ထိုင်းနိုင်ငံမှ လူသုံးကုန်ပစ္စည်းများကို ပြသရောင်းချမယ့် မြန်မာ - ထိုင်း ကုန်စည်ပြပွဲ ကျင်းပမည်


အ့
17 May, 2019

နိုင်ငံတကာမှ ကုန်ပစ္စည်းများအပြင် ထိုင်းနိုင်ငံမှ လူသုံးကုန်ပစ္စည်းများကို ပင်ရင်းကုမ္ပဏီကြီးများ၊ စက်ရုံကြီးများမှ အထူးဈေးနှုန်းများဖြင့် တိုက်ရိုက်ပြသရောင်းချသွားမယ့် မြန်မာ - ထိုင်း ကုန်စည်ပြပွဲကြီးကို မေ ၁၆ ရက်နေ့ကနေ မေ ၁၉ ရက်နေ့၊ နံနက် ၉ နာရီကနေ ညနေ ၆ နာရီအထိ တပ်မတော်ခန်းမမှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ရန်ကုန်မြို့မှာ တစ်နှစ် ၂ ကြိမ် ပုံမှန်ကျင်းပတဲ့ ထိုင်း - မြန်မာ ကုန်စည်ပြပွဲကြီးဟာ B2B နဲ့ B2C ပွဲကြီးဖြစ်တဲ့အတွက် ပွဲလာရောက်သူအပေါင်း ၅ သောင်းကျော်ရှိရုံသာမက ထိုင်းကုမ္ပဏီများနဲ့ နိုင်ငံခြားကုန်တင်သွင်းတဲ့ မြန်မာ့ကုမ္ပဏီများ စသဖြင့် ကုမ္ပဏီစုစုပေါင်း ၅၀၀ ကျော် ပါဝင်ပါတယ်။

ပွဲအတွင်းမှာလည်း အစီအစဉ်တွေများစွာပါရှိပါတယ်။ ထိုင်းထုတ်ကုန်များကို မြန်မာနိုင်ငံသို့ တင်သွင်းဖြန့်ချီတဲ့ ထိပ်တန်းလုပ်ငန်းရှင်ကြီးများ၊ ကုန်တိုက်လုပ်ငန်းရှင်ကြီးများနဲ့ စီးပွားရေးဆွေးနွေးပွဲတွေ၊ ဝယ်ယူအားပေးသူတို့ရဲ့ စိတ်ဝင်စားမှုအခြေအနေနဲ့ ဝယ်ယူအားပေးပုံတို့ကို အကဲဖြတ်လေ့လာနိုင်ခြင်းနဲ့ မိမိကုန်ပစ္စည်းကို ဈေးကွက်နည်းလမ်းတကျ စမ်းသပ်ရောင်းချခြင်း စတဲ့ ဈေးကွက်စုံစမ်းတဲ့ အစီအစဉ်တွေ ပါဝင်ပါတယ်။

ပြီးတော့ ထိုင်းနိုင်ငံကုန်ပစ္စည်းတွေကို ကိုယ်စားလှယ်ရယူလိုတဲ့ လုပ်ငန်းရှင်တွေအတွက်လည်း အထူးအစီအစဉ်တွေရှိပါတယ်။ ဒါ့အပြင် ပြပွဲလာပြည်သူများအတွက် ဖျော်ဖြေရေးအစီအစဉ်အနေနဲ့ နာမည်ကျော်တေးသံရှင်များနဲ့အတူ Models & Dancers အဖွဲ့များမှ နေ့စဉ်အခမဲ့ ဖျော်ဖြေတင်ဆက်သွားမှာ ဖြစ်ပါတယ်။

အဆိုပါပွဲမှာ ထိုင်းနိုင်ငံရဲ့ အဓိကနာမည်ကြီး သစ်သီးဝလံတွေဖြစ်တဲ့ ဒူးရင်းသီး၊ ကြက်မောက်သီးနဲ့ မင်းကွတ်သီးတွေကိုလည်း ပြပွဲလာရောက်ကြည့်ရှု့တဲ့သူတွေအတွက် ကျွေးမွေးသွားမယ့်အစီအစဉ်တွေလည်း ပါဝင်ပါတယ်။

ဒီအစီအစဉ်တွေအပြင် ပြပွဲအကြောင်း facebook မှာ Like & Share အများဆုံးပြုလုပ်သူများကို ငွေကျပ်တစ်သိန်းကျော်တန် အရုပ်ကြီးများနဲ့ လက်ဆောင်များလည်း အခမဲ့ပေးအပ်သွားမှာ ဖြစ်ပါတယ်။

 AEC Trade Center Co.,Ltd 

Events & Exhibition Read 733 times