Yangon Investment Fourm 2018 (YIF 2018)


25 April, 2018

Yangon Investment Forum 2018 (YIF 2018) ကို ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီက ကြီးမှူးကျင်းပပြီး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီဌာန၊ ကုန်သည်/စက်မှုအသင်းချုပ်၊ German Cooperation Implemented through GIZ နှင့် Myanmar Investors Development Association (MIDA)တို့၏ ပူးပေါင်းပံ့ပိုးမှုဖြင့် ကျင်းပပြုလုပ်မည်။

ကျင်းပမည့်ရက် ၂၀၁၈ခုနှစ် မေလ ၉ ရက်

ကျင်းပမည့်နေရာ Novotel Yangon Max Hotel

Forum တွင်

● ရန်ကုန်တိုင်း ဒေသကြီး၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အချက်အလက်များ၊ အခွင့်အလမ်းများ၊

● အကောင်အထည်ဖော်ဆောင်ရွက်မည့် စီမံကိန်းများ၊

● ရန်ကုန်တိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရှင်းလင်းလွယ်ကူမြန်ဆန် ထိရောက်သော လုပ်ထုံးလုပ်နည်းများဖြင့် ဆောင်ရွက်ပေးမှုများ၊

● ရန်ကုန်တိုင်းဒေသကြီးအတွင်း စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်မှုနှင့် စီးပွားရေးပတ်ဝန်းကျင်ကောင်းများ၊

● လက်ရှိဆောင်ရွက်လျက်ရှိသည့် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၊

● သီလဝါ အထူးစီးပွားရေးဇုန်၏ ရင်းနှီးမြှုပ်နှံှံမှုများ၊

ကို ဆွေးနွေးမည်ဖြစ်သည်။

ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရနှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများနှင့်အတူ မေးခွန်းများကို တိုက်ရိုက်မေးမြန်း ရှင်းလင်းပြောကြား နိုင်မည့် အခွင့်အလမ်းများကို ရရှိနိုင်မြည်ဖစ်သည်။

● နံနက်ပိုင်းတွင် New Investment Application Procedure ကို ဦးတည်ဆွေးနွေးကြမည်။

● မွန်းလွဲပိုင်းတွင် Investment Opportunities in the Yangon Region ကို ဆွေးနွေးမည်။

● Investment Application Guide Book ၊ Doing Business in Yangon နှင့် Taxation Guide Book တို့ အပါအဝင် တက်ရောက်လာမည့် ရင်းနှီးမြှုပ်နှံှံသူ လုပ်ငန်းရှင်များအတွက် လိုအပ်သော သတင်းအချက်အလက်များနှင့် လုပ်ထုံး လုပ်နည်းဆိုင်ရာများကို တစုတစည်းတည်း စုံလင်စွာ ခင်းကျင်းပြသမည်။

Forum ကို တက်ရောက်လိုသူများအနေဖြင့်

www.yangoninvestmentforum.com

တွင် ဝင်ရောက်၍ registration ပြုလုပ်နိုင်ပါကြောင်းအသိပေးအပ်ပါသည်။

Events & Exhibition Read 560 times