်။ အခုအခါ နဂါးမောက်ကို ညဘက်မှာ မီးထွန်းပေးထားကြပါတယ်။ အဲဒါကြောင့် နဂါးမောက် တစ်နှစ်ပတ်လုံး သီးပါတယ်။ စဉ်ဆက်မပြတ် ဈေးကွက်ထဲ ပေးပို့နိုင်စေတာကြောင့် ဈေးကွက်ဝေစု တိုးချဲ့ဖို့ လွယ်ကူသွားစေပါတယ်။ ပြည်ပတင်ပို့ဖို့ အတွက်လည်း ရာသီမရွေး တင်ပို့ပေးနိုင်စေပါတယ်"

 

Mr Duan သည် နဂါးမောက် စိုက်ခင်း စိုက်ပျိုးသည့် မိသားစုမှာ မွေးဖွားကြီးပြင်းခဲ့သူ ဖြစ်သဖြင့် ငယ်စဉ်ကတည်းက နဂါးမောက်ကို အကျွမ်းတဝင် သိခဲ့သည်။ အပင်စိုက်ပျိုးသည်မှအစ ဆွတ်ခူးခြင်း၊ ထုပ်ပိုးခြင်း၊ ပြည်တွင်းပြည်ပဈေးကွက်များသို့ တင်ပို့သည်အထိ အစစအရာရာ အကုန်သိထားသူ ဖြစ်သည်။

 


 
 Song Nam ITD ကုမ္ပဏီသည် ဗီယက်နမ်နဂါးမောက်သီးအတွက် နိုင်ငံတကာဈေးကွက်ကို ဈေးဦးဖောက်ပေးသည့် ပထမဆုံးသော ကုမ္ပဏီများထဲမှ တစ်ခုဖြစ်သည်။
"အမေရိကန်၊ ဒူဘိုင်း၊ ဩစတြေးလျနဲ့ အိန္ဒိယတို့လို နိုင်ငံတွေကို နဂါးမောက်သီးတင်ပို့မှုကနေ စတင်ခဲ့တာပါ။ လက်ရှိတွင်  အမေရိကန်နှင့် အိန္ဒိယ တို့က ကျွန်တော်တို့ရဲ့ အဓိကပို့ကုန်ဈေးကွက်များ ဖြစ်ပါတယ်။
"အစပိုင်းမှာ အိန္ဒိယကို ရာသီချိန်မှာ ကွန်တိန်နာ အနည်းအကျဉ်း တင်ပို့ခဲ့ပါတယ်။ အချိန်ကြာလာတာနှင့်အမျှ ကျွန်တော်တို့ အိန္ဒိယဈေးကွက်ကို ဆက်တိုက်ဖွံ့ဖြိုး တိုးမြှင့်လာခဲ့ပြီး ယခုအခါ အိန္ဒိယက ဗီယက်နမ် နဂါးမောက်သီး အများဆုံး တင်သွင်းသူ ဖြစ်လာပါတယ်။
"တရုတ်နိုင်ငံကလည်း ဗီယက်နမ် နဂါးမောက်သီးအတွက် အဓိကစျေးကွက် ဖြစ်ပါတယ်။ ကိုဗစ် မတိုင်ခင်ကဆိုရင် တစ်ရက်ကို ဗီယက်နမ်ကနေ နဂါးမောက်သီးတေ‌ွ ကွန်တိန်နာ အလုံးရေ တစ်ရာကျော် တရုတ်ပြည်ကို တင်ပို့ခဲ့ပါတယ်။
"အိန္ဒိယနှင့် တရုတ်နိုင်ငံတို့မှာလည်း ပြည်တွင်း နဂါးမောက်သီး စိုက်ပျိုးကြပါတယ်။ ဒါပေမဲ့ ဖန်လုံအိမ်ထဲ စိုက်ပျိူကြရလို့ စိုက်ပျိုးစရိတ် ကြီးမားပါတယ်" 
"ကျွန်တော်တို့ ကုမ္ပဏီမှာ ကုမ္ပဏီပိုင် စိုက်ခင်းတွေ ရှိပါတယ်။ ကိုယ့်စိုက်ခင်းက ထွက်တဲ့အသီးတွေ ပြည်ပတင်ပို့ပါတယ်။ အခြားသူတွေဆီမှလည်း လိုအပ်ရင် ဝယ်ပြီး တင်ပို့ပါတယ်။ တခြား အသီးတွေလည်း ဝယ်ယူပြီး တင်ပို့ပါတယ်။
"ကျွန်တော်တို့ရဲ့ ဖောက်သည်တွေက တခြားသစ်သီးဝလံ ဗီယက်နမ်မှ ရနိုင်မလား မေးကြတယ်။ ပင်မှည့်သီး ရမလား မေးတယ်။ ဒီတော့ ကျွန်တော်တို့ ဝယ်ပြီး ပို့ပေးတယ်။
"အမေရိကန်ကို ပို့မယ့်အသီးတွေ အရင်ဓာတ်ကင်ပြီးမှ ပို့ရပါတယ်။ ဉရောပကတော့ မလိုဘူး။ ဒါပေမယ့် စမ်းသပ်စစ်ဆေးမှုတွေ ခံယူပြီးမှ ဥရောပကို ပေးပို့ပါတယ်။
"ကျွန်တော့်အမြင်အရတော့ ဗီယက်နမ်က အသီးအနှံတွေက ဥရောပဈေးကွက်မှာ အခွင့်အလမ်းရှိတယ်။ ဖေဖေါ်ဝါရီလက  ဥရောပမှ လက်ကားဈေးတွေကို သွား‌ေလ့လာခဲ့ပါတယ်။ဗီယက်နမ်က အပူပိုင်းဒေသ အသီးအနှံလေးတွေ အတော်နည်းနေတာ တွေ့ရတယ်”
Source freshplaza

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Agriculture & Livestock Export, Import Read 576 times